Jun 12, 2024
မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ (၂၀၂၄) ကျင်းပရေးဦးစီးကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ (၂၀၂၄) ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာ စကားပြောကြားသည်။
Jun 12, 2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်ရှိ စက်ရုံရှမ်းစုကျေးရွာ၏ စစ်မှုထမ်းဆောင်ရန်အမည်စာရင်းတွင် အမျိုးသမီးများပါဝင်နေကြောင်းနှင့် အစားထိုးလဲလှယ်ရန်အတွက် ငွေကျပ်သိန်းချီတောင်းခံနေသည်ဟု သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက အများပြည်သူ အထင်အမြင်လွဲမှားစေရန်အတွက် လုပ်ကြံရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
Jun 12, 2024
၂၀၂၄ ခုနှစ် မတ် ၁၁ ရက်မှ ၁၉ ရက်အထိ တက္ကသိုလ်ဝင်စာမေးပွဲကိုကျင်းပခဲ့ရာ ယနေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သက်ဆိုင်ရာစာစစ်ဌာနကျောင်းများ၌လည်းကောင်း၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Website ၌လည်းကောင်း တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာခဲ့ရာ နေပြည်တော်ကောင်စီနယ်မြေအတွင်း ဝင်ရောက်ဖြေဆိုသူ ၈၄၂၈ ဦးရှိသည့်အနက် အောင်မြင်သူ ၄၇၈၆ ဦးရှိပြီး အောင်မြင်မှုရာခိုင်နှုန်းအနေဖြင့် ၅၆ ဒသမ ၇၉ ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရသည်။
Jun 12, 2024
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဉာဏ်ထွန်းသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ရန်ကုန်တိုင်းဒေသကြီးလှိုင်သာယာမြို့နယ်ရှိ ၅၀၀ ကေဗွီလှိုင်သာယာ (အနောက်ပိုင်းတက္ကသိုလ်) ဓာတ်အားခွဲရုံ တည်ဆောက်ရေးစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေနှင့် ဓာတ်အားကွပ်ကဲရေးဌာန (ရန်ကုန်) တို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Jun 12, 2024
တရုတ်နိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့–GACC သို့ မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်များနှင့် စိုက်ပျိုးရေးထွက်ကုန်များ စစ်ဆေးခြင်းဆိုင်ရာအသိပညာပေးအစီအစဉ်ကို ယမန်နေ့နံနက်ပိုင်းက မန္တလေးမြို့ (၃၄) လမ်းနှင့် (၇၈) လမ်းထောင့်ရှိ မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jun 12, 2024
(၈) ကြိမ်မြောက် အာဆီယံကျန်းမာရေးအစုအဖွဲ့ (၁) ၏ ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုပုံစံအဆင့်မြှင့်တင်ခြင်း အစည်းအဝေးဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ Horizon Lake View ဟိုတယ်၌ Hybrid စနစ်ဖြင့် ကျင်းပသည်။
Jun 12, 2024
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇွန် ၈ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်း၌ လိုင်စင်မဲ့မော်တော်ယာဉ် များဖြစ်သည့် Nissan AD Station Wagon ခုနစ်စီး၊ Daihatsu Hijet ခြောက်စီး၊ Honda Fit သုံးစီး၊ Nissan Vanette နှစ်စီးနှင့် Mazda Bongo တစ်စီး စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၂၉,၀၀၀,၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
Jun 12, 2024
၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို တစ်နိုင်ငံလုံး၌ ဇွန် ၁၁ ရက်ကထုတ်ပြန်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် ဖြေဆိုသူပေါင်း ၁၈၀၅၆ဦး ရှိပြီး အောင်မြင်သူ ၉၆၅၆ ဦးရှိရာ ရာခိုင်နှုန်းအားဖြင့် ၅၃ ဒသမ ၄၈ ရာခိုင်နှုန်းဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး ပညာရေးမှူးရုံးမှသိရသည်။
Jun 12, 2024
၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၃၆၆ ပုဒ်မခွဲ (က) နှင့် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၂၆ တို့တွင် ပညာသင်ယူခွင့်နှင့်စပ်လျဉ်း၍ ဖော်ပြပါရှိပါသည်။
Jun 12, 2024
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံ သံအမတ်ကြီး Mrs. Ponnamperuma Arachahige Prabashini Ponnamperuma အား ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Jun 12, 2024
