Skip to main content

Nov 13, 2020

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ဂျော်ဒန်နိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများကို တဲလ်အဲဗီးမြို့ရှိ မြန်မာသံရုံးမှ စီစဉ်သည့် သတ္တမကြိမ်မြောက် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်း လိုင်း (MAI) ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့နံနက် ၆ နာရီခွဲ တွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြ သည်။ အဆိုပါ ကယ်ဆယ်ရေး လေယာဉ်တွင် Century Miracle ကုမ္ပဏီတွင် အလုပ်လုပ် ကိုင်နေကြသည့် မြန်မာနိုင်ငံသား (၄၂) ဦး၊ Camel and Vega ကုမ္ပဏီမှ (၁၂၄) ဦး၊ စုစုပေါင်း မြန်မာနိုင်ငံသား (၁၆၆) ဦး ပါရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 13, 2020

ကရင်ပြည်နယ် ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်သည် ဘားအံမြို့နယ်အတွင်း ရပ်ကွက်နှင့် ကျေးရွာ များရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား ကိုဗစ်-၁၉ ကာလအတွင်း စတုတ္ထအကြိမ် ထောက်ပံ့ငွေ (၂၀၀၀၀)ကျပ်စီကို နိုဝင်ဘာလ(၁၃)ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်က စတင်ကာ သွားရောက်ထောက်ပံ့ ပေးအပ် ခဲ့ကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 13, 2020

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုသည် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်၊ တိုင်းဒေသကြီး ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဒေ သကြီး ဦးစီးမှူး၊ မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်ကျေးလက်ဦးစီးမှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူး နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါကာ ယနေ့နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် မဒဲကျေးရွာသို့ ရောက်ရှိပြီး ကနီ-မဒဲကျေးရွာ ကုန်ထုတ်လမ်းဆောင်ရွက်နိုင်ရေး မြေပြင်ကွင်းဆင်း ကြည့်ရှု ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 13, 2020

ရန်ကုန်တက္ကသိုလ် ရာပြည့်ပွဲတော်ကြီး ကျင်းပရန်အတွက် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိပြီး ရာပြည့်ပွဲတော်အတွက် ပြင်ဆင်ဆောင်ရွက် ထားရှိမှုများ၊ ဆပ်ကော်မတီ အလိုက် ကျင်းပသွားမည့် အခမ်းအနားများနှင့် ပညာရေးကဏ္ဍ ပြန်လည်မြင့်မားစေရန် နိုင်ငံတကာနှင့် ပူးပေါင်းချိတ်ဆက် ဆောင်ရွက်မှုအခြေအနေများကို သိရှိနိုင်ရန် ရန်ကုန်တက္ကသိုလ်၏ ၁၆ ဦးမြောက် ပါမောက္ခချုပ် ဒေါက်တာဖိုးကောင်းအား မြန်မာ့ သတင်းစဉ်မှ ဆက်သွယ်မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 13, 2020

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ နိုဝင်ဘာ ၁၂ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်ကို ပြည်သူများ သိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 13, 2020

ဗိုလ်ချုပ်အောင်ဆန်းနှင့်ပတ်သက်၍ မွေးဖွားခဲ့သည့်အချိန်မှစ၍ ကျဆုံး သည့် အချိန်အထိတိုင် ကလေးဘဝ မူလတန်း၊ အလယ်တန်း ကျောင်းသားဘဝ၊ တက္ကသိုလ်ကျောင်းသားဘဝ၊ သခင်ဘဝ၊ လွတ်လပ်ရေး ကြိုးပမ်းမှုကာလ ဖြတ်သန်းလာခဲ့ရသော နိုင်ငံရေးသမားဘဝ၊ တပ်မတော်သား ဘဝနှင့် ဖဆပလခေတ်နိုင်ငံရေး ကြိုးပမ်းမှုဘဝများကို ပုံစံအမျိုးမျိုးဖြင့် ရဟန်းရှင်လူ ပညာရှိများ ရေးသားထားခဲ့သည်မှာ အများအပြားပင် ရှိပါသည်။ ထိုမျှမက လွတ်လပ်ရေး ကြိုးပမ်းမှုကာလ တစ်လျှောက် ပြောကြားခဲ့သော မိန့်ခွန်းများမှာလည်း များပြား လှပါသည်။ ပုံနှိပ်ထုတ်ဝေ ထားပြီးလည်း ဖြစ်ပါသည်။ ရှေ့ဆက်၍လည်း အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့် ပတ်သက်သော အကြောင်းအရာများကို မိမိတို့ ဖော်ပြလိုသော အဓိက အကြောင်းအရာကို ဇောင်းပေး၍ ရေးသားပြုစု ထုတ်ဝေကြဦးမည် ဖြစ်ပါ သည်။

