Skip to main content

သမဝါယမကောလိပ် (မန္တလေး၊ ဖောင်ကြီး) တို့တွင် ကျောင်းအပ်လက်ခံမည့်ရက်နှင့် ကျောင်းစတင်ဖွင့်လှစ်မည့်ရက် ထုတ်ပြန်ကြေညာ

နေပြည်တော် နိုဝင်ဘာ ၁၈

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ သမဝါယမကောလိပ် (မန္တလေး၊ ဖောင်ကြီး) တို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပထမနှစ်(၂၀၂၅ ခုနှစ်အောင်) (ပထမနှစ်ဝက်) သင်တန်းနှင့် ဒုတိယနှစ် (ပထမနှစ်ဝက်) သင်တန်းများကို (၁၇-၁၁-၂၀၂၅) ရက် (တနင်္လာနေ့)မှစ၍ ကျောင်းအပ်လက်ခံပြီး (၂၄-၁၁-၂၀၂၅) ရက် (တနင်္လာနေ့) တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

သမဝါယမဦးစီးဌာန