Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

နေပြည်တော် မေ ၈

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်သံအမတ်ကြီး H.E. Mr. Tariq Karim အား ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား အစဉ်အလာရှိသည့် ဆက်ဆံရေးကို ပိုမိုတိုးတက်ခိုင်မာအောင်ဆောင်ရွက်ရေး၊ ကုန်သွယ်မှုတိုးမြှင့်ရေးနှင့် နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။

သတင်းစဉ်