Mar 30, 2020
နေပြည်တော် မတ် ၃၀
လက်ရှိ ပြည်တွင်းစျေးကွက်အတွင်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၁၁၄၀၀၀၀ ခန့်ရှိပြီး ဆက်လက်ကျဆင်းနိုင်ကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းမှ အထွေထွေအတွင်းရေးမှူး ဦးအုန်းမြိုင် က ပြောသည်။
"အခုဟာ COVID-19 က ကမ္ဘာနဲ့အဝှမ်း ဖြစ်သွားတော့ အရောင်းအဝယ်တွေလည်း အကုန်လုံး ရပ်သွား တာပေါ့၊ စျေးကွက်အလားအလာအရတော့ ကျနိုင်တယ်"ဟု ဦးအုန်းမြိုင်က ပြောသည်။
Mar 30, 2020
၁။ မြန်မာနိုင်ငံ၌ (၂၉-၃-၂၀၂၀) ရက်နေ့အထိ COVID-19 ရောဂါပိုးတွေ့ရှိသူ (၁၀) ဦး ရှိလာပြီး၊ ၎င်းတို့အနက် အသက်(၄၄) နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသား တစ်ဦးသည် (၂၃-၃-၂၀၂၀) ရက်နေ့တွင် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ မြဝတီနယ်စပ်ဂိတ်မှတစ်ဆင့် ဝင်ရောက်ကာ မင်္ဂလာဒုံမြို့နယ်သို့ ရောက်ရှိနေထိုင်ခဲ့ပြီး (၂၉-၃-၂၀၂၀) ရက်နေ့ ဓါတ်ခွဲနမူနာအဖြေအရ COVID-19 ရောဂါပိုး ရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။
Mar 30, 2020
ကိုဗစ် -၁၉ ရောဂါကူးစက်ခံရကြောင်း ဓာတ်ခွဲအတည်ပြုလူနာ နှစ်ဦးကို စတင်တွေ့ရှိခဲ့ရသည့် မတ်လ ၂၃ ရက်နေ့မှ စတင်၍ မတ်လ ၃၀ ရက်အထိ ရက်သတ္တတစ်ပတ်အတွင်း အတည်ပြုလူနာ ၁၄ ဦးအထိ ရှိလာ ခဲ့ပြီဖြစ်သည်။ အစောပိုင်းတွင်အတည်ပြုလူနာ များအဖြစ် အမေရိကန်၊ အင်္ဂလန်၊ ဆွစ်ဇာလန် စသည့် နိုင်ငံ များမှ ဝင်ရောက်လာသူများ ကူးစက်ခံလာရခြင်းကို တွေ့ရှိခဲ့ရပြီး မတ်လ ၂၉ ရက်နေ့တွင်မူ ထိုင်းနိုင်ငံမှ ဝင်ရောက် လာသူတစ်ဦးနှင့် ပြည်ပခရီးသွားရောက်ခဲ့ခြင်း မရှိသူတစ်ဦးတို့တွင် ဗိုင်းရပ်စ်ကူးစက် ခံထား ရကြောင်း တွေ့ရှိလာရခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံဖြစ်သည့် ထိုင်း နိုင်ငံသည် ပြည်ပသို့ သ
Mar 30, 2020
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ဌာနမှူး ဦးဆောင်၍ ယမန်နေ့ည ၉ နာရီက ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရန်ကုန်ပြည်သူဆေးရုံကြီး အတွင်းအပြင် နေရာများဆေးဖျန်းရာ စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ ဒုတိယမြို့တော်ဝန် ဦးစိုးလွင်နှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
Mar 30, 2020
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး(အောက်ထပ်)အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီက အဂ္ဂမဟာသီရိသုဓမ္မ မဏိဇောတရ ဦးစိုင်းမျိုးဝင်း(Chairman & Founder) EXCELLENT FORTUNE FOUNDATION (EFF FOUNDATION) မှ ကိုရိုနာဗိုင်းရပ်(စ်) ရောဂါကာကွယ်ရေးအတွက် ကာကွယ်ရေးဝတ်စုံ(PPE)နှင့် ကာကွယ်ရေးပစ္စည်းများအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုနှင့် လူမှုရေးဝန်ကြီး ဒေါက်တာ ခင်မောင်အေးတို့ထံ လှူဒါန်းပေးအပ်ခဲ့သည်။
