Nov 19, 2020
နိုဝင်ဘာ ၈ရက် အထွေထွေရွေးကောက်ပွဲအပြီးတွင် ရွေးကောက်ပွဲ အောင်မြင်မှုကို အကြောင်းပြု၍ လူစုလူဝေးများ ဖြစ်ပေါ်ခဲ့ပေသည်။ ထိုလူစုလူဝေး ဖြစ်ပွားမှုတို့၏ အကျိုးဆက်အဖြစ် ကိုဗစ်ရောဂါပိုး ကူးစက်ပြန့်ပွားမှုရှိလာနိုင်သည်ဖြစ်ရာကိုဗစ်- ၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကြိုတင်ပြင်ဆင်ပြုမှုများ ပြုလုပ်နေကြရပြီ ဖြစ်ပါသည်။
Nov 18, 2020
ရန်ကုန်မိုးပျံ အမြန်လမ်းစီမံကိန်း၊ Preferred Bidder ကြေညာနိုင်ရေးနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအတွက် ရန်ကုန်မိုးပျံ အမြန်လမ်းနှင့် ရန်ကုန်မြို့တော် အပြင်ပတ်လမ်း စီမံကိန်း ဦးဆောင်ကော်မတီ၏ စတုတ္ထအကြိမ် အစည်းအဝေးကို ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Nov 18, 2020
(၁၇) ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးကဏ္ဍ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (17th Myanmar Health Sector Coordination Committee, M-HSCC) အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
Nov 18, 2020
ပညာရေးကဏ္ဍလေ့လာသုံးသပ်ခြင်း (Education Sector Analysis) ဆိုင်ရာ အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီ က ပညာရေးဝန်ကြီးဌာနနှင့် ယူနက်စကို-မြန်မာတို့ ပူးပေါင်း၍ အွန်လိုင်းမှ ကျင်းပသည်။
Nov 18, 2020
(၁၇-၁၁-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၈-၁၁-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၂၁,၂၃၂) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁,၅၉၂) ဦး တွေ့ရှိရပါသည်။
Nov 18, 2020
အာဆီယံ နိုင်ငံ့ဝန်ထမ်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍ (ASEAN Cooperation on Civil Service Matters-ACCSM) ၏ (၂၀၁၉-၂၀၂၀) အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် ထိုင်းနိုင်ငံ နိုင်ငံ့ဝန်ထမ်းကော်မရှင်ရုံးက ဦးဆောင်၍ ဗွီဒီယိုကွန်ဖရင့် စနစ်ဖြင့် အကြိမ်(၂၀)မြောက် အာဆီယံ နိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်းအကြီးအကဲများ အစည်း အဝေးနှင့် (၅)ကြိမ်မြောက် အာဆီယံ+၃ နိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်းအကြီးအကဲများ အစည်း အဝေးများကို ယနေ့တွင် ကျင်းပသည်။
Nov 18, 2020
စိုက်ပျိုးရေ အရင်းအမြစ်များ ဖော်ထုတ်သုံးစွဲရေးနှင့် ရေစီမံခန့်ခွဲရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
Nov 18, 2020
(၁၇-၁၁-၂၀၂၀) ရက်နေ့ ဓာတ်ခွဲစစ်ဆေးမှုများတွင် တွေ့ရှိခဲ့သော ဓာတ်ခွဲအတည်ပြုလူနာ (၁,၅၆၉) ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှုအခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
