May 28, 2025
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) သို့လည်းကောင်း၊ ယနေ့တွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) သို့လည်းကောင်း သွားရောက်၍ ၂၀၂၅-၂၀၂၆ လေ့ကျင့်ရေးနှစ်တွင် တက္ကသိုလ်အလိုက် ဖွင့်လှစ်သွားမည့် သင်တန်းများနှင့် ပတ်သက်၍ အုပ်ချုပ်ရေးနှင့် လေ့ကျင့်သင်ကြားရေးဆိုင်ရာများ ကြိုတင်ပြင်ဆင်ပြီးစီးမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
စွမ်းအင်ဝန်ကြီးဌာန၏ ဝန်ထမ်း သား/သမီးများအား ကျောင်းသုံးပစ္စည်းများနှင့် ပညာသင်ထောက်ပံ့ကြေးများပေးအပ်
May 28, 2025
၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် တက်ရောက်မည့် စွမ်းအင်ဝန်ကြီးဌာန၏ ဝန်ထမ်းသား/သမီးများ ပညာသင်ကြားရန် ကျောင်းသုံးပစ္စည်းများနှင့် ပညာသင်ထောက်ပံ့ကြေးများပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စွမ်းအင်ဝန်ကြီးဌာန ရတနာခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ပြည်ထောင်စုဝန်ကြီးရုံးညွှန်ကြားရေးမှူးချုပ်၊ ဦးစီးဌာန/ လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
May 28, 2025
စက်မှုဖွံ့ဖြိုးရေးကော်မရှင်၏ (၂/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၀) အစည်းအဝေးခန်းမ၌ ကျင်းပရာ စက်မှုဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် စက်မှုဖွံ့ဖြိုးရေးကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
May 28, 2025
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ (၁) ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ဒုတိယဥက္ကဋ္ဌ (၂) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်းတို့သည် တာဝန်များပြီးဆုံး၍ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးနှင့် ကုလသမဂ္ဂကလေးများရန်ပုံငွေ (UNICEF) ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ဖြစ်သူ Mr.Marcoluigi Corsi အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရှိ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန (Disaster Management Centre) ဧည့်ခန်း၌ ယနေ့မွန်းလွဲပိုင်းတွင် လက်ခံတွေ့ဆုံသည်။
May 28, 2025
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (United Nations Population Fund-UNFPA)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေ ကိုယ်စားလှယ်ဖြစ်သူ Mr. Jaime Nadal Roig အား ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
May 28, 2025
“နိုင်ငံတစ်ခု တိုးတက်ရန်အတွက် စီးပွားရေးအရ အားကောင်းရန်လိုအပ်မည်ဖြစ်ကြောင်း၊ စီးပွားရေးအားကောင်းအောင် ဆောင်ရွက်ရန်အတွက် အစိုးရတစ်ရပ်အနေဖြင့် တာဝန်ရှိကြောင်း၊ နိုင်ငံ၏ GDP သည် အိမ်နီးချင်းနိုင်ငံများထက် လျော့နည်းလျက်ရှိသဖြင့် မိမိတို့အနေဖြင့် ယခုထက် ပိုမိုကြိုးပမ်းဆောင်ရွက်သွားရဦးမည်ဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မေလ ၁၉ ရက်နေ့က ကျင်းပပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။
May 28, 2025
တရားမဝင်ကုန်သွယ်မှုကြီးထွားနေပါက တရားဝင်ကုန်သွယ်မှုကို ထိခိုက်စေသလို ပြည်တွင်းရှိ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများကိုလည်း ဆုံးရှုံးနစ်နာစေသည်ဟု သာမန်အားဖြင့် ဆိုနိုင်သည်။ သို့ရာတွင် ပြည်တွင်း၌ လက်နက်ကိုင်အကြမ်းဖက် တိုက်ခိုက်မှုများရှိနေပြီး ဒေသအချို့၌ တည်ငြိမ်အေးချမ်းမှုမရှိသည့် အခြေအနေမျိုးတွင်မူ တရားမဝင်ကုန်သွယ်မှုများက လက်နက်ကိုင်ဆူပူသောင်းကျန်းမှုများကို မီးလောင်ရာ လေပင့်ပေးသကဲ့သို့ ပိုမိုဆိုးရွားလာစေနိုင်သည်။
May 27, 2025
နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများ၌ တရားမဝင် ဝင်ရောက်နေထိုင်ပြီး အွန်လိုင်းလောင်းကစားမှု၊ အွန်လိုင်းလိမ်လည်မှုအပါအဝင် ဒုစရိုက်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို စုံစမ်းစစ်ဆေးဖော်ထုတ်၍ သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျပြည်နှင်လွှဲပြောင်းပေးအပ်လျက်ရှိသည်။
May 27, 2025
မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
May 27, 2025
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ပြောင်းရွှေ့ခန့်ထားခြင်း
May 27, 2025
နိုင်ငံ့ဝန်ထမ်းဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေ
May 27, 2025
၂၈-၃-၂၀၂၅ ရက်တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ဘေးဒဏ်သင့်ပြည်သူများအား ကူညီထောက်ပံ့နိုင်ရန်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ၂၉-၅-၂၀၂၅ ရက် (ကြာသပတေးနေ့) တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၌ လှူဒါန်းမှုများကို အခမ်းအနားဖြင့် ဒုတိယအကြိမ်အဖြစ် ဆက်လက်လက်ခံသွားမည်ဖြစ်ပါသည်။
May 27, 2025
မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးအဆောက်အဦနှင့် အလုပ်သမားဝန်ကြီးဌာန ရုံးအဆောက်အဦတို့အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့ညနေပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးသည်။
May 27, 2025
စက်မှုကျွမ်းကျင် တစ်နှစ်သင်တန်း အမှတ်စဉ်(၁၃)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး အမှတ်(၂)စက်မှုသင်တန်းကျောင်း(မန္တလေး)၌ ကျင်းပသည်။
May 27, 2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၇ နာရီခွဲတွင် မြစ်ကြီးနားမြို့ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်း၌ကျင်းပသည့် ကချင်ပြည်နယ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားသို့ တက်ရောက်သည်။
May 27, 2025
မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် မန္တလေးမြေငလျင်ကြီးကြောင့် ပြန်လည်ထူထောင်ရေးကိစ္စများအတွက် အိန္ဒိယနိုင်ငံက လှူဒါန်းသည့် ဘိလပ်မြေတန်ချိန် ၂၂၅ တန်(၅၀ ကီလိုရှိ အိတ် ၄၅၀၀)ကို မြန်မာ့တပ်မတော်(ရေ)မှ တင်ဆောင်လာသည့် UMS Myik Kyi Nar သင်္ဘောသည် မေ ၂၃ ရက် နံနက် ၁၀ နာရီက သီလဝါ (MITT)ဆိပ်ကမ်းသို့ ရောက်ရှိခဲ့သည်။
May 27, 2025
၁။ မြန်မာနိုင်ငံရှိမြစ်များတွင် မုတ်သုံရာသီအစ မိုးဦးကာလတွင် မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းတို့နှင့်အတူ မြစ်ရေမြင့်တက်လာမည်ဖြစ်ပါသည်။ မြစ်ရေတက်လာမှုပေါ်မူတည်၍ ရေယာဉ်များအန္တရာယ်ကင်းစွာ ခုတ်မောင်းသွားလာနိုင်ရန် လိုအပ်သော ရေလမ်းညွှန်အမှတ်အသားများကို ပြသထားမည်ဖြစ်ပါသည်။ ရာသီဥတုဒဏ်ကြောင့် ရေလမ်းညွှန် အမှတ်အသားများ တစ်ခါတစ်ရံ ပျက်စီးပျောက်ဆုံးနိုင်သဖြင့် ရေယာဉ်များဂရုပြုခုတ်မောင်းကြရန် လိုအပ်ပါသည်။
May 27, 2025
လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ဒေသအတွင်းလမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှုများ ရပ်တန့်စေရေး၊ နိုင်ငံတစ်ဝန်းရှိ ပြည်သူများ စိတ်အေးချမ်းသာစွာ ခရီးသွားလာနေမှုများကို မလိုလား၍ လမ်း၊ တံတားများအား မိုင်းထောင်ဖောက်ခွဲခြင်းနှင့် အကြမ်းဖက်လုပ်ရပ်အမျိုးမျိုးကို ပုံစံအမျိုးမျိုးဖြင့် လုပ်ဆောင်လျက်ရှိသည်။
May 27, 2025
ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင်ဝင်ရောက်လာပြီး ကရင်ပြည်နယ် မြဝတီမြို့ - ရွှေကုက္ကိုလ် မဲ့ထော်သလေး(KK Park)နှင့် ကျောက်ခတ်နယ်မြေများတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်း လိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ကာဇက်စတန်နိုင်ငံသားနှစ်ဦး၊ တောင်အာဖရိက နိုင်ငံသားသုံးဦး စုစုပေါင်းငါးဦးတို့အား မြန်မာ-ထိုင်းအမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံလွှဲပြောင်းပေးသည်။