Mar 30, 2020
(၃၀-၃-၂၀၂၀) ရက်နေ့၊ ည (၇:၃၀) နာရီ
Mar 30, 2020
ရန်ကုန် မတ် ၂၉
ရန်ကုန်မြို့ရှိ ဆေးဝါးစက်ရုံ(အင်းစိန်) BPI က COVID-19 ရောဂါ ကာကွယ်ရေးအတွက် ဈေးကွက်တွင် လိုအပ်လျက်ရှိသည့် လက်သန့် ဆေးရည်နှင့် အရက်ပြန်ဆေးဘူးများကို ယခင် ကထက် ပိုမိုတိုးမြှင့် ထုတ်လုပ်လျက်ရှိ ကြောင်း အဆိုပါ ဆေးဝါးစက်ရုံ (အင်းစိန်) မှ သိရသည်။
Mar 30, 2020
ယနေ့အချိန်သည် မရှောင်လွှဲနိုင်သော ကပ်ရောဂါကို နိုင်ငံသားတို့ ဝိုင်းဝန်းပူးပေါင်း ကာကွယ် တွန်းလှန်နေရသည့် ကာလဖြစ်သည်။ သဘာဝတရားက လူတို့ကို ခွဲခြားဆက်ဆံမှုမပြု။ ယခု ကိုဗစ် ၁၉ ဗိုင်းရပ်စ်ရောဂါကူးစက်ပြန့်ပွားမှု ဖြစ်လာသည့်အခါ ဗိုင်းရပ်စ် ကူးစက်မှုက ဆင်းရဲချမ်းသာမရွေးခဲ့။ အားလုံးတန်းတူညီမျှ အန္တရာယ်ရှိသည်ချည်းဖြစ်၏။
Mar 30, 2020
မန္တလေး မတ် ၂၉
ယခုကာလအတွင်း ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါဂယက်ကြောင့် ပြည်တွင်း၌စားသုံးရန် ဝယ်ယူမူများပြားလာသည့် မြန်မာ့ထွက်ကုန်သီးနှံ ကုလားပဲများစျေးကွက်အတွင်း ရောင်းအားသိသာစွာ မြင့်တက်လျက်ရှိကြောင်း မန္တလေးမြို့ ပဲကုန်သည်များထံမှ သိရသည်။
Mar 30, 2020
COVID-19 ရောဂါနဲ့ ပတ်သက်ပြီး ထိခိုက်လွယ်တဲ့လူတွေကို ရောဂါပိုးကူးစက်မှုကနေ ဘယ်လိုကာကွယ်မလဲ အသိပညာပေးဆွေးနွေးပွဲကို မတ်လ ၂၄ ရက်နေ့ ညပိုင်းက မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ခဲ့သည်။
Mar 29, 2020
လူရွက်လျက်ရှိရာ လူစုလူဝေးမလုပ်ဆောင်နေသူတွေ့ခြင်းမရှိကမ္ဘာတစ်ဝန်းဖြစ်ပွားနေသော COVID-19 ရောဂါကြောင့် လူ့အသက်များ ဆုံးရှုံးမှုလျော့ကျစေရေး တစ်ကမ္ဘာလုံး ဝိုင်းဝန်းကြိုးပမ်းအားထုတ်လျက် ရှိသည်။ ကပ်ဘေးရောဂါသည် အချိန်ကာလ အတိုင်းအတာတစ်ခုအထိကြာမြင့်နိုင်ပြီး တစ်နေ့တွင် ရောဂါ အဆုံးသတ်ရပ်တန့်သွားမည် ဖြစ်သည်။ သို့သော် အဆိုပါရောဂါနှင့်ဆက်စပ်၍ ကမ္ဘာ့စီးပွားရေးတစ်ခုလုံး ထိခိုက်မည့် အရေးကို တွေးတောပြင်ဆင်နေရဦးမည် ဖြစ်သည်။
Mar 29, 2020
စဉ့်ကူး မတ် ၂၉
စဉ့်ကူးမြို့နယ်အတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် စဉ့်ကူးမြို့နယ် ပြည်သူ့ဆေးရုံနှင့် ကျည်တောက်တိုက်နယ်ဆေးရုံတို့တွင် စောင့်ကြည့်လူနာများထားရှိရန် စီမံဆောင်ရွက် ထားရှိမှုများကို ယနေ့နံနက် (၁၀)နာရီက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီ ဦးမျိုးသစ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်ဝင်းမြင့်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်နိုင်ဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မင်းဇော်ဦး(ပြန်/ဆက်)
Mar 29, 2020
ရန်ကုန် မတ် ၂၉
