Jan 13, 2025
၂၀၂၅ ခုနှစ် ကမ္ဘာ့ဟင်ဒီနေ့အခမ်းအနားကို ယနေ့တွင် ရန်ကုန်မြို့ရှိ အိန္ဒိယနိုင်ငံသံရုံး Swami Vivekananda ယဉ်ကျေးမှုစင်တာ၌ ကျင်းပသည်။
Jan 13, 2025
ပုဂံယဉ်ကျေးမှုဒေသတွင် နှစ်စဉ်ပြာသိုလပြည့်နေ့၌ ကျင်းပသည့် အာနန္ဒာဘုရားဗုဒ္ဓပူဇနိယပွဲတော်သို့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများနှင့် ပြည်ပခရီးသွားများ အများအပြားဝင်ရောက်လျက်ရှိကြောင်း သိရသည်။
Jan 13, 2025
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) နှင့် အိန္ဒိယ-မြန်မာ ကုန်သည်ကြီးများအသင်း (IMCC) တို့ ပူးပေါင်းကျင်းပသည့် အိန္ဒိယ-မြန်မာ စီးပွားရေးဆွေးနွေးပွဲကို ဇန်နဝါရီ ၁၀ ရက်တွင် ရန်ကုန်မြို့ရှိ Pan Pacific ဟိုတယ်၌ ကျင်းပသည်။
Jan 13, 2025
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီ ၇ ရက် မွန်းလွဲပိုင်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့ရှိ China National Accreditation Service for Conformity Assessment (CNAS) ရုံးချုပ်သို့ ရောက်ရှိရာ အမှုဆောင်အရာရှိချုပ်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံကြသည်။
Jan 13, 2025
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၏ သက်ကြီးသတင်းစာပညာရှင်ကြီးများအား ဂါရဝပြုဂုဏ်ပြုခြင်း အစီအစဉ်အဖြစ် သတင်းစာပညာရှင်ကြီး ၁၂ ဦးအတွက် အမှတ်တရလက်ဆောင်ပစ္စည်းများနှင့် ဂါရဝပြုချီးမြှင့်ငွေတစ်ဦးလျှင် ကျပ်ငါးသိန်းစီတို့ကို သတင်းမီဒီယာကောင်စီဝင်များက ဇန်နဝါရီ ၁၁ ရက်နှင့် ၁၂ ရက်တွင် အိမ်တိုင်ရာရောက် ဂါရဝပြုပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
Jan 13, 2025
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းသည် ယမန်နေ့က မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ သုတေသနဌာနခွဲ(ပြင်ဦးလွင်)၌ MSME လုပ်ငန်းများ၏ စားသောက်ကုန်များ၊ စက်မှုလုပ်ငန်းများမှ ထွက်ရှိသည့် စွန့်ပစ်ရေများကို စမ်းသပ်စစ်ဆေးပေးနိုင်ရန် ဓာတ်ခွဲခန်းဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေး သည်။
Jan 13, 2025
ကချင်ပြည်နယ် ပူတာအိုမြို့၌ ရောက်ရှိနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။
Jan 13, 2025
ပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသည့် လိုအပ်ချက်တစ်ခုမှာ လျှပ်စစ်ဓာတ်အားရရှိရေးဖြစ်သည်ကို မြင်တွေ့နိုင်သည်။ လျှပ်စစ်ဓာတ်အားလိုအပ်ချက်အတွက် နိုင်ငံ၏အရင်းအမြစ်များဖြစ်သည့် ရေအားလျှပ်စစ်နှင့် သဘာဝဓာတ်ငွေ့များကို အဓိကအားပြုလျက်ရှိသည်။ လျှပ်စစ်ဓာတ်အားဖြည့်ဆည်းပေးရာ၌ အထောက်အပံ့ဖြစ်စေရန် နိုင်ငံတော်အစိုးရအနေဖြင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်မှ ဓာတ်အားထုတ်ယူအသုံးပြုနိုင်ရေး အားပေးမြှင့်တင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
Jan 13, 2025
ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်း၍ တရားဥပဒေစိုးမိုးရေးသည် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အဓိကလိုအပ်ချက်ဖြစ်သည်။ ထို့အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့ရှိ တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးမှာ မရှိမဖြစ်လိုအပ်သည်။ သို့ရာတွင် လက်ရှိပြည်တွင်းဒေသအသီးသီးတို့တွင် ဖြစ်ပေါ်နေသည့် လက်နက်ကိုင်သောင်းကျန်းသူများ၏ အဖျက်အမှောင့်လုပ်ရပ်များစွာတို့ကြောင့် အပြစ်မဲ့ပြည်သူများစွာ ဆင်းရဲဒုက္ခရောက်နေကြရသည်။
Jan 12, 2025
ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံ၏ တစ်ခုတည်းသော စာပေလောက၏ဂုဏ်ကို ညွှန်းဆိုနိုင်မည့် စာဆိုဗိမာန်တစ်ခု အောင်မြင်စွာပေါ်ပေါက်ဖြစ်ထွန်းလာစေရေးအတွက် စာဆိုဗိမာန် သုံးထပ်(RC) အဆောက်အအုံတည်ဆောက်လျက်ရှိရာ မကြာခင်ကာလတွင် ပြီးစီးမည်ဖြစ်သဖြင့် ယင်းအဆောက်အအုံတွင် ခေတ်ကာလအဆက်ဆက် စာဆိုတော်ကြီးတို့၏ စာပေအနုသုခုမလက်ရာများနှင့် ဒြပ်ရှိ၊ ဒြပ်မဲ့အသုံးအဆောင်ပစ္စည်းများ ခင်းကျင်းပြသနိုင်ရေး လျာထားဆောင်ရွက်လျက်ရှိပါသည်။