Skip to main content

Mar 19, 2020

နေပြည်တော် မတ် ၁၉

ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် Coronavirus Disease 2019 (COVID-19) ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် နေပြည်တော်ကောင်စီက အမိန့်ကြေညာစာကို ယမန်နေ့က ထုတ်ပြန်လိုက်သည်။

အဆိုပါ အမိန့်ကြေညာစာ၌ ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် COVID-19 ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ဌာနအဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် အများပြည်သူတို့အနေဖြင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက် ကြရန်လိုအပ်ကြောင်းနှင့် တိကျစွာလိုက်နာရန် အမိန့်ကြေညာချက်ကို ထုတ်ပြန်ကြေညာ လိုက်ခြင်းဖြစ်ကြောင်း။

ဆက်လက်ဖတ်ရှုရန်

Mar 19, 2020

ရန်ကုန် မတ် ၁၉

ရန်ကုန်တိုင်းဒေသကြီးအတွင်း COVID-19 ရောဂါကြောင့် ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ အုပ်ချုပ်မှုအောက်ရှိ ဈေးများကို ပိတ်သိမ်းသွားမည်ဟု သတင်းပြန့်နှံ့ နေခြင်းသည် ကောလာဟလ သတင်းအမှားဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဈေးများဌာနက သိရသည်။

“ဈေးတွေအားလုံး ပိတ်ဖို့ အစီအစဉ် မရှိပါဘူး။ ညွှန်ကြားချက် တစ်စုံတစ်ရာ မရမခြင်း ဈေးတွေကို ပိတ်ဖို့ အစီအစဉ် မရှိပါဘူး” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဈေးများဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန့်ဇင်ထွန်းက ပြောသည်။

ဆက်လက်ဖတ်ရှုရန်

Mar 19, 2020

ဘားအံ  မတ်  ၁၉

ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်သည် ကရင်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအား ယမန်နေ့ ညနေ ၄ နာရီခွဲက  နှစ်သစ်အကြို နှစ်သစ်ကူးလက်ဆောင်များ ပေးအပ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Mar 19, 2020

ရန်ကုန် မတ် ၁၈

COVID-19 ရောဂါ ဖြစ်ပွားပျံ့နှံ့မှု ကြိုတင် ကာကွယ်တားဆီးနိုင်ရေးအတွက် ရွှေတိဂုံ စေတီတော် ဝတ္ထုကံမြေအတွင်းရှိ ဘုန်းကြီး ကျောင်း၊ သီလရှင်ကျောင်း၊ ဇရပ်၊ ဓမ္မာရုံများ တွင် တရားစခန်းများကျင်းပခြင်း၊ စုပေါင်း ဒုလ္လဘရဟန်းခံပွဲများကျင်းပခြင်း၊ အနယ်နယ် အရပ်ရပ်မှ လာရောက်ကြသည့် ဆရာတော်၊ သံဃာတော်များနှင့် သီလရှင်များ သီတင်းသုံး နေထိုင်ခြင်း၊ လူစုလူဝေးဖြင့် စတုဒိသာ ကျွေးမွေး လှူဒါန်းခြင်းများကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ညွှန်ကြားချက် ထပ်မံမထုတ် ပြန်မီကာလအတွင်း မပြုလုပ်ကြရန် ရွှေတိဂုံ စေတီတော် ဂေါပကအဖွဲ့ရုံးမှ ညွှန်ကြား ထားကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 19, 2020

ပဲခူး  မတ်  ၁၉

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ယမန်နေ့နံနက် ၉ နာရီခွဲက ပြည်မြို့နယ်အတွင်း တန်ဖိုးသင့်အိမ်ရာများ တည်ဆောက်နိုင်ရေး လုပ်ငန်းစီမံချက်နှင့် ပတ်သက်၍ Golden Zenith Co., Ltd မှ တာဝန်ရှိသူများက လာရောက်ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Mar 19, 2020

