Skip to main content

Nov 02, 2024

ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာအချို့၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများနှင့် နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံပြည်သူများအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်လုပ်ကြံရေးသားဝါဒဖြန့်ဝေလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 02, 2024

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်နေ့ နံနက် ၄ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ ရွှေချီရပ်ကွက်၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံသင်တန်းကျောင်းဝင်းအတွင်းရှိ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းရီ (၆၁) နှစ် (ဘ) ဦးညွန့်မောင်၏နေအိမ်၌ အဆိုပါကျောင်းတွင် တက်ရောက်နေသည့် ဒုတိယနှစ်ကျောင်းသားဖြစ်သူ မျိုးမင်းသူ (၁၉) နှစ်သည် နေအိမ်အတွင်း ဝင်ရောက်၍ ဆရာမကြီး ဒေါ်ဝင်းရီနှင့် အတူနေ ကျောင်းဆရာမ ဒေါ်အွန်စော (၂၂) နှစ် (ဘ) ဦးကျော်စွာထွန်းတို့အား ဓားဖြင့် ထိုးခုတ်၍ နေအိမ်အတွင်းရှိ စိန် ၁ လုံးပါ တစ်မတ်သား လက်စွပ် ၁ ကွင်း၊ ကာလတန်ဘိုး ၂၄ သိန်းကျပ်ခန့်နှင့် ငွေကျပ် ၁၂ သိန်းခွဲတို့အား လုယက်ယူဆောင်ထွက်ပြေးသွားသဖြင့် ဆရာမကြီး ဒေါ်ဝင်းရီတွင် ဓားဒဏ်ရာများရရှိခဲ့ပြီး ဆရာမ ဒေါ်အွန်စောတွင် ဓားဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့သဖြင့် ပျဉ်းမနားမြို့မ ရဲစခန်း(ပ)၃၅၇/ ၂၀၂၄၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/၃၉၄ ဖြင့် အမှုရေးဖွင့်၍ ပြစ်မှုကျူးလွန်သူအား ဖော်ထုတ် ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 02, 2024

၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးနှင့် စာသင်ကျောင်းများ ဥပဓိရုပ်ကောင်းမွန်စေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 02, 2024

မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသည့် ဟိန္ဒူဘာသာဝင်များ စုပေါင်းကျင်းပသည့် ဒီပါဝလီအထိမ်းအမှတ်အခမ်းအနားကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 02, 2024

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက နှစ်စဉ်ကျင်းပမြဲဖြစ်သော အဘိဓမ္မာ၊ ဂုဏ်ထူးဆောင်နှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၆ ရက် (သောကြာနေ့) မှ ဒီဇင်ဘာ ၈ ရက် (တနင်္ဂနွေနေ့) အထိ ခွင့်ပြုထားသော စာဖြေဌာနတို့၌ တစ်ပြိုင်တည်းကျင်းပမည် ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 02, 2024

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေး ဦးစီးဌာနက ကြီးမှူးကျင်းပမည့် (၇၇) ကြိမ်မြောက် တိပိဋကဓရတိပိဋကကောဝိဒရွေးချယ်ရေး စာမေးပွဲကြီးကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၅ ရက်အထိ ၃၃ ရက်တိုင်တိုင် ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ ဆဋ္ဌသင်္ဂါယနာမဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီးတွင် ကျင်းပမည် ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 02, 2024

အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇) ပါးစုံညီ အဋ္ဌာရသမအစည်းအဝေးကို ၁၃၈၆ ခုနှစ် တန်ဆောင်မုန်း လပြည့်ကျော် ၃၊ ၄၊ ၅၊ ၆ ရက် (၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၈၊ ၁၉၊ ၂၀၊ ၂၁ ရက်) တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေးနေ့တို့တွင် အကြိုညှိနှိုင်းအစည်းအဝေးနှင့် တန်ဆောင်မုန်းလပြည့်ကျော် ၇၊ ၈ ရက် (နိုဝင်ဘာ ၂၂၊ ၂၃ ရက်) သောကြာ၊ စနေနေ့

ဆက်လက်ဖတ်ရှုရန်

Nov 02, 2024

ပြင်ဦးလွင်မြို့နယ်၊ တာချီလိတ်မြို့နှင့် လွိုင်လင်မြို့နယ်တို့၌ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 02, 2024

အမှတ် (၁၁) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (မန္တလေး) တပ်ဖွဲ့ စုမှူးရဲမှူး ခင်မောင်သိန်း ဦးစီးတပ်ဖွဲ့ဝင်များက မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် တာဝန်ကျတပ်ဖွဲ့ဝင်များနှင့်အတူ အောက်တိုဘာ ၂၄ ရက် နံနက် ၇ နာရီခွဲတွင် ပြည်ပထွက်ခွာမှုများအား ပူးပေါင်းစစ်ဆေးစဉ် ထိုင်းနိုင်ငံ Suvarnabhumi လေဆိပ်သို့ MAI လေကြောင်းလိုင်းဖြင့်ထွက်ခွာမည့် တရုတ်နိုင်ငံသား GAO FENGYING (ကောင်းဖိန်းရင်) နှင့် အမျိုးသမီးငယ်သုံးဦးတို့ကို မသင်္ကာဖွယ်တွေ့ရှိသဖြင့် တပ်ဖွဲ့စုရုံးသို့ ခေါ်ယူစစ်မေးခဲ့ရာ အဆိုပါအမျိုးသမီးငယ်သုံးဦးမှာ လူမှုကွန်ရက် Facebook, TikTok အသုံးပြုဆက်သွယ်၍ တရုတ်နိုင်ငံသို့ တရုတ်မယားပြုလုပ်ရန် စည်းရုံးစုစည်းခေါ်ဆောင်ခံရသူများဖြစ်ကြောင်းနှင့် ၎င်းတို့ကဲ့သို့ တရုတ်မယားလုပ်ရန် စည်းရုံးခံထားရသူ အမျိုးသမီးငယ် ၁၁ ဦးကို မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ၆၄ ဒီ လမ်း၊ ၁၁၅ x ၁၁၆ လမ်းကြားရှိ နေရာတွင် စုစည်းထိန်းချုပ်ထားကြောင်း သတင်းဖော်ထုတ်ရရှိခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 02, 2024

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်