Skip to main content

မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (၇၈) မြောက် နှစ်ပတ်လည်နေ့အကြို ဘတ်စကက်ဘော ပြိုင်ပွဲကျင်းပ

နေပြည်တော် အောက်တိုဘာ ၇

ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (၇၈) နှစ်မြောက် နှစ်ပတ်လည်နေ့အကြို ဘတ်စကက်ဘောပြိုင်ပွဲကို ယနေ့ ညနေ ၄ နာရီက နေပြည်တော် (တပ်ကုန်း) ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဘတ်စကက်ဘော အားကစားကွင်း၌ ကျင်းပသည်။

ရှေးဦးစွာ အမျိုးသမီးပြိုင်ပွဲ ဗိုလ်လုပွဲကို အသံလွှင့်ဌာနအသင်းနှင့် တိုင်းရင်းသားလူမျိုးများ ရုပ်သံအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ အသံလွှင့်ဌာနအသင်းက ၁၆ မှတ် ၁၂ မှတ်ဖြင့် လည်းကောင်း၊ အမျိုးသားအသင်းပြိုင်ပွဲ ဗိုလ်လုပွဲကိုစီမံခန့်ခွဲရေးဌာန အသင်းနှင့် အသံလွှင့်ဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ အသံလွှင့်ဌာနအသင်းက ၂၇ မှတ် ၂၅ မှတ်ဖြင့်လည်းကောင်းအသီးသီး အနိုင်ရရှိကြသည်။

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းသူနှင့် ညွှန်ကြားရေးမှူးများက ဂုဏ်ပြုဆုဖလားနှင့် ဆုငွေများအသီးသီး ပေးအပ်ချီးမြှင့်သည်။ ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်ကနည်းပြနှင့် ဒိုင်အဖွဲ့ကိုလည်း အမှတ်တရလက်ဆောင်များ ပေးအပ်သည်။

ယခုကျင်းပသည့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (၇၈) နှစ်မြောက် နှစ်ပတ်လည်နေ့အကြို ဘတ်စကက်ဘော အားကစားပြိုင်ပွဲကို ဝန်ထမ်းများကျန်းမာကြံ့ခိုင်စေရန်၊ ပျော်ရွှင်မှုနှင့် စည်းလုံးညီညွတ်မှုရရှိစေရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်ပြီးပြိုင်ပွဲတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားရှိ ဌာနခွဲအသီးသီးမှ အမျိုးသားအသင်း ငါးသင်းနှင့် အမျိုးသမီး အသင်းခြောက်သင်းတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ပွဲစဉ်တိုင်းတွင် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများက ပျော်ရွှင်စွာကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်