Aug 24, 2024
စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်ရှင်၊ အလုပ်သမားများ၏ အခက်အခဲများနှင့်ပတ်သက်၍ အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမား သုံးပွင့်ဆိုင်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက အလုပ် သမားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ဒုတိယဝန်ကြီးဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ခုံသမာဓိကောင်စီဝင်များ၊ ခုံသမာဓိအဖွဲ့ဝင်များ၊ အလုပ်ရှင်ကိုယ်စားလှယ်များ၊ အလုပ်သမားကိုယ်စားလှယ်များနှင့် စက်မှုဇုန်အသီးသီးမှကိုယ်စားလှယ်များ တက်ရောက်ကြသည်။
Aug 24, 2024
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီမှ ချမှတ်ထားသော မူဝါဒ၊ ညွှန်ကြားချက်များနှင့်အညီ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနသည် နိုင်ငံတော်တွင်လျှပ်စစ်သုံးယာဉ် (Electric Vehicle - EV) နည်းပညာကဏ္ဍ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွား ရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးဒေါက်တာအောင်ဇေယျသည် ယနေ့နံနက်ပိုင်းက အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်) ၌ ကျင်းပသည့် လျှပ်စစ်သုံးယာဉ်ဆိုင်ရာ ပြုပြင် ထိန်းသိမ်းမှုနှင့် ပြစ်ချက်ရှာဖွေ နည်းသင်တန်း (၂/၂၀၂၄) ဆင်းပွဲ အခမ်းအနားကို ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။
Aug 24, 2024
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသံအမတ်ကြီးဒေါက်တာ မိုဟာမက် မွန်(န)ဝါ ဟူစိန်အား ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Aug 24, 2024
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်း ဆင်ဝိုင်းမှ ဆင်မဇာနန်းလှ၊ အသက် ၃၃ နှစ်က ဆင်ဖြူတော် (အထီး) ကလေးတစ်စီးအား ၂၀၂၂ ခုနှစ် ဇူလိုင် ၂၃ ရက် နံနက်မင်္ဂလာ အချိန် ၆ နာရီခွဲတွင် မွေးဖွားခဲ့ပြီး အဆိုပါဆင်ဖြူတော်လေးမှာ မွေးဖွားစတွင် အရပ်အမြင့် ၂ ပေ ၅ လက်မ၊ ကိုယ်လုံး လုံးပတ် ၃ ပေ ၁ လက်မ၊ ကိုယ်အလေးချိန်ပေါင် ၁၈၀ ခန့် ရှိသည်။
Aug 24, 2024
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက်လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှ တစ်ဆင့်နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။
Aug 24, 2024
ဗဟိုဘဏ်ဒစ်ဂျစ်တယ် ငွေကြေးဆိုင်ရာဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲက မြန်မာနိုင်ငံတော်ဗဟိုဘဏ် နေပြည်တော်ရှိ ဇမ္ဗူသီရိခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ ဒုတိယဥက္ကဋ္ဌများ၊ အဆင့်မြင့်အရာရှိကြီးများ၊ ဖိတ်ကြားထားသောဝန်ကြီးဌာနများနှင့် ပြည်တွင်းပုဂ္ဂလိကဘဏ်များမှ အဆင့်မြင့်အရာထမ်းများ၊ ပြင်ပအဖွဲ့အစည်းများမှ ပညာရှင်များနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဌာနအသီးသီးမှ အရာထမ်း/ အမှုထမ်းများ တက်ရောက်ကြသည်။
Aug 24, 2024
တတိယအကြိမ်မြောက် အာဆီယံ အမျိုးသမီးခေါင်းဆောင်များညီလာခံ (3rd ASEAN Women Leaders’ Summit) ကို ယနေ့တွင် Video Conferencing စနစ်ဖြင့် လာအိုနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပရာ အာဆီယံအမျိုးသမီးရေးရာဝန်ကြီးများအဆင့် Focal Point ဖြစ်သူ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ အာဆီယံအမျိုးသမီးကော်မတီ (ACW) Focal Point နှင့် အာဆီယံအမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့်မှတ်ပုံတင်ကဏ္ဍ (AWPR) အဖွဲ့ဝင် လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ အာဆီယံအမျိုးသမီး အခွင့်အရေးများဆိုင်ရာ ကိုယ်စားလှယ် မြန်မာနိုင်ငံအမျိုးသမီး ရေးရာအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဘာသာရပ်ဆိုင်ရာ တာဝန်ခံများက Online ဖြင့် တက်ရောက်ကြသည်။
Aug 24, 2024
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ၊ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့တို့သည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးသည်။
Aug 24, 2024
ယင်းနောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက သင်ကြားရေးနှင့် သင်ယူရေးအဖွဲ့၏လုပ်ငန်းစဉ်တွင် အခြေခံပညာနှင့် အဆင့်မြင့်ပညာတို့တွင် ခေတ်နှင့်လျော်ညီသော သင်ရိုးများနှင့် သင်ပြနည်းများကိုသုံးသပ်ခြင်း၊ တက္ကသိုလ်ဆရာ ဆရာမများ အရည်အသွေးမြင့်မားရေးနှင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရေးတွင် အထောက်အကူပေးခြင်း၊ သုတေသနလမ်းညွှန်မှု ပေးရေးအဖွဲ့၏ လုပ်ငန်းစဉ်တွင် အဆင့်မြင့်ပညာ ကဏ္ဍ၌ သုတေသနလမ်းညွှန်မှုပေးခြင်း၊ သုတေသန ပြုနိုင်မည့်အခွင့်အရေးများ ဖန်တီးပေးခြင်း၊ သုတေ သနပညာရှင်များ ပြုစုပျိုးထောင်ပေးခြင်း၊ ပညာဖြန့်ဖြူးရေးနှင့် ပညာပြန့်ပွားရေးလုပ်ငန်းစဉ်တွင် သတင်းအချက်အလက် ဖြန့်ဖြူးရေးနည်းပညာ (Information Technology) နှင့် ကွန်ပျူတာနည်းပညာများ အသုံးပြုနိုင်အောင် လမ်းညွှန်ပေးခြင်း၊ သုတေသီများ၏စာအုပ်၊ စာတမ်းများကို ပုံနှိပ်ထုတ်ဝေခွင့်ဖန်တီးပေးခြင်း၊ ပညာရပ်ဆိုင်ရာစာအုပ်များကို ဘာသာပြန်ဆိုခြင်း၊ ပြည်တွင်း၊ ပြည်ပပညာရှင်ကြီးများအား ဖိတ်ခေါ်ပြီး ပညာပေးဟောပြော ပွဲများကျင်းပခြင်း၊ ပညာရှင်များ ပြုစုပျိုးထောင်ရေး လုပ်ငန်းစဉ်တွင် ဘာသာရပ်အသီးသီးမှ ထူးချွန်သုတေသီများနှင့် ပညာရှင်များအား ဆုချီးမြှင့်ခြင်း၊ ပညာသင်ဆုနှင့် ထောက်ပံ့ကြေးများပေးခြင်းတို့ကို ကြိုးပမ်းဆောင်ရွက်ခဲ့ကြကြောင်း။
Aug 24, 2024
ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား ကျောင်းသူများ စာအုပ်စာပေလေ့လာဖတ်ရှုနိုင်ရန်နှင့် စာပေလေ့လာဖတ်ရှုခြင်းမှရရှိသော အသိပညာဗဟုသုတများကို ပြန်လည်အသုံးချမျှဝေနိုင်ရန်ရည်ရွယ်၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြောင်းမြမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းတို့ တက်ရောက်အားပေးသည်။