Jan 15, 2024
ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲကို ဇန်နဝါရီ ၉ ရက်မှ ၁၈ ရက်အထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ အားကစားရုံတို့၌ ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းမှစတင်ပြီး ဆဋ္ဌမနေ့ပွဲစဉ်များအဖြစ် သက်ဆိုင်ရာအားကစားနည်းများအလိုက် ယှဉ်ပြိုင်ကစားကြသည်။
Jan 15, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ ကျောင်းသား၊ ကျောင်းသူများအားလုံး အလယ်တန်းဆင့် (Grade 9) ပြီးမြောက်အောင်မြင်ပါက စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးပညာရပ်များကို သင်ယူလေ့ကျင့်ခွင့်ရရှိနိုင်ရေးအတွက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ခရိုင်(၅၀) ခရိုင်ရှိ အခြေခံပညာအထက်တန်းကျောင်း (၅၁) ကျောင်းတွင် ဖွင့်လှစ်ပေးခဲ့ပြီး ဖြစ်ပါသည်။ ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်တွင် ခရိုင် (၃၄) ခရိုင်၌ စက်မှု၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးအတတ်ပညာများ တွဲဖက်သင်ကြားပေးမည့် အခြေခံပညာအထက်တန်းကျောင်း (၃၄) ကျောင်း ထပ်မံဖွင့်လှစ်သွားမည် ဖြစ်ပါသည်။
Jan 15, 2024
(၁) ပြည်ထောင်စုကြီးထာဝစဉ်တည်တံ့ခိုင်မြဲရေးအတွက် တိုင်းရင်းသားပြည်သူအားလုံးက ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ကာကွယ်စောင့်ရှောက်ရေး။
Jan 15, 2024
အမုန်းစကားကို ဆန့်ကျင်ကြ၊ တားဆီးကြရမည်
Jan 15, 2024
အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်နေသည့် PDF အဖွဲ့များအား တစ်ဖက်တစ်လမ်းမှ ထောက်ပံ့ လှူဒါန်းစေရန်၊ လူငယ်လူရွယ်များ၏ မသိစိတ်များအတွင်း တပ်မတော်အပေါ် အထင်အမြင်လွဲမှားစေရန်နှင့် တော်လှန်လိုစိတ်တိုးပွားလာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် NUG,CRPH လက်အောက်ခံ အကြမ်းဖက်အဖွဲ့အစည်းများက PDF Game Application များ တီထွင်ဖန်တီးအသုံးပြုလျက်ရှိကြောင်း စိစစ်တွေ့ရှိရသည့်အတွက် PDF Game ဆော့ကစားခြင်းသည် အကြမ်းဖက်အဖွဲ့အား ထောက်ပံ့ခြင်းဖြစ်၍ ဥပဒေအရ အရေးယူခံရနိုင်ကြောင်း အသိပေးအပ်ပါသည်။
Jan 15, 2024
အကြမ်းဖက်မှုပပျောက်ရေးအတွက် ပြည်သူသို့ အသိပေးနှိုးဆော်ချက်
Jan 15, 2024
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၅၂၅၀ ဖြစ်ကြောင်း ထုတ်ပြန် ကြေညာ
Jan 15, 2024
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Jan 15, 2024
အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် အလွတ်တန်းဆောင်းပါးပြိုင်ပွဲ ဖိတ်ခေါ်ခြင်း
Jan 15, 2024
ရှမ်းပြည်နယ် သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ်ဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့်သည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်ရှိ သမဝါယမဦးစီးဌာန ဝန်ထမ်းများနှင့် မြို့နယ်သမဝါယမအသင်းစုအမှုဆောင်များအား ကွင်းဆင်းတွေ့ဆုံခြင်းကို ဇန်နဝါရီ ၁၃ ရက်က ဆီဆိုင်မြို့နယ်သမဝါယမဦးစီးဌာနရုံးခန်းမ၌ ပြုလုပ်ပြီး သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး/လုပ်နည်း၊ ညွှန်ကြားချက်များ လိုက်နာဆောင်ရွက်ရန်နှင့် မိုးစပါး၊ နွေစပါးများ စိုက်ပျိုးမှုများကို လျာထားချက်ပြည့်မီအောင် ဆောင်ရွက်နိုင်ရေး မှာကြားသည်။
Jan 15, 2024
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်နှင့် မိတ္ထီလာမြို့နယ်အတွင်းရှိ ဘုရားစေတီများမှ ဘဏ္ဍာတော်ထိန်းဂေါပကဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များပါဝင်သည့် ဘုရားဖူးအဖွဲ့များသည် ယနေ့နံနက်ပိုင်းတွင် လာရောက်ဖူးမြော်ကြည်ညိုကြသည်။ ထိုသို့ လာရောက်ဖူးမြော်ကြည်ညိုကြသူများ၏ စကားသံများကို ဖော်ပြလိုက်ပါသည်။
Jan 15, 2024
မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် ဥပုသ်တော်ရပ်ကွက်နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များနှင့် ဒေသခံပြည်သူများအား ဇန်နဝါရီ ၁၃ ရက်က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေခံဆေးကုသရေးအဖွဲ့က အဆိုပါရပ်ကွက်ရှိ မြနန္ဒာကျောင်းတိုက်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
Jan 15, 2024
ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲကို ဇန်နဝါရီ ၉ ရက်မှ ၁၈ ရက်အထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ အားကစားရုံတို့တွင် ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းမှစတင်ပြီး ဆဋ္ဌမနေ့ပွဲစဉ်များအဖြစ် သက်ဆိုင်ရာအားကစားနည်းများအလိုက် ယှဉ်ပြိုင်ကစားကြသည်။
Jan 15, 2024
နိုင်ငံတော်အနေဖြင့် နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန်အတွက် ပြည်တွင်းရှိ စိုက်ပျိုးမွေးမြူရေးထွက်ကုန်များကို အခြေခံသည့် ဒေသတစ်ခုထုတ်ကုန်တစ်ခု (One Region ၊ One Product) အစီအစဉ်ကို အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိရာ မကွေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ လုပ်ငန်းမှတ်ပုံတင်ခွင့်ပြုချက်ရယူ၍ ဆောင်ရွက်လုပ်ကိုင်နေသော ပွင့်ဖြူမြို့နယ် ရှောက်တောကျေးရွာရှိ ငြိမ့်အမှတ်တံဆိပ် ပဲကြော်လုပ်ငန်းသည်လည်း တစ်ခုအပါအဝင် ဖြစ်သည်။
Jan 15, 2024
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းတို့သည် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ ညနေပိုင်းတွင် ရှမ်းပြည်နယ် တောင်ကြီးမြို့နယ် အေးသာယာမြို့တွင် တည်ဆောက်လျက်ရှိသည့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန “ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ” တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Jan 15, 2024
ယနေ့ဇန်နဝါရီလ ၁၅ ရက်နေ့သည် ကယားပြည်နယ်အတွင်းရှိ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများနှင့် ကယားတိုင်းရင်းသားများအတွက် မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော ကယားပြည်နယ်နေ့ ဖြစ်ပါသည်။
Jan 15, 2024
လောကတွင် တန်ဖိုးမရှိသောအရာတို့ကို အလေးမထားပစ်ပယ်လေ့ရှိရာမှ ထိုတန်ဖိုးမရှိသောအရာကို အလေးထားအသုံးချသောအခါ တန်ဖိုးရှိသောအရာဖြစ်လာသည်ကို လက်တွေ့သိရှိလာကြပေသည်။ ကမ္ဘာပေါ်၌ တန်ဖိုးမရှိဆုံးအရာမှာ အမှိုက်ဟုဆိုကြပြီး လူတို့မလိုအပ်သော စွန့်ပစ်အမှိုက်သရိုက်ပစ္စည်း အားလုံးပါဝင်သည်။ အထူးသဖြင့် မီးဖိုချောင်သုံးအမှိုက်သရိုက်ပစ္စည်းများကို လူတို့နေ့စဉ်စွန့်ပစ်ကြပြီး နေ့စဉ်ထွက်ရှိသော အမှိုက်များဖြင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုကိုဖြစ်ပေါ်လျက်ရှိသည်။
Jan 15, 2024
လူမှုကွန်ရက်စာမျက်နှာများအပါအဝင် မြန်မာ့ယဉ်ကျေးမှုကို ဆန့်ကျင်သော၊ ညစ်ညမ်းသောအပြောအဆို၊ အပြုအမူများ ပါဝင်သည့် ရိုက်ကူးထုတ်လွှင့်ဖော်ပြမှုများနှင့် ပတ်သက်၍ ထုတ်လုပ်သူ၊ စီစဉ်ရိုက်ကူးသူ၊ သရုပ်ဆောင်သူများအား တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတိပေးကြေညာထားပြီဖြစ်သည်။ ထို့အပြင် သက်ဆိုင်ရာအလိုက် ဖွဲ့စည်းထားသော အစည်းအရုံးများကလည်း လိုအပ်သလို ထိန်းကျောင်းတည့်မတ်ပေးနိုင်ရန် အသိပေးထားသည်။
Jan 14, 2024
အကြမ်းဖက်သောင်းကျန်းသူများက ဘုရားစေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးစော်ကားမှုအား ကန့်ကွက်ရှုတ်ချပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ကျင်းပပြုလုပ်လျက်ရှိသည်။
Jan 14, 2024
ဧရာဝတီတိုင်းဒေသကြီး၊ ချောင်းသာကမ်းခြေသို့ ဇန်နဝါရီလ ၉ ရက်မှ ၁၄ ရက်နေ့ထိ အပန်းဖြေခရီး သွားရောက်ခဲ့သည့် နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိရာမှ တပ်မတော်ဆေးရုံ၊ ဆေးခန်းများ၌ တက်ရောက်ကုသ၍ ပြန်လည်ကောင်းမွန်လာသော တပ်မတော်သားအရာရှိ၊ စစ်သည်များသည် ယနေ့ညနေပိုင်းတွင် မော်တော်ယာဉ်များဖြင့် ချောင်းသာကမ်းခြေမှ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။