နေပြည်တော် မတ် ၁၈

ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများအများစု သင်္ကြန်ကာလနှင့် ယခုကာလများအတွင်း ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်မှု မရှိသလောက် နည်းပါးသွားနိုင်ကြောင်း ထိုင်းနိုင်ငံ ရောက် မြန်မာလူမျိုးများထံမှ သိရသည်။

ခေတ္တပြန်လာခြင်းများ မလုပ်သင့်

ဆက်လက်ဖတ်ရှုရန်

Mar 19, 2020

နေပြည်တော် မတ် ၁၈

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းသည် ရွေးကောက်ပွဲ မူဘောင် ပြုပြင်ပြောင်းလဲရေး ပူးပေါင်းဆောင်ရွက်မှု (Electoral Reform Coordination Body – ERCB) အဖွဲ့ဝင် အရပ်ဘက်လူမှုအဖွဲ့အစည်း (၈) ဖွဲ့မှ ကိုယ်စားလှယ်များနှင့် ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Mar 19, 2020

ကိုရိုနာဗိုင်းရပ်စ် (COVID-19) ဂယက်ကြောင့် မြန်မာနိုင်ငံရှိ အထည်ချုပ် လုပ်ငန်းများတွင် ကုန်ကြမ်းပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ပြီး အထည်ချုပ်စက်ရုံတချို့ လုပ်ငန်းရပ်ဆိုင်း မှုများ ဖြစ်ပေါ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Mar 19, 2020

နေပြည်တော် မတ် ၁၈

COVID-19 ရောဂါကြောင့် ဆန်ဈေးမြင့်တက်မှုမရှိစေရေးနှင့် ဆန်ဈေးတည်ငြိမ်မှုရှိစေရေး အတွက် ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌထံမှ သိရသည်။

“COVID-19 ရောဂါနဲ့ပတ်သက်ပြီး ကြိုတင်စီမံဆောင်ရွက်ထားသင့်တဲ့ အစီအစဉ်တွေကို ဆောင်ရွက်ရာမှာ အသင်းချုပ်အနေနဲ့ ဦးစားပေးဆောင်ရွက်နေတာကတော့ ပြည်တွင်းစားသုံး ဆန်ဈေးနှုန်းတည်ငြိမ်ဖို့၊ ဖူလုံမှုရှိစေဖို့နဲ့ ဈေးနှုန်းတွေ အဆမတန် မမြင့်တက်စေဖို့အတွက် ဆောင်ရွက်နေပါတယ်”ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။

ဆက်လက်ဖတ်ရှုရန်

Mar 19, 2020

ကိုရိုနာဗိုင်းရပ်စ်သည် ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါအဖြစ် နိုင်ငံအများသို့ ကူးစက်ပျံ့နှံ့နေသည်။ ကမ္ဘာ့နိုင်ငံများ၊ ကမ္ဘာ့ပြည်သူများ အားလုံးတို့သည် နိုးနိုးကြားကြားဖြင့် ကပ်ရောဂါကို ကျော်လွှားနိုင်အောင်တညီတညွတ်တည်း ကြိုးပမ်းအားထုတ်လျက်ရှိသည်။ မြန်မာနိုင်ငံတွင်လည်း ကပ်ရောဂါကို ကြံ့ကြံ့ခံဟန့်တားရင်ဆိုင်နိုင်အောင်၊ တညီတညွတ်တည်း ကြိုတင်ကာကွယ် တားဆီး ရင်ဆိုင် ဖြေရှင်းနိုင်အောင် ပြင်ဆင်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Mar 19, 2020

နေပြည်တော် မတ် ၁၈

ရန်ကုန်စီးပွားရေး တက္ကသိုလ်နှင့် ရန်ကုန်တက္ကသိုလ်၌ ယနေ့စတင်ပြုလုပ် မည့် စာမေးပွဲအား COVID-19 ရောဂါကို စိုးရိမ်၍ ဖြေဆိုလိုခြင်းမရှိသည့် ကျောင်းသား ကျောင်းသူများအတွက် အစားထိုးစာမေးပွဲကို ဇွန်လဆန်းတွင် ကျင်းပရန် လျာထားကြောင်း ရန်ကုန်စီးပွားရေးတက္ကသိုလ်နှင့် ရန်ကုန် တက္ကသိုလ်တို့မှ သတင်းထုတ်ပြန်ထားသည်။

