Mar 20, 2020
နေပြည်တော် မတ် ၂၀
တနင်္သာရီတောင်တန်းဒေသ နယ်စပ်ဖြတ်ကျော် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းကာကွယ်ခြင်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်း (FD-ITTO Biodiversity) စီမံကိန်းပြီးမြောက်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ သစ်တောသုတေသနဌာန (ရေဆင်း)၌ ကျင်းပသည်။
Mar 20, 2020
ဟားခါး၊မတ်၂၀
ချင်းပြည်နယ်အတွင်း လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ Coronavirus Disease -2019 (COVID-19) ကူးစက်ပျံနှံ့မှု မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ခြင်းနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့် လုပ်ငန်းစီမံချက်ညှိနှိုင်းအစည်းအဝေး အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က ချင်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာချင်းပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့်ဘာသာရေး အသင်းအဖွဲ့များ တက်ရောက်ခဲ့ကြောင်းသိရှိရသည်။
Mar 20, 2020
နေပြည်တော် မတ် ၂၀
၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ နဝမနေ့အဖြစ် သမိုင်းဘာသာရပ်ကို ယနေ့တွင် ဖြေဆိုကြရာ နိုင်ငံခြားစာစစ်ဌာန ၅ ခုနှင့် မြန်မာတစ်နိုင်ငံလုံးရှိ စာစစ်ဌာန ၁၅၅၅ ခု၊ စာစစ် ဌာနစုစုပေါင်း ၁၅၆၀ တွင် ဖြေဆိုသူပေါင်း ၁၅၇၉၇၃ ဦးရှိကြောင်း ပညာရေး ဝန်ကြီးဌာနမှ သိရသည်။
Mar 20, 2020
နေပြည်တော် မတ်လ ၂၀
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနနှင့် နိပွန်ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဆောင်ရွက်မည့် ဘက်စုံဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရေး ဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုးပွဲ အခမ်းအနားအား ယနေ့နံနက် ၁၁ နာရီတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ အစည်း အဝေးခန်းမ၌ ကျင်းပသည်။
Mar 20, 2020
မုံရွာ၊ မတ် ၂၀
Coronavirus Disease 2019 (COVID-19) ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်ရောဂါစောင့်ကြပ်ကြည့်ရှုရေးနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည်။
Mar 20, 2020
မန္တလေး မတ် ၂၀
COVID-19 ရောဂါကြိုတင်ကာကွယ်မှုလုပ်ငန်းများအတွက် ကျန်းမာရေးရန်ပုံငွေနှင့် ပစ္စည်းများပေးအပ်လှူဒါန်းပွဲကို မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်ရှိ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်က အဖွင့်အမှာစကား ပြောကြား သည်။
Mar 20, 2020
မင်းဘူး မတ် ၂၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၊ မန်းရွှေစက်တော်ဘုရားမှ ဗုဒ္ဓဘုရားရှင်၏ ရွှေသားစက်လက္ခဏာ ၁၀၈ ကွက်အား စီးပွားရေးဘဏ်၊ ဘဏ္ဍာတိုက်၌ အပ်နှံသိမ်းဆည်းထားခဲ့ကြောင်း ဘုရားဂေါပကထံမှ သိရသည်။
Mar 20, 2020
မုံရွာ မတ် ၁၉
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့စက်မှုဇုန်တွင် ပျားမွေးမြူရေးလုပ်ငန်းများအတွက် အထောက်အပံ့ပေးနိုင်မည့် ပျားရည်သန့်စင်စက်ရုံကိုလာမည့် ဧပြီလတွင် စတင်စမ်းသပ်လည်ပတ်မည်ဖြစ်ကြောင်း ပျားရည်သန့်စင်စက်ရုံ မန်နေဂျာ ဦးမျိုးလွင် က ပြောကြားသည်။
Mar 20, 2020
တောင်ကြီး မတ် ၂၀
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကျင်းပပြုလုပ်သော ရှမ်းပြည်နယ်အတွင်း COVID-19 အဆုတ်ရောင်ရောဂါ ဖြစ်ပွားမှုမရှိစေရေးအတွက် စောင့်ကြည့် စစ်ဆေးကုသရေး ကြီးကြပ်မှုကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ (၂) နာရီတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Mar 20, 2020
ပဲခူး မတ် ၂၀
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က လတ်တ လော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (Covid -19) ကာကွယ်ထိန်းချုပ် ကုသခြင်းများ ဆောင်ရွက်နိုင်ရန်အတွက် ထောက်ပံ့ငွေပေးအပ်ပွဲ ကျင်းပပြုလုပ်ခဲ့ သည်။
Mar 20, 2020