Nov 18, 2020
ရန်ကုန်တိုင်းဒေသကြီး ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင်အသုံးပြုရန် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ထံ MYANMAR C.P LIVE STOCK Co. Ltd မှ Surgical Mask ၃၀၀၀၀၀ (သုံးသိန်း) လှူဒါန်းသည့် အခမ်းအနားကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ တွင် ယနေ့ နံနက်က ကျင်းပသည်။
Nov 18, 2020
နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ကျင်းပခဲ့သည့် Coronavirus Disease 2019 (COVID – 19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသား အဆင့် ဗဟိုကော်မတီအစည်းအဝေးသတင်းပါ နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီး ပြည်နယ်များသို့ ခရီးသွားရန်အကြောင်းကိစ္စပေါ်ပေါက်ပါက
Nov 18, 2020
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့ နံနက် ၈ နာရီခွဲအချိန်က ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးကျေးရွာအုပ်စု၊ ဝါးဒူးကျေးရွာ၊ ကွင်းအမှတ် (၁၅၃-စီ)၊ ဦးပိုင်အမှတ် (၂၈/၆) တောင်သူ ဦးနေစိုး၏ လယ်မြေတွင် ကျင်းပပြုလုပ်သော ၂၀၂၀ ပြည့်နှစ် မိုးစပါးစံကွက် ရိတ်သိမ်းပွဲ အခမ်းအနားသို့ တက်ရောက် ကြည့်ရှု အားပေးပြီး ဒေသခံတောင်သူများနှင့် တွေ့ဆုံခဲ့သည်။
Nov 18, 2020
ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်၊ ကုသ ရေးကာလအတွင်း အများပြည်သူများ Stay at home ဖြင့် မိမိတို့ နေအိမ် များတွင်နေထိုင်စဉ် ပြည်သူများ စိတ်အပန်းပြေစေရန်အတွက် မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားမှ ရုပ်ရှင် နှစ် (၁၀၀) ပြည့် Live Show အစီ အစဉ်များနှင့် ရန်ကုန်တက္ကသိုလ်နှစ် (၁၀၀) ပြည့် ရာပြည့်သဘင်ဂုဏ်ပြု ဖျော်ဖြေပွဲ Live Show အစီအစဉ်များ ထုတ်လွှင့်ပြသပေးလျက်ရှိသည်။
Nov 18, 2020
(၃၈)ကြိမ်မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ (38th ASEAN Ministers on Energy Meeting (AMEM) and Associated Meetings)ကို နိုဝင်ဘာ ၁၇ ရက်မှ ၂၀ ရက်အထိ ဗီယက်နမ် နိုင်ငံက အလှည့်ကျအိမ်ရှင်နိုင်ငံအဖြစ် ဗီဒီယိုကွန်ဖရင့်စနစ် ဖြင့် ကျင်းပလျက်ရှိသည်။
Nov 18, 2020
ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ နိုဝင်ဘာ ၁၇ ရက် မွန်းလွဲပိုင်းက သာယာ ကုန်းရွာဘက်မှ မောင်တောမြို့သို့ မောင်းနှင်လာသော အရပ်ဘက်မော်တော် ယာဉ် တစ်စီးက လိပ်ရလမ်းဆုံနှင့် ထန်းချောင်းတံတားကြား အရောက် ကားမိုင်းနင်းမိ ပေါက်ကွဲခြင်းကြောင့် အရပ်သား သုံးဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
Nov 18, 2020
