ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တပ်ကုန်းမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေး ထောက်ပံ့
Sep 26, 2024
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ (၂)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့တွင် တပ်ကုန်းမြို့နယ်၊ အောင်ဆန်းခန်းမ၌ ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံအားပေးစကားပြောကြားသည်။
Sep 26, 2024
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိပုဂ္ဂိုလ်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် သံဝေဇနိယလေးဌာန (ဖွား၊ ပွင့်၊ ဟော၊ စံ) ၌ ဂေါပကအဖွဲ့ဝင်များ၊ ဝန်ထမ်းများနှင့်အတူ မိုးရာသီထန်းပင်စိုက်ပျိုးပွဲအခမ်းအနားသို့ တက်ရောက်သည်။
Sep 26, 2024
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ရုရှားနိုင်ငံချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုအသင်း (Russian Associa-tion for Friendship and Cooperation - RAFC) ၏ ဒုတိယဥက္ကဋ္ဌ Mr. Alexander OSTROVSKIY ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းတည့် ၁၂ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Sep 26, 2024
အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့ (ASEANSAI)၏ အသိပညာမျှဝေမှုအစီအစဉ်အရ “စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင် အကောင်အထည်ဖော်ဆောင်ရွက်မှု စစ်ဆေးခြင်းနှင့်စပ်လျဉ်းသည့် အသိပညာမျှဝေမှု အလုပ်ရုံဆွေးနွေးပွဲ” ကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ပတ္တမြားခန်းမ၌ Video Conference စနစ်ဖြင့် လက်ခံကျင်းပသည်။
Sep 26, 2024
၂၀၂၄ ခုနှစ် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖလား အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း တက်ရောက်ကြည့်ရှုအားပေးသည်။
Sep 26, 2024
အားကစားကဏ္ဍတိုးတက်အောင်မြင်ခြင်းသည် နိုင်ငံသူ၊ နိုင်ငံသားများ၏ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်များမြှင့်တင်ပေးနိုင်ပြီး လူသားအရင်းအမြစ်အား တိုက်ရိုက်ဖွံ့ဖြိုးစေနိုင်ကြောင်းဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိတပ်မတော်အားကစားကွင်း၌ ကျင်းပပြုလုပ်သည့် ၂၀၂၄ ခုနှစ်၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲဖွင့်ပွဲအခမ်းအနား၌ အဖွင့်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။
Sep 26, 2024
မြန်မာနိုင်ငံသည် ယဉ်ကျေးမှုအစဉ်အလာ မြင့်မားခဲ့သောနိုင်ငံဖြစ်သည်။ နှစ်ပေါင်းရှည်ကြာစွာထွန်းကားလာခဲ့သော မြန်မာတို့၏ ယဉ်ကျေးမှုအမွေအနှစ်များနှင့် ဓလေ့ထုံးတမ်းအစဉ်အလာများမှာ ယနေ့ထက်တိုင် မပျောက်မပျက်တည်ထွန်းနေသောနိုင်ငံမှာ ကမ္ဘာပေါ်တွင် မြန်မာတစ်နိုင်ငံတည်းရှိသည်ဟု ဆိုချင်သည်။ ယဉ်ကျေးမှုဓလေ့ထုံးတမ်းအစဉ်အလာများမှာ အချို့နိုင်ငံများတွင် ပျောက်ပျက်မှေးမှိန်လျက်ရှိပြီး အချို့နိုင်ငံများတွင် အခါအခွင့်သင့်မှသာ အထိမ်းအမှတ်သဘော ထုတ်ဖော်ပြသကြသည်။
Sep 26, 2024
စီးကရက်စွဲလမ်းနေသူကို စီးကရက်ဖြတ်နိုင်ရန်အတွက် စီးကရက်တွင်ပါဝင်သည့် နစ်ကိုတင်းကို အခြားနည်းလမ်းဖြင့် အစားထိုးပေးသည့်ကိရိယာ (Electronic Nicotine Delivery System-ENDS) တစ်မျိုး ၂၀၀၃ ခုနှစ်တွင် စတင်ပေါ်ပေါက်ခဲ့ရာ အီလက်ထရွန်နစ်နည်းပညာကို အသုံးပြုထားသည့် အဆိုပါကိရိယာကို အီး-စီးကရက်ဟုခေါ်ကြသည်။ တရုတ်ပညာရှင်တစ်ဦးစတင် တီထွင်ခဲ့သည့် အီး-စီးကရက်သည် ဆယ်စုနှစ်တစ်ခု မကုန်ဆုံးမီမှာပင် ကမ္ဘာအရပ်ရပ်သို့ ပျံ့နှံ့သွားခဲ့ရာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဆေးရွက်ကြီးထိန်းချုပ်ရေး ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံများအတွင်း လေ့လာမှုများ စတင်ပြုလုပ်လာကြပြီး အတိုင်းအတာတစ်ရပ်အထိ ထိန်းချုပ်ကန့်သတ်မှုများလည်း ဆောင်ရွက်ခဲ့သည်။
Sep 25, 2024
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ ဝက်မစွတ်ကျေးရွာအုပ်စုတွင် တပ်မတော်က လူငယ်များကို အတင်းအဓမ္မဖမ်းဆီးခြင်းများ လုပ်ဆောင်နေသဖြင့် လူငယ်များနှင့် အမျိုးသားများ တိမ်းရှောင်မှုများ အလွန်များပြားလာကြောင်း၊ တချို့မှာ ဘုန်းကြီးကျောင်းများတွင် သင်္ကန်းစီးပြီး ဘုန်းကြီးဝတ်ဖြင့်နေထိုင်ကြကြောင်း၊ ထို့ကြောင့် တပ်မတော်က ဝက်မစွတ်ကျေးရွာအုပ်စုအတွင်းရှိ ဘုန်းကြီးကျောင်းတချို့ကို ဝင်ရောက်စိစစ်ပြီး ဘုန်းကြီးဝတ်ထားသူများကို သင်္ကန်းချွတ်ခိုင်းကာ စစ်သားအဖြစ် အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်မှုများ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာက သတင်းအမှားများ ရေးသားထုတ်လွှင့်လျက်ရှိကြောင်း တွေ့ရှိရသည်။
Sep 25, 2024
နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် ရပ်ကွက်/ကျေးရွာများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် တက်ကြွစွာပူးပေါင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင်လည်း နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ တပ်ကုန်းမြို့နယ်၊ လယ်ဝေးမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်တို့တွင်လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်၊ လင်းခေးမြို့နယ်၊ မောက်မယ်မြို့နယ်တို့တွင်လည်းကောင်း၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်တွင်လည်ကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်တွင်လည်းကောင်း၊ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံ၊ ဆေးခန်းများ၊ ဌာနဆိုင်ရာအဆောက်အဦများတွင် လိုအပ်သည်များ ကူညီရွှေ့ပြောင်းပေးခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ပေးခြင်း၊ လမ်း၊ တံတားများ၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တင်ကျန်ခဲ့သည့်နှုန်းများ၊ သစ်ပင်သစ်ကိုင်းများ ဖယ်ရှားပေးခြင်းအပါအဝင် အခြားလိုအပ်သည်များကို တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးအဖွဲ့များက ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ တက်ကြွစွာဆောင်ရွက်ပေးလျက်ရှိသည်။