၁။ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ရေနံ ရှာဖွေတူးဖော်ရေးလုပ်ငန်းများတွင် အကျိုးတူ ပူးပေါင်း ပူးပေါင်းဆောင်ရွက်လျက်ရှိသော POSCO Daewoo Corporation (Myanmar E&P) သည် ကမ်းလွန်လုပ်ကွက်အမှတ် A-1 နှင့် A-3 တို့တွင် Drilling Campaign လုပ်ငန်းများအား Drillship “MAERSK VIKING” (Call Sign: S6LY3) ဖြင့် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့မှ ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၅ ရက်နေ့အထိ ဆောင်ရွက်မည်ဖြစ်ကြောင်း ရေကြောင်းသတိပေးချက် ထုတ်ပြန်ပေးရန် ရည်ညွှန်းပါစာဖြင့် တင်ပြခဲ့ပြီးဖြစ်ပါသည်။ သို့ရာတွင် အဆိုပါနေ့ရက် တွင် တွင်းတူးဖော်ရေးလုပ်ငန်းများ မပြီးသေးပါသဖြင့် ၂၀၂၀ ပြည့်နှစ် မတ်လ ၂၀ ရက်နေ့မှ ၂၀၂၀ ပြည့်နှစ
Mar 19, 2020
ရန်ကုန် မတ် ၁၉
ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် အကယ်ဒမီခုနှစ်ဆုရှင် ဦးညွန့်ဝင်းက ၎င်းရေးသားသည့် “ယုံကြည်အောင် ဖန်ဆင်း” စာအုပ်အား မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးသို့ လှူဒါန်းသည့် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဝင်္ကဘာလမ်းရှိ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး၌ ကျင်းပသည်။
Mar 19, 2020
နေပြည်တော် မတ် ၁၉
COVID-19 ရောဂါနှင့်ပတ်သက်၍ ကမ္ဘောဇဘဏ်နှင့် KBZ MS General Insurance တို့က COVID-19 ကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်း များ ဆောင်ရွက်နိုင်ရန်အတွက် ငွေကျပ်သိန်း ၁၀၀၀ ကနဦး မတည် လှူဒါန်းခဲ့ကြောင်း သိရသည်။
Mar 19, 2020
နေပြည်တော် မတ် ၁၉
နေပြည်တော် ခုတင် ၁၀၀၀ ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေကြသော လူနာများနှင့် လူနာစောင့် များအား COVID -19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးမှုကို ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေးရာတွင် ဆေးရုံအုပ် ဒေါက်တာ ခင်ဆန်းဆန်းကျော်၊ သူနာပြုအုပ်ကြီး ဒေါ်စောရွှေနှင့် လုပ်ငန်းအရာရှိ(ဆေးလူမှု) ဦးအောင်အောင်တို့က COVID-19 ရောဂါနှင့်ပတ်သက်၍ ရောဂါကူးစက်နိုင်ခြေ ရှိသည့် နည်းလမ်းများ၊ သံသယဖြစ်ဖွယ်ရောဂါလက္ခဏာများ၊ ကာကွယ်နိုင်မည့်နည်းလမ်းများအား ရှင်းလင်း ပြောကြားသည်။
Mar 19, 2020
ရန်ကုန် မတ် ၁၉
စင်ကာပူနိုင်ငံမှ Mediashock Pro-duction သည် ပြည်တွင်းရုပ်ရှင်ကုမ္ပဏီ တစ်ခုဖြစ်သော Skyward Film Production နှင့်ပူးပေါင်းပြီး မတ် ၁၈ ရက်က UMFCCI အသင်း၏ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးနှင့် Impact Hub Co.,Ltd မှ Founder ဖြစ်သူ ကိုဥက္ကာမျိုးတို့အား မြန်မာနိုင်ငံ၏ ပြောင်းလဲတိုးတက်လာသော နည်းပညာအကြောင်း ခေါင်းစဉ်ဖြင့် တွေ့ဆုံမေးမြန်းခန်း ရိုက်ကူးသည်။
မောင်တောမြို့နယ် ငါးခူရပြန်လည်လက်ခံရေးစခန်းသို့ မိမိတို့ဆန္ဒအရ ပြန်လည်ဝင်ရောက်လာသူများအား စိစစ်လက်ခံ
Mar 19, 2020
မောင်တော မတ် ၁၉
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ငါးခူရ ပြန်လည်လက်ခံရေးစခန်း၌ ယနေ့ နံနက် ၉ နာရီခွဲက မိမိတို့ ဆန္ဒအရ ပြန်လည်ဝင်ရောက်လာ သည့် နေရပ်စွန့်ခွာသူ အိမ်ထောင်စု နှစ်စု အမျိုးသား ငါးဦး၊ အမျိုးသမီး ခြောက်ဦး စုစုပေါင်း ၁၁ ဦးအား ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များ အတိုင်း သက်ဆိုင်ရာ တာဝန်ရှိသူ များက စိစစ်လက်ခံ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ယင်းသို့ လက်ခံဆောင်ရွက် ရာတွင် ရှေးဦးစွာ လုံခြုံရေး တာဝန် ရှိသူများက သတ်မှတ်နေရာ၌ တစ်ဦးချင်း လုံခြုံရေးဆိုင်ရာ ရှာဖွေ စစ်ဆေးမှုများပြုလုပ်သည်။
Mar 19, 2020
အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ COVID - 19 ကို ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ (Pandemic) အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က မတ်လ ၁၁ ရက်နေ့ညတွင် တရားဝင် အတည်ပြုကြေညာခဲ့သည်။ ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် ဇန်နဝါရီလ ၃၀ ရက်နေ့က ဖွဲ့စည်းခဲ့သည့် COVID-19 ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီကို အမျိုးသားအဆင့်ဗဟိုကော်မတီအဖြစ် မတ်လ ၁၃ ရက်နေ့၌ တိုးမြှင့်ဖွဲ့စည်းခဲ့သည်။