ဆရာကြီး ဆရာမကြီးတို့၏ အသိပညာနှင့် အဘိဓမ္မာတို့ ကိန်းဝပ်ရာဘဏ္ဍာတိုက်၊ အဋ္ဌာရသ ပညာမိုးတို့ သွန်းဖြိုးရာ ပဒေသာကျွန်း၊ တစ်နှစ်တာဖြစ်ရပ်တို့၏ သိုမှီးရာသမိုင်းသိုက်၊ အချစ်ပန်းတို့ လှိုင်လှိုင်ပွင့်ရာ ဥယျာဉ်၊ စာပေ ဖန်တီးရှင်လုလင်လုံမတို့ ကလောင်သွေးရာပျိုးခင်း၊ အထက်ပါအကြောင်းအရာတို့ ဆုံစည်းသိုမှီးရာသည် တက္ကသိုလ် နှစ်လည် မဂ္ဂဇင်းပါတည်း။ တက္ကသိုလ်နှင့် နှစ်လည်မဂ္ဂဇင်းတို့သည် ဆိုးတူကောင်းဖက် ခရီးဆက်ခဲ့ကြသည်။ ခရီးဆက်နေဆဲဖြစ်ကြသည်။ ခရီးဆက်ကြပေဦးမည်။
Nov 18, 2020
အစီအစဉ်မှူး ။ ။ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ တစ်ဝန်းမှာ ကူးစက်ဖြစ်ပွားလျက် ရှိနေတဲ့ ကိုဗစ် - ၁၉ ကမ္ဘာ့ကပ်ရောဂါဟာ အသက်အရွယ် မရွေး၊ လူတန်းစားမရွေး ကူးစက်ဖြစ်ပွားနိုင်တဲ့ ရောဂါ ဆိုးကြီးဖြစ်သလို ဒီနေ့အချိန်အထိ ရောဂါကုသဖို့ ဆေးရော၊ ကြိုတင်ကာကွယ်ဖို့ ဆေးပါ တရားဝင်မတွေ့ရှိ ရသေးတာကို မိဘပြည်သူများ အသိပဲဖြစ်ပါတယ်။
Nov 18, 2020
တိုင်းပြည်နှင့်လူမျိုး အရေးကိစ္စအမျိုးမျိုးတို့ကို ဖော်ဆောင်ရာ၌ ပေါ်ပေါက် လာသည့် ကောင်းမွေဖြစ်စေ၊ ဆိုးမွေဖြစ်စေ ပြည်သူများ၏ ပါဝင်မှုအပေါ်တွင် အဓိကမူတည်နေကြောင်း မြန်မာ့သမိုင်းကြောင်း တစ်လျှောက်၌ အစဉ် အလာအားဖြင့် ဖော်ညွှန်းပြသခဲ့ကြပြီးဖြစ်သည်။ မျက်မှောက်ခေတ် ပြည်သူ သည်သာ အဓိကဖြစ်သောကာလတွင် ပြည်သူများအနေဖြင့် တိုင်းပြည်နှင့် လူမျိုးအကျိုးကို ရှေးရှု၍ ဆိုးမွေ များကိုရှောင်ရှားပြီး ကောင်းမွေများ ဖြစ်လာအောင် ဝိုင်းဝန်းဖော်ဆောင်ပေးရမည့်အချိန် ဖြစ်ပေသည်။
Nov 18, 2020
မြန်မာနိုင်ငံသည် တိုးတက်ဖွံ့ဖြိုးမှုနည်း၍ ဆင်းရဲနွမ်းပါးသည့်နိုင်ငံ အဖြစ်ဖြင့် ကမ္ဘာ့အလယ်တွင် ရပ်တည်နေရ၏။ ငွေကြေးဥစ္စာချို့တဲ့ သည့်အတွက် နိုင်ငံနှင့်ချီ၍ ကြုံတွေ့ရသော အကျပ်အတည်းမျိုး၌ အခြားသော နိုင်ငံများထက် ပိုမိုပြင်းထန်စွာ ထိခိုက်နာကျင်ရနိုင်၏။ ထို့ကြောင့် ယခုကဲ့သို့ ကိုဗစ် ကပ်ရောဂါနှင့် ကြုံတွေ့သည့်အခါ အထူး တလည်သတိကြီးစွာဖြင့် အတတ်နိုင်ဆုံးလူထုထဲရောဂါပိုးပေါက်ကွဲ ပျံ့နှံ့မှုမဖြစ်ရလေအောင် ကာကွယ်ထိန်းချုပ်ကုသရန် ကြိုးပမ်းနေရခြင်း ဖြစ်၏။
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၁၇-၁၁-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ
Nov 17, 2020
(၁၆-၁၁-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၇-၁၁-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၈,၃၄၃) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁,၅၆၉) ဦး တွေ့ရှိရပါသည်။
Nov 17, 2020
Coronavirus Disease 2019 (COVID – 19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသား အဆင့်ဗဟိုကော်မတီအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ကျင်းပရာ ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်သည်။