Skip to main content

Nov 30, 2024

ကျန်းမာ‌ရေးဝန်ကြီးဌာန ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနအောက်ရှိ ဆေးတက္ကသိုလ်များ၊ Naypyitaw State Academy, Faculty of Medicine ဆေးပညာနှီးနွှယ်တက္ကသိုလ်များနှင့် တိုင်းရင်းဆေးတက္ကသိုလ်တို့တွင် နိုဝင်ဘာ ၂၁ ရက်၌ စတင်ဖွင့်လှစ်ခဲ့သည့် ပထမနှစ်သင်တန်းအသီးသီးသို့ တက်ရောက်ခွင့်ရရှိကြသော ကျောင်းသား ကျောင်းသူများ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် Virtual စနစ်ဖြင့် Naypyitaw State Academy, Function Hall ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 30, 2024

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်ရှိ လူမှုဖူလုံရေးအဖွဲ့ပိုင် အလုပ်သမားဆေးရုံကြီးမှ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ဆေးရုံတက်ရောက်ကုသနေသောလူနာများကို ကြည့်ရှုအားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Nov 30, 2024

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနကိုယ်စားပြု အမျိုးသားဘော်လီဘော အားကစားသမားများကို ယနေ့ညနေ ၄ နာရီခွဲတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံအားပေးစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Nov 30, 2024

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် တည်းခိုရေးစခန်း (ရွာတော်) ၌ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲ/ ပိတ်ပွဲ အခမ်းအနားတွင် ပါဝင်ကပြဖျော်ဖြေကြမည့် အနုပညာဦးစီးဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် (မန္တလေး)၊ အနုပညာအထက်တန်းကျောင်း (ရန်ကုန်)၊ အနုပညာအထက်တန်းကျောင်း (မန္တလေး)၊ ကရင်ပြည်နယ်ယဉ်ကျေးမှုအဖွဲ့တို့မှ အင်အား ၃၅၀ ဖြင့် အကအစမ်းလေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Nov 30, 2024

ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ ခရီးသွားလုပ်ငန်းဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများပါဝင်သည့် စီအယ်လ်အမ်ဗွီ (CLMV) နှင့် အက်ခ်မက် (ACMECS) ခရီးသွားလုပ်ငန်းဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးများကို နိုဝင်ဘာ ၂၇ ရက်မှ ၂၉ ရက်အထိ ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်၌ မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 30, 2024

မြန်မာနိုင်ငံ “စီးပွားရေးပညာနှစ် (၁၀၀)” ရာပြည့်အထိမ်းအမှတ် ဒုတိယနေ့ စာတမ်းဖတ်ပွဲများကို မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ MICC II ၌ ယနေ့နံနက်ပိုင်းတွင် Parallel Session သုံးခုဖြင့်ကျင်းပပြီး မွန်းလွဲပိုင်းတွင် Plenary Session ကို ဆက်လက်ကျင်းပရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်‌ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦးတို့ တက်ရောက်အားပေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 30, 2024

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံပိုင် သတင်းဌာနဖြစ်သည့် ITAR-TASS သတင်းဌာန၏ ထိုင်းနိုင်ငံဌာနခွဲ အကြီးအကဲ Mr. Igor Brovarnik ကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံ၍ ရုပ်သံအင်တာဗျူးဖြေကြားသည်။

ဆက်လက်ဖတ်ရှုရန်

Nov 30, 2024

မြန်မာနိုင်ငံ “စီးပွားရေးပညာနှစ် (၁၀၀)’’ ရာပြည့်အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC–II) ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်ချီးမြှင့်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 30, 2024

နိုင်ငံတစ်နိုင်ငံ၏ အဓိကမောင်းနှင်အားသည် စီးပွားရေးဖြစ်သည်။ နိုင်ငံမည်သည့်အခြေအနေရှိသည်ဖြစ်စေ စီးပွားရေးကောင်းမွန်ပါမှ နိုင်ငံရေး၊ လူမှုရေး၊ ကာကွယ်ရေး စသည့်ကဏ္ဍအားလုံး တိုးတက်လာအောင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲ၊ ဖွံ့ဖြိုးစနိုင်ငံဖြစ်သည့်အတွက် အဓိကစီးပွားရေးဖြစ်သည့် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသော ကုန်ထုတ်လုပ်ငန်းများ တိုးတက်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 30, 2024

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက် (၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်) အမျိုးသားနေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်ကြော်ငြာစာအမှတ် ၁၉၂/၂၀၂၄ ဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်ခဲ့သည့် ပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များကို ချီးမြှင့်အပ်နှင်းခဲ့သည်။

ဆက်လက်ဖတ်ရှုရန်