Skip to main content

PDF ဂိမ်း‌ထောင်ချောက်တွင် ကိုယ့်ကိုယ်ကိုယ် မနှစ်မိပါ‌စေနှင့် …

ယခုအခါ လူငယ်အချို့တွင် PDF ဂိမ်းကစားခြင်း ခေတ်စားနေသည်။ PDF game ဟူသည် အကြမ်းဖက်အားပေး ဂိမ်းတစ်ခုဖြစ်သည်။ PDF လူငယ်များက IT အကူအညီရယူ၍ online ကြော်ငြာခြင်း၊ online ဂိမ်းကစားခြင်းသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများအတွက် အလှူငွေရှာခြင်း နည်းအမျိုးမျိုးအနက် တစ်ခုပင်ဖြစ်သည်။ PDF ဂိမ်းအသစ်တစ်ခုပြီး တစ်ခုထွက်၍ လူများများဆော့နိုင်ရန် အချင်းချင်းမျှဝေကြသည်။ အင်တာနက်ကဲ့သို့ဖြစ်ပြီး ပေးထားသည့် Link ကိုဖွင့်၍ VPN ခံကာ ဒေါင်းလုပ်ဆွဲဆော့ကြရသည့် လက်ကိုင်ဖုန်းဂိမ်း အမျိုးအစား တစ်ခုပင်ဖြစ်ပါသည်။

မြန်မာ-တရုတ် ချစ်ကြည်ရင်းနှီးမှု (၇၆) နှစ်ကာလမှသည် နှစ်ပေါင်းထောင်ချီ

မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပြီး ပြည်သူများမှ ရွေးချယ်တင်မြှောက်ခဲ့သည့် ပြည်သူ့ကိုယ်စားလှယ်များက ရွေးချယ်တင်မြှောက်ပေါ်ထွက်လာခဲ့သော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အစိုးရလက်ထက်တွင် တရုတ်နိုင်ငံသို့ သွားရောက်သည့် နိုင်ငံတော်အဆင့် အဆင့်မြင့်ခရီးစဉ်တွင် နှစ်နိုင်ငံသမ္မတ နှစ်ဦးတွေ့ဆုံမှုမှတစ်ဆင့် နှစ်နိုင်ငံအကြား စီမံကိန်းလုပ်ငန်းများကို စတင်အကောင်အထည်ဖော်ဆောင်နိုင်မည့်အပြင် စီမံကိန်းအသစ်များကိုလည်း ဆက်လက်အကောင်အထည်ဖော်နိုင်တော့မည်ဖြစ်သည်။ ဒီမိုကရေစီနည်းလမ်းတကျ ပေါ်ပေါက်လာသည့် နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အစိုးရသည် နိုင်ငံတော်ကို အဘက်ဘက်က ဖွံ့ဖြိုးတိုးတက်လာအောင် ပိတ်ဆို့ဟန့်တားမှုအမျိုးမျိုးကြားက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

အိုဘယ့်မိခင် ဧရာဝတီ (၆)

မြစ်ကြောင်းထိန်းသိမ်းရေးအကြောင်း ပြောမည်ဆိုလျှင် ဥရောပ၏မြစ်များဖြစ်သည့် ရိုင်းမြစ် (Rhine River) နှင့် ဒနူးဘ်မြစ် (Danube) တို့၏ မြစ်ကြောင်း ထိန်းသိမ်းရေးလုပ်ငန်းစဉ်များသည် မိမိတို့နိုင်ငံအတွက် စံနမူနာယူဖွယ်ရာများဖြစ်သည်။

အေးအတူ ပူအမျှ အသိုက်အဝန်း၏ တောက်ပသည့်အနာဂတ်သို့ ဦးတည်

မဝေးသေးသည့် အတိတ်ဟုဆိုရမည်။ ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ကျင်းပခဲ့သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုထိပ်သီးအစည်းအဝေး ( Shanghai Cooperation Organisation- SCO SUMMIT 2025 Plus) နှင့် တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲအောင်နိုင်ခြင်း နှစ် (၈၀) ပြည့်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားတို့က ကမ္ဘာ့သတင်းမီဒီယာများထက်မှာ အထင်ကရဖြစ်ခဲ့သည်။ နိုင်ငံတကာဆက်ဆံရေး နောက်ခံကားအနေဖြင့် ဧကဝင်ရိုးကမ္ဘာမှ ဗဟုဝင်ရိုးကမ္ဘာသို့ ပြောင်းလဲလာသည့် ကမ္ဘာ့အခင်းအကျင်းအသစ်တွင် အဆိုပါထိပ်သီးအစည်းအဝေးနှင့် စစ်ရေးပြအခမ်းအနားတို့က ထူးခြားလေးနက်သည့် အနက်အဓိပ္ပာယ်ဆောင်နေသည်ကို နိုင်ငံတကာကလည်း သိရှိနားလည်ခဲ့ကြသည်။ 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်က ဂုဏ်ပြုကြိုဆို၊ နှစ်နိုင်ငံအကျိုးကို ရည်သန်၍ တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်

Submitted by moiuser2 on 16 June 2026

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်း ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ စာဆိုဗိမာန်၌ ကျင်းပသည့် ဝဇီရာရုပ်ရှင်ရုံ သို့မဟုတ် ခေတ်များကို ဖြတ်သန်းခဲ့သော အနုပညာအမွေအနှစ် စာတမ်းဖတ်ပွဲသို့ တက်ရောက်၊ ဂုဏ်ပြုဆုငွေများ ပေးအပ်

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်း ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ စာဆိုဗိမာန်၌ ကျင်းပသည့် ဝဇီရာရုပ်ရှင်ရုံ သို့မဟုတ် ခေတ်များကို ဖြတ်သန်းခဲ့သော အနုပညာအမွေအနှစ် စာတမ်းဖတ်ပွဲသို့ တက်ရောက်၊ ဂုဏ်ပြုဆုငွေများ ပေးအပ်
Subscribe to