COVID - 19 ရောဂါကာကွယ်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ်ရှိ ဗိုလ်ဆွန်ပက်လမ်းနှင့် လမ်း(၃၀)အထက် ဘလောက်တို့တွင် ယနေ့မွန်းလွဲ ၂ နာရီမှစတင်၍ ရေဖျန်းခြင်းနှင့် ပိုးသတ်ဆေး ဖျန်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။
Mar 29, 2020
ဧရာဝတီ မတ် ၂၉
ဧရာဝတီတိုင်းဒေသကြီးသို့ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးအတွက် အလှူငွေပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းဝေးခန်းမ၌ ကျင်းပသည်။
Mar 29, 2020
လယ်ဝေး မတ် ၂၉
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ သီရိမင်္ဂလာခန်းမတွင် ယနေ့ နံနက်(၁၀)နာရီက ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ်ရေးဆိုင်ရာ အသိပညာပေးတွေ့ဆုံဆွေးနွေးပွဲ ကျင်းပသည်။
Mar 28, 2020
(မတ်လ ၊ ၂၇ ရက် ၊ ၂၀၂၀ ပြည့်နှစ်)
Coronavirus Disease 2019 (COVID-19) နှင့် ပတ်သက်၍ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများကို အစိုးရက အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိပါသည်။ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ၏ အတည်ပြုချက်ဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနအသီးသီးက ထုတ်ပြန်ထားသော ညွှန်ကြားချက်များ၊ ကူးစက်ရောဂါဘေး အန္တရာယ်နှင့်ပတ်သက်၍ ထုတ်ပြန်ထားရှိပြီးဖြစ်သော ဥပဒေများ ကို ပြည်သူများအားလုံးက လိုက်နာကြရန်ပန်ကြားအပ်ပါသည်။
လိုက်နာခြင်းမရှိ သူများအား −
Mar 28, 2020
၁။ Coronavirus Disease 2019 (COVID-19) ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ အစည်းအဝေးအမှတ်စဉ် ၂/၂၀၂၀ ၏ ဆုံးဖြတ်ချက်အရ COVID-19 ကြောင့် လတ်တလောစီးပွားရေးထိခိုက်မှု အများဆုံးခံစားရသည့် လုပ်ငန်းကဏ္ဍများအဖြစ် CMP လုပ်ငန်းများ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများနှင့် အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများကို ဦးစားပေးကုစားရမည့် ကဏ္ဍများအဖြစ် သတ်မှတ်၍ ၁၀၀ ဘီလီယံ ကျပ် ဖြင့် COVID-19 Fund ထူထောင်ကာ ချေးငွေများ ထုတ်ချေးပေးရန် ဆုံးဖြတ် ခဲ့ပါသည်။
Mar 28, 2020
နေပြည်တော် မတ် ၂၈
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းစာရှင်း လင်းပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ စစ်သမိုင်း ပြတိုက်၌ ပြုလုပ်သည်။
သတင်းစာရှင်းလင်းပွဲ မစတင်မီ တက်ရောက်လာကြသူများအား COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူများက စမ်းသပ်စစ်ဆေးခြင်းများ ဆောင်ရွက်ပေးသည်။
ရှင်းလင်းပြောကြား
Mar 28, 2020
(၂၈-၃-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ
၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ် များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူလူထုအခြေပြု စောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။
