Feb 09, 2025
(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲတွင် လုပ်ငန်း/ စီးပွားချိတ်ဆက်မှုပြခန်း၌ MSME လုပ်ငန်းရှင်များအတွက် ပြည်တွင်းဈေးကွက်ချိတ်ဆက်မှု၊ ပြည်ပဈေးကွက်ချိတ်ဆက်မှု၊ ရင်းနှီးမတည်ငွေချိတ်ဆက်မှုနှင့် ဆက်စပ်ဝန်ကြီးဌာနများ၏ One Stop Services များကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Feb 09, 2025
(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကို နေပြည်တော်ဥပ္ပါတ သန္တိစေတီတော်တပေါင်းကွင်း၌ ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၄ ရက် အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။
Feb 09, 2025
၂၀၂၅ ခုနှစ် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို နေပြည်တော် စုပေါင်းစက်ဘီးစီးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ဇမ္ဗူသီရိမြို့နယ် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှေ့၌ ကျင်းပသည်။
Feb 09, 2025
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ (၂၈) ကြိမ်မြောက် မြန်မာ့ရိုးရာစုပေါင်းထမနဲထိုးပြိုင်ပွဲနှင့် ဆုပေးပွဲကို ယနေ့ညနေပိုင်းတွင် တိုင်းစစ်ဌာနချုပ် အရန်စစ်ရေးပြကွင်း၌ပြုလုပ်ရာ တိုင်းမှူးဗိုလ်မှူးချုပ် အောင်ဇော်ထွေးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ကြသည်။
Feb 09, 2025
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဦးမျိုးကျော်သူ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက အားကစားနှင့်ကာယပညာသိပ္ပံ (တောင်ကြီး) သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Feb 09, 2025
(၆၂) ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်သည်။
Feb 09, 2025
(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်းများ၏ ကျောင်းပေါင်းစုံအားကစားပြိုင်ပွဲ နောက်ဆုံးနေ့ပွဲစဉ်များနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းက နေပြည်တော် ပျဉ်းမနားစိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်း အားကစားကွင်း၌ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းနောင်၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်းအုပ်ကြီးများနှင့် ကြီးကြပ်သူ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်အားပေးကြသည်။
Feb 09, 2025
ရန်ကုန်မြို့၌ ရောက်ရှိနေသည့် အိန္ဒိယနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုခေါင်းဆောင်နှင့် ငြိမ်းချမ်းရေးသံတမန် ဂုရုကြီး Sri Sri Shankar သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ နတ်မောက်လမ်းရှိ Chatirium Hotel ၊ The Grand Ballroom ၌ စီးပွားရေးလုပ်ငန်းရှင်များ၊ ကုမ္ပဏီလုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီး စိတ်အေးချမ်းမှုကျင့်စဉ်နှင့်စပ်လျဉ်း၍ ဆွေးနွေးဟောပြောသည်။
Feb 09, 2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးသည် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် ဧရာဝတီမြစ်ကမ်းပါး အိပ်ပျက်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများနှင့် ရေကြီးရေလျှံမှုကာကွယ်ရေးတာများ ရေတိုက်စားကမ်းပြိုမှု ကာကွယ်ရေးအတွက် ကမ်းထိန်းတမံတည်ဆောက်နေမှုနှင့် သောင်တူးဖော်ခြင်း လုပ်ငန်းများဆောင် ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
Feb 09, 2025
၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် မဲမသမာမှုကြောင့် ဖြစ်ပေါ်လာသည့် ဒီမိုကရေစီလမ်းကြောင်းပျက်ယွင်းမှုကို ပြန်လည်တည့်မတ်ပေးနိုင်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် လုပ်ငန်းစဉ်အလိုက် အဆင့်ဆင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ဒီမိုကရေစီရေး၊ နိုင်ငံရေးကြောင့်ဖြစ်ပေါ်လာသည့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန်မကြိုးစားဘဲ လက်နက်ကိုင်လမ်းစဉ်၊ အကြမ်း ဖက်လမ်းစဉ်တို့ကို ရွေးချယ်ခဲ့ခြင်းကြောင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု ပျက်ပြားခြင်း၊ ပြည်သူများလိုလားသည့် ဒီမိုကရေစီစနစ်နှင့် အလှမ်းဝေးခြင်း စသည့်အဟန့်အတားများရှိနေသည်။