Skip to main content

Aug 07, 2020

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ကျင်းပပြုလုပ်မည့် အထွေထွေ ရွေးကောက်ပွဲတွင် ကယား ပြည်နယ် အတွင်းရှိ မဲဆန္ဒရှင်များ၏

ဆက်လက်ဖတ်ရှုရန်

Aug 07, 2020

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA)၏ စီမံမှုဖြင့် ရန်ကုန် - ကိုကိုးကျွန်း တတိယ မြောက်သင်္ဘောခရီးစဉ်ကို ဩဂုတ် ၉ ရက် တွင် ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 07, 2020

အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန် ခံချက်များ စိစစ်ရေးကော်မတီသည် မေးခွန်းရှင် ကိုယ်စားလှယ်များနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များအား ဖိတ်ကြား၍ ကျင်းပသော လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ကော်မတီရေးရာဆောင်အမှတ်(I-20) အပေါ်ထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 07, 2020

Workshop On Leading With Purpose and Passion ခေါင်းစဉ်ဖြင့် အွန်လိုင်းသင်တန်းကို ယနေ့ မွန်းလွဲပိုင်းက ကျင်းပရာ MRTV မှ ဝန်ထမ်း ခြောက်ဦး တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 07, 2020

မျက်မှောက်ကာလတွင် နိုင်ငံသားတိုင်း ကျန်းမာရေးအခွင့်အရေးနှင့် နိုင်ငံသားတိုင်း နိုင်ငံသား အခွင့်အရေးရရှိရေးသည် အရေးကြီးသော အခြေခံ အခွင့်အလမ်းများဖြစ်သည်။ ကျန်းမာရေးသည် နိုင်ငံသားတိုင်း၏ တာဝန် ဖြစ်သကဲ့သို့ ရပိုင်ခွင့်ရှိသော အခွင့်အရေးလည်းဖြစ်သည်။ အခြား အခွင့်အရေး တစ်ခုမှာ ရွေးကောက်ပွဲတွင် ပါဝင်မဲပေးခွင့်ရှိရေးဖြစ်သည်။ ယင်းအချက် နှစ်ချက်သည် နိုင်ငံသားများ၏ ရပိုင်ခွင့်နှင့်တာဝန်ဖြစ်ပြီး ယင်းတို့ကို နိုင်ငံတော်အစိုးရက ဖော်ဆောင်ပေး နေသည်။

ဆက်လက်ဖတ်ရှုရန်

Aug 07, 2020

လက်ဘနွန်နိုင်ငံ၏ မြို့တော် ဘေရွတ်ဆိပ်ကမ်းရှိ ကုန်လှောင်ရုံ ပေါက်ကွဲမှုကြီး ဖြစ်ပွားမှုကြောင့် လူ ၁၀၀ကျော် သေဆုံးပြီး လူပေါင်း ၄၀၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ သြဂုတ်လ ၄ ရက်နေ့တွင် ဖြစ်ပွား ခဲ့သည့် အဆိုပါ ပေါက်ကွဲမှုကြီးကို နိုင်ငံတကာသတင်းများနှင့် လူမှုကွန်ရက်များ၌ မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရာ လွန်စွာပြင်းထန် ပြီး လွန်စွ

ဆက်လက်ဖတ်ရှုရန်

Aug 06, 2020

မြန်မာ့ရုပ်ရှင်ရာပြည့်ကိုဂုဏ်ပြုသောအားဖြင့် မြန်မာ့ရုပ်ရှင်တေးသီချင်း အပုဒ် (၁၀၀) ကို Emperor တေးဂီတအဖွဲ့နှင့် အခြား တေးဂီတအဖွဲ့များ၊ နိုင်ငံကျော် တေးသံရှင်များ၏ ဖျော်ဖြေမှုများဖြင့် ဩဂုတ်လ (၇) ရက်၊ သောကြာနေ့မှစတင်၍ အပတ်စဉ် သောကြာနေ့တိုင်း မြန်မာ့ရုပ်မြင်သံကြား (MRTV) ၏ ည (၈)နာရီ သတင်းအစီအစဉ်အပြီးတွင် မြန်မာ့ရုပ်မြင်သံကြား (MRTV) နှင့် MRTV Facebook Page တို့မှ တိုက်ရိုက်ထုတ်လွှင့်ပေးသွားမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 06, 2020

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် အိန္ဒိယနိုင်ငံမှ အခက်အခဲကြုံ နေရသည့် မြန်မာနိုင်ငံသား (၅၄) တို့အား Air India ကယ်ဆယ်ရေး လေယာဉ်ဖြင့် ခေါ်ဆောင်ခဲ့ရာ ယနေ့ ညနေ ၄နာရီတွင်လည်းကောင်း၊ ဂျပန်နိုင်ငံမှ အခက်အခဲ ကြုံနေရသည့် မြန်မာနိုင်ငံသား(၁၆၉)ဉီးတို့အား ANA ကယ်ဆယ်ရေး လေယာဉ်ဖြင့် ခေါ်ဆောင် ခဲ့ရာ ယနေ့ ညနေ ၄နာရီခွဲတွင် လည်းကောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည် ရောက်ရှိခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 06, 2020