ဆက်လက်ဖတ်ရှုရန်

Nov 13, 2020

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ကမ္ဘောဒီးယားတော်ဝင်သံရုံးက ၂၀၂၀ ပြည့်နှစ် မြန်မာနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ နိုဝင်ဘာ ၁၁ ရက်တွင် ကြေညာချက် တစ်ရပ်ကို ထုတ်ပြန်လိုက်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 13, 2020

မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေဆဲဖြစ်ပြီး လက်ရှိ၌ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါဖြစ်ပွားမှုအခြေအနေမှာ တန်းနေသည့် သဘောရှိသည်။ ဓာတ်ခွဲစစ်ဆေးပြီး ရောဂါပိုးတွေ့ အတည်ပြုလူနာများမှာ နေ့စဉ် တစ်ထောင်ဝန်းကျင်ရှိနေဆဲဖြစ်ပြီး သေဆုံးသူ ဦးရေမှာမူ လျော့ကျလာရာ လာမည့်ရက်သတ္တပတ်ကာလများ၌ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ အကောင်းအဆိုး အကြောင်း အကျိုး ပိုမိုသိလာနိုင်မည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 13, 2020

၂၀၂၀ ပြည့်နှစ်၏လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများ ပြီးစီးခဲ့ပြီ။ မဲစာရင်းများကို ဆက်လက်ရေတွက်နေဆဲဖြစ်သော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် နေရာအများစုတွင် အနိုင်ရရှိသည်ဟု ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်၏ထုတ်ပြန်ကြေညာချက်များအရ သိနေရပြီ ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 12, 2020

(၁၁-၁၁-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၂-၁၁-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၇,၂၅၀) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁,၁၄၅) ဦး တွေ့ရှိရပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 12, 2020

ကမ္ဘာ့ဆီးချိုရောဂါ ကာကွယ်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 12, 2020

ကရင်ပြည်နယ် ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်သည် ဘားအံမြို့နယ်အတွင်း ရပ်ကွက်နှင့်ကျေးရွာများရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား ကိုဗစ်-၁၉ ကာလအတွင်း စတုတ္ထအကြိမ် ထောက်ပံ့ငွေ (၂၀၀၀၀) ကျပ် စီကို ယနေ့မွန်းလွဲ(၂)နာရီအချိန်က စတင်ကာ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 12, 2020

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ပြင်သစ်၊ စပိန်နှင့် အနီးတစ်ဝိုက် ဒေသများတွင် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာသင်္ဘောသား (၄၃) ဦးအား မြန်မာသံရုံး၊ ပါရီမြို့မှ စီစဉ်သည့် Amelia လေကြောင်းလိုင်း ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့နံနက် (၈) နာရီခွဲတွင် လည်းကောင်း၊ ဂျပန်နိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာ သင်္ဘောသားများ အပါအဝင် မြန်မာ နိုင်ငံသား (၁၅၆) ဦးအား မြန်မာသံရုံး၊ တိုကျိုမြို့မှ စီစဉ်သည့် All Nippon Airways လေကြောင်းလိုင်း (ANA) ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ညနေ (၅) နာရီတွင်လည်းကောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည် ရောက်ရှိခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 12, 2020

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့သည် တိုင်းဒေသကြီးအတွင်း ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး လုပ်ငန်းစဉ်များအား အလေးထားဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီခွဲအချိန်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီး ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေး (၅၈/၂၀၂၀) ကို ကျင်းပပြုလုပ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 12, 2020

