Skip to main content

Jan 17, 2025

၂၀၂၅ ခုနှစ် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပရေးအတွက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဆပ်ကော်မတီ၏ ပထမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 17, 2025

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ရွှေပြည်သာအားကစားကွင်း၌ ကျင်းပသည့် နာဂရိုးရာနှစ်သစ်ကူးပွဲတော်အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 17, 2025

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)ဥက္ကဋ္ဌ ဦးမြတ်သူဝင်းနှင့်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာနဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jan 17, 2025

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ကယားပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်မျိုးသန်း၊ တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီ ၁၄ ရက်က လွိုင်ကော်မြို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနလေးခုမှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လိုအပ်သည်များကို မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးပြီး ဝန်ထမ်းများအတွက် ချီးမြှင့်ငွေများ ပေးအပ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 17, 2025

မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ဇမ္ဗူသီရိမြို့နယ် အမှတ် (၁၄) အခြေခံပညာ အထက်တန်းကျောင်း ဇမ္ဗူရွှေကြာခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 17, 2025

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ကယားပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းစိုးအောင်၊ တာဝန်ရှိသူများနှင့်အတူ ယမန့်နေ့ကလွိုင်ကော်မြို့ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ ရောက်ရှိရာ တာဝန်ရှိသူများက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 17, 2025

ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ၏ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၅)ကို ယနေ့နံနက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၁)၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 17, 2025

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ဘန်ကောက်မြို့အခြေစိုက် ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး (United Nations Office for Project Services-UNOPS)၏ အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr. Sanjay Mathur အား ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jan 17, 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ယမန်နေ့မွန်းလွဲပိုင်းက လွိုင်ကော်မြို့ မြို့လယ်ဓမ္မာရုံ၌ ကျင်းပသည့် နယ်စပ်ရေးရာဝန်ကြီးဌာနက အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် ပျက်စီးသွားသော နေအိမ်များနှင့် သဘာဝဘေးကြောင့် ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ငွေသား၊ ဆန်၊ ဆီ၊ ပဲ၊ ဆားပေးအပ်ခြင်းနှင့် ကယားပြည်နယ်အစိုးရအဖွဲ့က ယာယီနေရပ်စွန့်ခွာရာမှ ပြန်လည်ဝင်ရောက်လာသည့် ပြည်သူများအား ဆန်၊ ဆီ၊ ပဲ၊ ဆား ပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 17, 2025

​​​​​​​“မြန်မာနိုင်ငံသည် လွတ်လပ်ရေးနှင့်အတူ လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်လာခဲ့သည်မှာ နှစ်ပေါင်း (၇၆)နှစ် ကျော်လွန်ခဲ့ပြီဖြစ်၍ လက်နက်ကိုင်ပဋိပက္ခ မည်သည့်အကြောင်းကြောင့်ဖြစ်ပွားနေရသည်ကို ပြန်လည်ဆန်းစစ်ကြည့်ရန်လိုပါသည်။ သမိုင်းကြောင်းကိုသိမှ ပစ္စုပ္ပန်ကာလ၌ အားနည်းချက်များကိုသိမြင်ပြီး အနာဂတ်အတွက် အကျိုးဖြစ်ထွန်းမည်ဖြစ်ပါသည်။ နိုင်ငံရေးအယူအဆကွဲလွဲမှုများကို နိုင်ငံရေးနည်းနှင့်မဖြေရှင်းဘဲ လက်နက်စွဲကိုင်ခဲ့ကြရာက ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခဖြစ်ပွားနေခြင်းဖြစ်ပြီး တည်ငြိမ်အေးချမ်းမှုမရှိခြင်းကို သတိပြုသင့်ကြပါသည်” ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ထံမှ (၇၃)နှစ်မြောက် ကယားပြည်နယ်နေ့သို့ ပေးပို့သည့်သဝဏ်လွှာတွင် ဖော်ပြထားသည်။

ဆက်လက်ဖတ်ရှုရန်