Skip to main content

Extractive Industries, Sustainable Development and the 2030 Agenda in Asia and the Pacific စကားဝိုင်းဆွေးနွေးပွဲကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၄

ကုလသမဂ္ဂ အာရှပစိဖိတ်ဆိုင်ရာ စီးပွားရေးနှင့် လူမှုရေးကော်မရှင်က ကြီးမှူး၍ ယနေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ Online မှတစ်ဆင့် ကျင်းပသည့် Extractive Industries, Sustainable Development and the 2030 Agenda in Asia and the Pacific (စကားဝိုင်းဆွေးနွေးပွဲ) သို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးသန်းဇော် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပါဝင်တက်ရောက်သည်။

အဆိုပါစကားဝိုင်းဆွေးနွေးပွဲတွင် အမြဲတမ်းအတွင်းဝန်က ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၁၂ ရက်တွင် ကျင်းပပြုလုပ်ခဲ့သော Climate Ambition Summit တွင် ကာဗွန် ထုတ်လုပ်မှု လျှော့ချ ရေးနှင့် ပတ်သက်၍ ရည်မှန်းဆောင်ရွက်နေမှုများကို ဆွေးနွေးတင်ပြခဲ့ပါကြောင်း၊ Expansion of Carbon Sink စပ်လျဉ်း၍ မြန်မာနိုင်ငံ၏ ရည်မှန်းချက်များမှာ နိုင်ငံ၏ စုစုပေါင်းဧရိယာ ၁၀ ရာခိုင်နှုန်းကို ကာကွယ်ထားသော Protected Area Systems အဖြစ်တိုးချဲ့သွားရန်၊ ထိန်းသိမ်း ထားသော သစ်တောဟက်တာသန်းပေါင်း ၀ ဒသမ ၂၅ သန်းကို အများပြည်သူစိုက်ပျိုးမြေအဖြစ် ဆက်လက်ထိန်းသိမ်းထားရန်နှင့် ၂၀၁၇ ခုနှစ်မှ ၂၀၂၇ ခုနှစ်အတွင်း ပုဂ္ဂလိကပိုင် မြေများအား Myanmar Reforestation and Rehabilitation Plan နှင့်အညီ ဆောင်ရွက်ထိန်းသိမ်းသွားရန် တို့ဖြစ်ပါကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံ၏ စွမ်းအင်ချွေတာမှု (Energy Efficiency) လုပ်ငန်းစဉ် များ ကိုလည်း ရည်မှန်းချက်များချမှတ်၍ ထိရောက်စွာ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၀-၂၀၃၀ နှစ်အတွင်း ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ် မှု လျှော့ချနိုင်ရန်အတွက် Fuel-Efficient Stoves များဖြန့်ဖြူးသွားရန်စီစဉ်ထား ရှိပါကြောင်း။

လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍတွင်လက်ရှိ LNG အပါအဝင် သဘာဝဓာတ်ငွေ့ ၄၅ ရာခိုင်နှုန်း ခန့်၊ ပြန်ပြည့်မြဲစွမ်းအင် ၅၄ ရာခိုင်နှုန်းခန့်နှင့် အခြားစွမ်းအင် ၁ ရာခိုင်နှုန်းတို့ကိုအသုံးပြုနေပြီး အဓိကအားဖြင့် ပြန်ပြည့်မြဲစွမ်းအင်သုံးစွဲမှုကို အလေးထားဆောင်ရွက်နေပါကြောင်း၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် လာမည့် ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး ၁၀၀ ရာခိုင်နှုန်း လျှပ်စစ်ဓာတ်အားရရှိရေး ရည်မှန်းဆောင်ရွက်လျက်ရှိပါကြောင်း။

LNG ၊ ပြည်တွင်းထုတ် သဘာဝဓာတ်ငွေ့၊ လေစွမ်းအင်နှင့် နေရောင်ခြည် စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများ တိုးချဲ့တည်ဆောက်ရန် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ၂၀၃၀ ပြည့်နှစ်တွင် ပြန်ပြည့်မြဲစွမ်းအင်ကို ၂,၀၀၀ မဂ္ဂါဝပ်အထိ တိုးချဲ့ထုတ်လုပ် သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် မိမိတို့ နိုင်ငံသည် International Solar Alliance (ISA) တွင် အဖွဲ့ဝင်အဖြစ် တက်ကြွစွာပါဝင် ဆောင်ရွက်လျက်ရှိပါကြောင်း  ဆွေးနွေးပြောကြား သည်။

အဆိုပါ စကားဝိုင်းဆွေးနွေးပွဲသို့ ကမ္ဘာ့ကုသမဂ္ဂအဖွဲ့ချုပ်၊ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးနှင့် လူမှုရေးကော်မရှင်နှင့် ကမ္ဘာ့နိုင်ငံ အသီးသီးမှ ကိုယ်စားလှယ်များ တက်ရောက်ပြီး အာရှနှင့်ပစိဖိတ်ဒေသနိုင်ငံများ၏ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာ ဌာနအကြီးအကဲများမှ Green Growth and Green Economy ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ရုပ်ကြွင်းလောင်စာ သုံးစွဲမှုလျှော့ချပြီး ပိုမိုသန့်ရှင်းသော စွမ်းအင်များနှင့် ပြန်ပြည့်မြဲ စွမ်းအင်များ တိုးမြှင့်သုံးစွဲရေး၊ Extractive Industry ကဏ္ဍတွင် လူမှုစီးပွားရေးနှင့်သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ စဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိရေး၊ လက်ရှိချမှတ် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသော မူဝါဒများ၊ မဟာဗျူဟာများနှင့် နည်းပညာများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)