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ ကျင်းပသည့် (၂၇) ကြိမ်မြောက် နိုင်ငံတကာစီးပွားရေး ဖိုရမ်တက်ရောက်နေစဉ်အတွင်း ဇွန် ၇ ရက် နံနက်ပိုင်းက ကျင်းပသည့် ကျန်းမာရေးနှင့် လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေးသည်။
Jun 12, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်သည် သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Mr. Tharaka Balasuriya ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Jun 12, 2024
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (MSME) နှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ရှေ့ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ရှမ်းပြည်နယ်အစိုးရအဖွဲရုံး၌ ကျင်းပပြုလုပ်သည်။
Jun 12, 2024
မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့၊ နေပြည်တော်စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ နှစ်ပတ်လည်အစည်းအဝေး (၂၀၂၄) ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်တိုင်းစစ်ဌာနချုပ် ပုဗ္ဗသီရိတပ်နယ်ရှိ နယ်မြေခံတပ်ရင်းခန်းမ၌ ပြုလုပ်ရာ နေပြည်တော် စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့နာယက နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးမင်းနှင့် အဖွဲ့ဝင်များ၊ နေပြည်တော် စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ တက်ရောက်ကြသည်။
Jun 12, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ ဇွန် ၅ ရက်မှ ၈ ရက် အထိ ကျင်းပပြုလုပ်သည့် (၂၇) ကြိမ်မြောက် စိန့်ပီတာစဘတ် နိုင်ငံတကာစီးပွားရေးဖိုရမ် (27th St. Petersburg International Economic Forum - SPIEF-2024) တက်ရောက်ပြီး ဇွန် ၁၀ ရက်တွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။
Jun 12, 2024
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Tharaka Balasuriya ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Jun 12, 2024
ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်မှုရှိခဲ့သော စီးပွားရေးလုပ်ငန်းများအား ချေးငွေသက်တမ်း ၁ နှစ် (အတိုးနှုန်း ၁ %) ဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလမှစတင်၍ ချေးငွေများ ထုတ်ချေးခဲ့ပါသည်။ ချေးငွေသက်တမ်း ၁ နှစ်ပြည့်မြောက်ခဲ့ပြီးနောက် ပထမအကြိမ် ၆ လ၊ ဒုတိယအကြိမ် ၆ လနှင့် တတိယအကြိမ် ၁ နှစ်နှင့် စုစုပေါင်း ၃ နှစ်အထိ ချေးငွေသက်တမ်းများ တိုးမြှင့်ဆောင်ရွက်ပေးခဲ့ပါသည်။
Jun 12, 2024
မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာကြည့်တိုက်များနှင့် တပ်မတော်ဌာနချုပ်များ၊ တပ်ရင်းတပ်ဖွဲ့စာကြည့်တိုက်များသို့ စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပသည်။
Jun 12, 2024
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသောနိုင်ငံဖြစ်သည်။ စိုက်ပျိုးရေးထွက်ကုန်များဖြင့် နိုင်ငံ့စီးပွား၊ လူမှုစီးပွားဘဝ မြင့်မားတိုးတက်လာအောင် ကြိုးပမ်းလုပ်ဆောင်လျက်ရှိသည်။ ပြည်သူတို့၏ အဓိကလိုအပ်ချက်ဖြစ်သည့် စား၊ ဝတ်၊ နေရေး အရေးသုံးပါးတွင် ဝတ်ရေးလိုအပ်ချက်ကို ဖြည့်ဆည်းပေးကာ ပြည်တွင်း၌ ဖူလုံပြီး ပြည်ပသို့သွင်းကုန်လျှော့ချခြင်းဖြင့် နိုင်ငံ့စီးပွားတိုးတက်ရေးကို အထောက်အကူပြုမည်ဖြစ်သည်။
Jun 12, 2024
၂၀၁၅ ခုနှစ်က ကောက်ယူခဲ့သည့် စစ်တမ်းတစ်ရပ်အရ မြန်မာနိုင်ငံတွင် ကလေးဦးရေ ၁၂ သန်းကျော်ရှိသည့်အနက် ကလေးအလုပ်သမားဦးရေ ၁ ဒသမ ၁ သန်းကျော် ရှိနေသည်ဟုဆိုသည်။ အဆိုပါအရေအတွက်ထဲတွင် အသက် ၁၂ နှစ်မှ ၁၄ နှစ်ကြား ၂၄ ဒသမ ၁ ရာခိုင်နှုန်းနှင့် အသက် ၁၅ နှစ်မှ ၁၇ နှစ်ကြား ၇၄ ဒသမ ၆ ရာခိုင်နှုန်းပါဝင်သည်။ အဆိုပါကလေးအလုပ်သမားများသည် လုပ်ငန်းခွင်များတွင် အချိန်ကြာမြင့်စွာ အလုပ်လုပ်နေကြရကြောင်းလည်း စစ်တမ်းတွင် ဖော်ပြထားသည်။
