Skip to main content

မြဝတီ၊ ခန္တီးနှင့် ပင်လောင်းမြို့နယ်တို့၌ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော် ဇူလိုင် ၁၄

မြဝတီမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်း အဖွဲ့သည် ဇူလိုင် ၁၃ ရက် နံနက်  ၁ နာရီခွဲတွင် မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်တွင် ထွန်းထွန်းလင်း မောင်းနှင်လာသည့် မော်တော်ယာဉ် အား ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀ သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေး ပေါ်ပေါက်ချက်အရ မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ ၎င်း၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ပြား ၆,၂၀၀ ထပ်မံသိမ်းဆည်းရမိခဲ့သည်။

 

ထို့တူ ဇူလိုင် ၁၂ ရက် ည ၁ဝ နာရီခွဲတွင် ခန္တီးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်း အဖွဲ့သည် ခန္တီးမြို့၊ မြို့မရပ်ကွက်၊ စိန်ပန်းပြာလမ်းရှိ မကာရမ်း(ခ) ကာကာ ၏နေအိမ်သို့ သတင်းအရ ဝင်ရောက်ရှာဖွေရာ ဘိန်းဖြူ  သုည ဒသမ ၈၃၇ ကီလိုကိုလည်းကောင်း။

 

အလားတူ ဇူလိုင် ၁၃ ရက် ညနေ ၆ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ပင်လောင်းမြို့နယ်၊ ထိန်ပင်ကျေးရွာအုပ်စု၊ လိန်းလီ ကျေးရွာကြိုးတံတား အနီး၊ ပင်လောင်း-နေပြည်တော်သွားကားလမ်းတွင် ရဲမင်းထက် မောင်းနှင်ပြီး အေးလှိုင် လိုက်ပါလာသည့် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ  စိတ်ကြွရူးသွပ်ဆေးပြား ၂၈,၅၀၀ ပြား သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဉပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်းစဉ်