Jan 21, 2025
ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း အမှတ်စဉ် (၅/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ (၂) ၌ ကျင်းပရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
Jan 21, 2025
မူးယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာ မဲခေါင်နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးထားသည့် အဖွဲ့ဝင်နိုင်ငံများ၏ ဗဟိုတာဝန်ခံများအစည်းအဝေးကို ယနေ့တွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှူးရုံးအစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပသည်။
Jan 21, 2025
ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးခင်မောင်ကြီး၊ ဒေါ်သင်းသင်းနွဲ့၊ ဒေါ်ပြုံးပြုံးအေးနှင့် ဒေါက်တာကိုကိုနိုင်တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ် (၁) ၌ ရုံးထိုင်ပြီး ရာဇဝတ်အထူးအယူခံမှုအမှတ် ၁၄/၂၀၂၄ (ရှမ်း) နှင့် တရားမအထူးအယူခံမှုအမှတ် ၇၀/၂၀၂၄ (မန္တလေး)၊ ၇၃/၂၀၂၄ (မွန်)၊ ၇၄/၂၀၂၄ (စစ်ကိုင်း) စုစုပေါင်း ရာဇဝတ်အထူးအယူခံမှု (၁) မှုနှင့် တရားမအထူး အယူခံမှု (၃) မှုတို့ကို စီရင်ချက်ချမှတ်သည်။
Jan 21, 2025
“(၅၃) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာသုတေသနညီလာခံ” ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ဒဂုံမြို့နယ် ဇီဝကလမ်း အမှတ် (၅) ရှိ ဆေးသုတေသနဦးစီးဌာန၌ ကျင်းပသည်။
Jan 21, 2025
ကျန်းမာရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသော “(၅၃) ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ” ကို ရန်ကုန်မြို့ ဒဂုံမြို့နယ် ဇီဝကလမ်းရှိ ဆေးသုတေသနဦးစီးဌာန (ရုံးချုပ်) ၌ ဇန်နဝါရီ ၂၀ မှ ၂၄ ရက်အထိ ကျင်းပလျက်ရှိသည်။
Jan 21, 2025
ပညာရေးဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့ ပူးပေါင်းကျင်းပသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော် ရှစ်မြို့နယ် စဉ်ဆက်ပညာရေးလုပ်ငန်း ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။
Jan 21, 2025
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းအား Exploring Myanmar Culture &Tourism Organization ၏ အမှုဆောင်ဥက္ကဋ္ဌ Mr. David Liu သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။
Jan 21, 2025
ဒီနေ့ကျင်းပပြုလုပ်တဲ့ “(၅၃) ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ” ကို တက်ရောက်လာကြတဲ့ ဧည့်သည်တော်များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပြီးကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ ဦးစွာဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။
Jan 21, 2025
ပညာသည် လူတိုင်းလူတိုင်း၏ဘဝ၊ ပတ်ဝန်းကျင်နှင့် နိုင်ငံတော်အတွက် အထောက်အပံ့ကောင်းဖြစ်သည်။ ပညာပတ်ဝန်းကျင်ကောင်းများကို ပိုင်ဆိုင်ထားသည့်နိုင်ငံသည် လူမှုစီးပွားဘဝမြင့်မားရေးကိုသာမက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အပံ့ဖြစ်စေသည်။ ပညာပတ်ဝန်းကျင်အားနည်းသောနိုင်ငံများတွင် လူမှုစီးပွားဘဝနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှု အားနည်းနေသည်။ ထို့ကြောင့် နိုင်ငံတိုင်းသည် ပညာရေးကို အားပေးမြှင့်တင်လျက်ရှိသည်။
Jan 21, 2025
နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် ပို့ကုန်တိုးမြှင့်ရေးသည် အဓိကဖြစ်သည်။ ပြည်ပပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးအတွက် အမျိုးသားပို့ကုန်မဟာဗျူဟာကို ရေးဆွဲဆောင်ရွက်ရာတွင် နိုင်ငံ၏ ရေ၊ မြေ၊ ရာသီဥတုနှင့် ကိုက်ညီပြီး ပြည်ပဈေးကွက်သို့ ပိုမိုတင်ပို့နိုင်မည့် အလားအလာရှိသည့် ပို့ကုန်များထဲတွင် ဆန်နှင့် ဆန်ထွက်ပစ္စည်းများသည် ဦးစားပေးကဏ္ဍတွင် ပါဝင်လျက်ရှိသည်။