ဆက်လက်ဖတ်ရှုရန်

Mar 19, 2020

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ကြေညာချက်အမှတ် (၇၁/၂၀၂၀)

၁၃၈၁ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက်

(၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၈ ရက်)

မြန်မာနိုင်ငံအလုပ်သမားလယ်သမားမဟာမိတ်ပါတီ[ Alliance of Myanmar's Worker and Farmer Party (A.M.W.F.P)] ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခြင်း

ဆက်လက်ဖတ်ရှုရန်

Mar 19, 2020

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန

ကြေညာချက်အမှတ် (၁/၂၀၂၀) ၁၃၈၁ ခုနှစ်၊

တပေါင်းလပြည့်ကျော် ၁၀ ရက်

(၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၈ ရက်)

ဆက်လက်ဖတ်ရှုရန်

Mar 19, 2020

နေပြည်တော် မတ် ၁၈

အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်စေရန် အလုပ်အကိုင်အခွင့်အလမ်းပြပွဲများ ကျင်းပ လျက်ရှိရာ မတ် ၂၅ ရက်တွင် ရှမ်းပြည်နယ် တာချီလိတ်မြို့၌ ကျင်းပရန်ရှိသည့် အလုပ်အကိုင် အခွင့်အလမ်းပြပွဲအား ရွှေ့ဆိုင်း လိုက်ကြောင်း သိရှိရသည်။

“ပြန်ပြီးကျင်းပမယ့်ရက်ကို ကြေညာပေးမှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ကိုရိုနာ ဗိုင်းရပ်စ် (ကိုဗစ်-၁၉) ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်အဖြစ် ကျင်းပဖို့ရက်ကို ရွှေ့ဆိုင်း လိုက်တာဖြစ်ပါတယ်”ဟု အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်ထံမှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 19, 2020

နေပြည်တော်  မတ်  ၁၈

တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များ၏ ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ် ပထမနှစ်ဝက် စာမေးပွဲများကို ယနေ့တွင် နိုင်ငံတစ်ဝန်း၌ကျင်းပရာ ဝိဇ္ဇာ/သိပ္ပံ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များ၌ စာရင်းရှိ ၃၀၇၇၅၂ ဦးအနက် ၂၉၉၄၆၃ ဦး ဖြေဆိုသဖြင့် ပျက်ကွက် ၈၂၈၉ ဦးနှင့် ပညာရေး ကောလိပ်များ၌ စာရင်းရှိ ၁၀၇၈၂ ဦးအနက် ၁၀၇၇၉ ဦး ဖြေဆိုသဖြင့် ပျက်ကွက် ၃ ဦး ရှိကြောင်း၊ နိုင်ငံတစ်ဝန်း တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များ၏ စုစုပေါင်းစာရင်းရှိ ၃၁၈၅၃၄ ဦးအနက် ၃၁၀၆၁၈ ဦး ဖြေဆိုကြပြီး ပျက်ကွက် ၈၂၉၂ ဦးရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 19, 2020

လူမှုဘဝကို အသိပေးနှိုးဆော်နိုင်သည့် အတတ်ပညာမှာ ရုပ်ရှင်အတတ် ပညာ ဖြစ်သည်။ လူတို့၏ စိတ်နှလုံးသားကို ညွတ်ပျောင်းနူးဆွေအသိပေး နိုင်သည့် ပညာမှာ ရုပ်ရှင်အတတ်ပညာဖြစ်သည်။ ထိုသို့သော အတတ် ပညာဖြင့် မြန်မာ့

ဆက်လက်ဖတ်ရှုရန်