Skip to main content

Nov 01, 2024

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေ ကိုယ်စားလှယ် Ms. Elena Ajmone Sessera အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Nov 01, 2024

​​​​​​​အမျိုးသားအားကစားပြိုင်ပွဲကြီးသည် အားကစားကဏ္ဍကို မြှင့်တင်ထုတ်ဖော်ပြသသည့် ပြိုင်ပွဲသက်သက်သာမဟုတ်ဘဲ နိုင်ငံသူနိုင်ငံသားအားလုံး၏ မျိုးချစ်စိတ်ဓာတ်၊ တိုင်းချစ်ပြည်ချစ်စိတ်ဓာတ်နှင့် စည်းလုံးညီညွတ်မှု၊ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှု၊ တည်ငြိမ်အေးချမ်းမှုတို့ကို ထုတ်ဖော်ပြသည့် စုပေါင်းအင်အားများကို ဖော်ထုတ်နိုင်သော ပြိုင်ပွဲဖြစ်၍ အမျိုးသားအားကစားပြိုင်ပွဲ သို့မဟုတ် အမျိုးသား အားကစားပွဲတော်ဟု ခေါ်ဆိုရပေသည်။

ဆက်လက်ဖတ်ရှုရန်

Nov 01, 2024

​​​​​​​နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးသည် ထိုနိုင်ငံရှိ ပြည်သူများ၏ ကြိုးပမ်းအားထုတ်မှုအပေါ်တွင် အဓိကတည်မှီလျက်ရှိပြီး ယင်းသို့ကြိုးပမ်းအားထုတ်မှုများအတွက် လမ်းဖွင့်ပေးမည့် အခြေအနေနှင့် အခွင့်အလမ်းများဖန်တီးပေးရန်လိုအပ်သည်ဟု နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သုတေသီများက ဆိုသည်။ ကမ္ဘာ့နိုင်ငံများ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုကွာခြားရခြင်းနှင့် စပ်လျဉ်း၍ နိုင်ငံ၏တည်နေရာနှင့် ပတ်ဝန်းကျင်ကြောင့်၊ လူမျိုးတို့၏ ဗီဇနှင့်စွမ်းရည်ကွာခြားမှုကြောင့်၊ နိုင်ငံတစ်နိုင်ငံချင်းစီ၏ သမိုင်းရေးရာအခြေအနေများကြောင့်၊ သဘာဝသယံဇာတအရင်းအမြစ် ကွာခြားချက်ကြောင့် စသည်ဖြင့် အကြောင်းအရင်းများကို လေ့လာရာတွင် အဆုံးသတ်ကောက်ချက်သည် လူတို့ကြိုးပမ်းအားထုတ်ပါက မည်သည့်အခြေအနေမှပင်မဆို ဖွံ့ဖြိုးတိုးတက်လာနိုင်ခြင်းပင်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 31, 2024

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ကျေပွန်စွာထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဝန်ထမ်းမိသားစုများက စားသောက်ဖွယ်ရာများ ဂုဏ်ပြုပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဧည့်ခန်းမ၌ ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ တိုင်းမှူး ဗိုလ်ချုပ်ဇော်မင်းလတ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 31, 2024

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အောက်တိုဘာလ ၃၀ ရက်နေ့က ကျေးရွာ ၂ ရွာကို ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခဲ့ပြီး အိုင်ပေါင်းချောင်ရွာမှ ပြည်သူ ၃၀ ကျော်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကာ မုံလှရွာရှိ ခရစ်ယာန်ဘုရားကျောင်းကို ဒရုန်းဖြင့် ဗုံးကျဲဖျက်ဆီးခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်လုပ်ကြံရေးသား ဝါဒဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 31, 2024

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 31, 2024

ပြည်တွင်းစားသုံးဆီဖူလုံနိုင်ရေးအတွက် ဆီအုန်းထုတ်လုပ်မှုနှင့် ဆီအုန်းသီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်၍ ယှဉ်ပြိုင်နိုင်စွမ်းရှိစေရန် ရည်ရွယ်ကျင်းပသည့် မြန်မာနိုင်ငံ၏ ဆီအုန်းသီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စကားဝိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 31, 2024

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော လာအိုနိုင်ငံ သံအမတ်ကြီး မစ္စတာ ငွန်းဆဲန် ခမ်ဒါလာဗွန်ကို မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Oct 31, 2024

ပညာရေးဘွဲ့ ၅ နှစ်သင်တန်း အမှတ်စဉ် (၆) သင်တန်းဆင်းပွဲနှင့် အလုပ်ခန့်အပ်လွှာပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း) ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 31, 2024

(၁၄) ကြိမ်မြောက် တရုတ်-အာဆီယံရှေ့နေချုပ်များ ညီလာခံ ကို “ငွေကြေးဆိုင်ရာ ရာဇဝတ်မှုများကို တိုက်ဖျက်ရန် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ခြင်း” ခေါင်းစဉ်ဖြင့် စင်ကာပူနိုင်ငံ၌ အောက်တိုဘာ ၂၇ ရက်မှ ၃၀ ရက် အထိ ကျင်းပလျက်ရှိရာ အဆိုပါညီလာခံသို့ စင်ကာပူနိုင်ငံ ရှေ့နေချုပ် H.E Mr. Lucien Wong ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်