ထိုင်းနိုင်ငံရှိ ခရိုင်ဒေသအသီးသီးမှ မြန်မာရွှေ့ပြောင်းအလုပ်သမား (၁၀၄၄) ဦးသည် ယနေ့ ဩဂုတ်လ (၆)ရက်နေ့ နံနက်(၆) နာရီမှ ညနေ (၆) နာရီအထိ မြဝတီမြို့ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ်(၂)ဂိတ်မှ တစ်ဆင့် မိမိအစီအစဉ်များဖြင့် ပြန်လည်ဝင်ရောက် လာကြသည်။ ပြန်လည်ဝင်ရောက်လာသူများမှာ အမျိုးသား(၅၃၅)ဦးနှင့် အမျိုးသမီး(၅၀၉)ဦး စုစုပေါင်း (၁၀၄၄)ဦးဖြစ်ပြီး အများစုမှာ ကိုယ်ဝန်ဆောင်သူများ၊ ကျောင်းပြန်တက်ရမည့် ကလေးငယ်များ၊ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံထားရသူများနှင့် စက်ရုံလုပ်ငန်းများ ကာလကြာပိတ်ထားသဖြင့် အလုပ်နည်းပါးလာသောကြောင့် ပြန်လာကြသူများ ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 06, 2020

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် နိုင်ငံပြင်ပရောက်မဲဆန္ဒရှင်များ ကြိုတင် ဆန္ဒမဲပေးနိုင်ရေး ၊ ကိုဗစ် − ၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများလက်ခံရေးနှင့် ကျန်းမာရေး စံသတ်မှတ်ချက်များ (SOP) ရေးဆွဲနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့၏ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 06, 2020

အိမ်နီးချင်း နိုင်ငံများဖြစ်သော အိန္ဒိယနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့တွင် ကန္တာရကျိုင်းကောင် (Desert Locust)အများအပြား ကျရောက်ပြီး စိုက်ခင်းများကို ဖျက်ဆီးလျက်ရှိရာ ချင်းပြည်နယ်သည်လည်း အထူးသတိထားရမည့် ပြည်နယ်တွင် ပါဝင်လျက် ရှိခြင်းကြောင့် မင်းတပ်မြို့နယ်အတွင်းတွင် မြို့ပေါ်နှင့် ကျေးရွာများတွင် ကင်းထောက် သတိပေးအဖွဲ့ကို ဇူလိုင်လအတွင်းက ဖွဲ့စည်းထားလျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 06, 2020

၁။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် မဲဆန္ဒရှင်စာရင်းများကို ၂၅-၇-၂၀၂၀ ရက်နေ့မှ ၇-၈-၂၀၂၀ ရက်နေ့အထိ ၁၄ ရက်ကြာ ကပ်ထားကြေညာခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Aug 06, 2020

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်စည်ပင်သာယာရေးအဖွဲ့သည် ၂၀၁၈-၂၀၁၉ ပထမ(၆)လပတ် ဘတ်ဂျက်ဖြင့် မြို့ပြ စည်ပင်သာယာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ငွေကြေးအလွဲသုံးစား ပြုလုပ်ခြင်းအပေါ် စိစစ်ဖော်ထုတ်ပေးပါရန် ဤကော်မရှင်သို့ တိုင်ကြားခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Aug 06, 2020

ကမ္ဘာ့နိုင်ငံများအားလုံး၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ် Universal Periodic Review(UPR) နှင့်ပတ်သက်၍ အမျိုးသားအဆင့် စတုတ္ထအကြိမ် အစီရင်ခံစာ (မူကြမ်း) အပေါ် လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနက စုစည်း တင်ပြဆောင်ရွက်ရသည့် အချက်အလက်များ ပိုမိုတိကျခိုင်မာအားကောင်းစေရေး သုံးသပ်ခြင်း အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက အဆိုပါဝန်ကြီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 06, 2020

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် ၂၀၁၉ ခုနှစ်အတွင်း သဘာဝဘေးအန္တရာယ် ရေကြီးရေလျှံမှုများကြောင့် စိုက်ပျိုးသီးနှံပင်များ ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရာ တောင်သူများ အနေဖြင့် ပျက်စီးဆုံးရှုံးများအတွက် သက်သာမှုရရှိစေရန်ရည်ရွယ်၍ နိုင်ငံတော်အစိုးရ၏ (ပြည်ထောင်စု) အရေးပေါ်ရန်ပုံငွေမှ ထောက်ပံ့ကြေးပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ဆောင်ရွက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 06, 2020

ပုသိမ်မြို့နယ်လုံးဆိုင်ရာ သာသနာ့အကျိုးတော်ဆောင်အဖွဲ့ကြီးမှ ဝါတွင်းဝါပ မဟာသံဃိကဒါန အရုဏ်ဆွမ်း ဆက်ကပ်လောင်းလှူပူဇော်ပွဲ အမှတ်စဉ်(၂) ကို ယနေ့နံနက် ၄ နာရီက ပုသိမ်မြို့ ဝိသာခါဓမ္မာရုံတွင် ပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 06, 2020

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ တာလောကြီးနှင့် စံကင်းကျေးရွာများရှိ ပုံမှန် ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ သည့် ထောက်ပံ့ငွေများကို ယမန်နေ့ နံနက် ၉ နာရီတွင် အဆိုပါ ကျေးရွာများသို့ ပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးနှင့် ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးတို့က သွားရောက် ထောက်ပံ့ပေးခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 06, 2020

ကချင်ပြည်နယ် မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနရုံး သင်တန်းခန်း ဖွင့်လှစ်ပွဲနှင့် အခြေခံငါးမွေးမြူရေး၊ ငါးဆေးထိုးသားဖောက် သင်တန်းဖွင့်လှစ်ခြင်း အခမ်းအနား ကို ယမန်နေ့ နံနက် (၉)နာရီတွင် ဝိုင်းမော်မြို့နယ် ငါးလုပ်ငန်းစခန်းရုံး၌ ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်