(၁၁-၁၁-၂၀၂၀) ရက်နေ့ ဓာတ်ခွဲစစ်ဆေးမှုများတွင် တွေ့ရှိခဲ့သော ဓာတ်ခွဲအတည်ပြုလူနာ (၁,၂၁၂) ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှုအခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 12, 2020

ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်းရှိ ပဲခူးတိုင်းဒေသကြီးအားကစားခန်းမတွင် နိုဝင်ဘာ ၁၂ရက် နံနက် ၁၀ နာရီက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရံပုံငွေဖြင့် ဝယ်ယူထားသည့် သင်တန်း နှင့် သရုပ်ပြပွဲသုံး ပစ္စည်းများ၊ အားကစားအထောက်အကူပြုပစ္စည်းများ၊ လေ့ကျင့်ရေးနှင့် ပြိုင်ပွဲသုံး အားကစားပစ္စည်းများအား တိုင်း၊ ခရိုင်၊ မြို့နယ်အားကစားနှင့် ကာယပညာ ကော်မတီ များနှင့် အားကစားကလပ်များထံသို့ ထောက်ပံ့ ပေးအပ်ပွဲ အခမ်းအနား ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 12, 2020

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေ မရှိသော အိမ်ထောင်စုများအား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့်ကာလအတွင်း စတုတ္ထအကြိမ် ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယနေ့နံနက်(၁၁)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 12, 2020

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်သည် ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်ခန့်က ဘားအံမြို့နယ် လှာကဒေါင်ကျေးရွာအုပ်စုနှင့် အမှတ်(၉)ရပ်ကွက်ရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား စတုတ္ထအကြိမ် ထောက်ပံ့ငွေကျပ်(၂၀၀၀၀)စီကို သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 12, 2020

ဂျာမနီနိုင်ငံသမဝါယမအသင်းစုချုပ်(DGRV)နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန သမဝါယမဦးစီးဌာနတို့ ပူးပေါင်း၍ မြန်မာနိုင်ငံ သမဝါယမများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံအတွင်းရှိ ကိုယ့်အားကိုယ်ကိုး သမဝါယမအသင်းများဖွံ့ဖြိုးတိုးတက်စေရန် မြှင့်တင်ပေးခြင်း စီမံကိန်းကို အကောင်အထည် ဖော်ဆောင်ရွက်ရန်နှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ အတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် Zoom Meeting စနစ်ဖြင့် ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 12, 2020

ဗိုလ်ချုပ်အောင်ဆန်းနှင့်ပတ်သက်၍ မွေးဖွားခဲ့သည့် အချိန်မှစ၍ ကျဆုံးသည့်အချိန်အထိတိုင် ကလေးဘဝ မူလတန်း၊ အလယ်တန်းကျောင်းသားဘဝ၊ တက္ကသိုလ် ကျောင်းသားဘဝ၊ သခင်ဘဝ၊ လွတ်လပ်ရေး ကြိုးပမ်းမှု ကာလ ဖြတ်သန်းလာခဲ့ရသော နိုင်ငံရေးသမားဘဝ၊ တပ်မတော်သားဘဝနှင့် ဖဆပလခေတ် နိုင်ငံရေးကြိုးပမ်းမှု ဘဝများကို ပုံစံအမျိုးမျိုးဖြင့် ရဟန်းရှင်လူ ပညာရှိများ ရေးသားထားခဲ့သည်မှာ အများအပြားပင်ရှိပါသည်။ ထိုမျှမက လွတ်လပ်ရေးကြိုးပမ်းမှု ကာလတစ်လျှောက် ပြောကြားခဲ့သော မိန့်ခွန်းများမှာလည်း များပြားလှပါသည်။ ပုံနှိပ်ထုတ်ဝေ ထားပြီးလည်း ဖြစ်ပါသည်။ ရှေ့ဆက်၍လည်း အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်သော အကြောင်းအရာများကို မိမိတို့ ဖော်ပြလို သော အဓိကအကြောင်းအရာကို စောင်းပေး၍ ရေးသားပြုစု ထုတ်ဝေကြဦးမည် ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်