Skip to main content

Feb 08, 2025

မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာ ထိန်းသိမ်းစောင့်ရှောက်တတ်စေရေး၊ ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် အတူတကွ ပူးပေါင်းဆောင်ရွက်တတ်စေရေးနှင့် တစ်ဦးနှင့်တစ်ဦး ဖေးမကူညီတတ်စေ‌ရေးဟူသော ရည်ရွယ်ချက်များဖြင့် ပညာရေးဝန်ကြီးဌာန၏ တတိယအကြိမ်မြောက် ထမနဲထိုးပြိုင်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ ယာဉ်ရပ်နားကွင်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 08, 2025

မြန်မာနိုင်ငံ၏ အာဆီယံလွတ်လပ်သော ကုန်သွယ်မှုဒေသကောင်စီဝန်ကြီး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ယနေ့မွန်းလွဲပိုင်းတွင် အာဆီယံကုန်စည်ကုန်သွယ်ရေးသဘောတူစာချုပ် အဆင့်မြှင့်တင်ခြင်းဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုများနှင့်စပ်လျဉ်းသည့် အာဆီယံလွတ်လပ်သောကုန်သွယ်မှုဒေသကောင်စီဝန်ကြီးများ အစည်းအဝေးသို့ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပါဝင်တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 08, 2025

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ရှမ်းပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်း၌ ကမ္ဘောဇဖလားအလွတ်တန်းဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးပြီး ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်နည်းပြများ၊ ပြိုင်ပွဲဝင်အားကစားသမားများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Feb 08, 2025

နိုင်ငံတော်အစိုးရအနေဖြင့် တရားမဝင်အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းလုပ်ကိုင်မှုများကို နိုင်ငံတကာနှင့်ပူးပေါင်း၍ ၎င်းဒုစရိုက်မှုနှိမ်နင်းရေးကို တက်ကြွစွာ ဖော်ထုတ်အရေးယူဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် တာဝန်ရှိသူ အဆင့်ဆင့်အနေဖြင့် မိမိတို့ဒေသများအတွင်း တရားမဝင်အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းများအပါအဝင် အခြားဒုစရိုက်လုပ်ငန်းများမရှိစေရေး ဖော်ထုတ်ခြင်း၊ အရေးယူဆောင်ရွက်ခြင်းများကို ပြတ်ပြတ်သားသား ကိုင်တွယ်ဆောင်ရွက်ခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့များက တင်းတင်းကျပ်ကျပ် စိစစ်ရှာဖွေဖော်ထုတ်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 08, 2025

တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သည့် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်) သည် တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်ရှိ မြို့နယ်၊ ကျေးရွာများ၊ ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့နယ်အတွင်းရှိ ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ဇန်နဝါရီ ၁၆ ရက်မှ ဖေဖော်ဝါရီ ၅ ရက်အထိ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးပြီး ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ အမှတ် (၂) ရေတပ် ဆိပ်ခံတံတား (သီလဝါ) သို့ ပြန်လည်ရောက်ရှိလာရာ သန်လျင်တပ်နယ်မှ ဗိုလ်မှူးချုပ် သိန်းထူး ဦးဆောင်သော တပ်မတော် (ရေ) မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများက ကြိုဆိုနှုတ်ဆက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 08, 2025

မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များကြောင့် ယာယီစစ်ဘေးရှောင်ထွက်ပြေးလာသည့် ဒေသခံသက်ကြီးပိုင်း အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး အမျိုးသား သုံးဦးကိုလည်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 08, 2025

(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကို နေပြည်တော် ဥပ္ပါတသန္တိစေတီတော် တပေါင်းကွင်း၌ ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၄ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 08, 2025

မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ပြည်ထောင်စုနယ်မြေ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အတူ ယနေ့နံနက် ၉ နာရီခွဲက နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည့် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အတွင်းရှိ ပြည်ထောင်စုနယ်မြေ၊ ခရိုင်၊ မြို့နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဝင်များနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 08, 2025

အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ (၂၁) ကြိမ်မြောက်အစည်းအဝေးကို ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် ဖေဖော်ဝါရီ ၃ ရက်မှ ၅ ရက်အထိ ကျင်းပရာ အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ မြန်မာနိုင်ငံ အဆင့်မြင့်လုပ်ငန်းအဖွဲ့ခေါင်းဆောင်၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင် ဦးဆောင်၍ နိုင်ငံခြားရေးဝန်ကြီးဌာန အာဆီယံရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Feb 08, 2025

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့နံနက်ပိုင်းတွင် အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ တာဝန်ရှိသူများနှင့်အတူ ရှမ်းပြည်နယ် (တောင်ပိုင်း) ရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် အသေးစားထုတ်ကုန်များ ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်