Jan 10, 2021
မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကာကွယ်ဆေး လုပ်ငန်းပေါင်းစပ်ညှိနှိုင်း စီမံခန့်ခွဲမှုကော်မတီ (COVAX National Coordinating Committee – CNCC) ၏ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
Jan 10, 2021
(၉-၁-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၀-၁-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၇,၃၄၃) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြု လူနာသစ် (၅၅၅) ဦး တွေ့ရှိရပါသည်။
Jan 10, 2021
မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံသည် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့ နေ့လယ်က သထုံမြို့နယ်အတွင်း ဆောင်ရွက်နေသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းအခြေအနေ များကို ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။
Jan 10, 2021
ကမ္ဘောဇဘဏ်က COVID-19 ကာကွယ်ဆေး ဝယ်ယူရရှိရေးရန်ပုံငွေ (COVID-19 Vaccination Fund) သို့ COVID-19 ကပ်ရောဂါ ကာကွယ်ဆေး ဝယ်ယူရန်အတွက် ငွေကျပ် သန်း ၃၀၀၀ (ငွေကျပ် ၃ ဘီလီယံ) ကို ဇန်နဝါရီ ၇ ရက်တွင် လှူဒါန်းခဲ့ကြောင်း သိရသည်။
Jan 10, 2021
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်သည် စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန လက်အောက်ရှိ စိုက်ပျိုးရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနတို့မှ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ ရွှေဘိုခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ များလိုက်ပါ၍ ယနေ့ နံနက် (၉) နာရီက ရွှေဘိုမြို့နယ် ချီပါကျေးရွာ ဦးပိုင်အမှတ် (၉၃/၂) ၊ ကွင်းအမှတ် (၃၀၁၉)နန့်ပိုးကွင်း တောင်သူ ဦးချစ်သန်း၏ လယ်မြေ (၂) ဧက တွင် ကျင်းပပြုလုပ်သော ကောက်ရိုးထုံးစက် (Round Baler) နှင့် ရိုးဖြတ် ခုတ်စက် (Mower) သရုပ်ပြပွဲသို့ တက်ရောက်ခဲ့သည်။
Jan 10, 2021
၁၉၄၈ ခုနှစ်မှ စတင်၍ နှစ်စဉ် ဇန်နဝါရီ ၁၀ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ကချင် ပြည်နယ်နေ့ အခမ်းအနားကို ယခုနှစ်အတွက် (၇၃)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနား အဖြစ် ယနေ့ နံနက် (၈)နာရီတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ မြက်ခင်းပြင်၌ ကျင်းပသည်။
Jan 10, 2021
ပဲခူးတိုင်းဒေသကြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီး ငွေလုံး ငွေရင်း ရန်ပုံငွေဖြင့် တည်ဆောက်ပြီးစီးခဲ့သည့် သာယာ၀တီခရိုင်၊ မိုးညိုမြို့ နယ်အတွင်းရှိ ငါးကျီးကျေးရွာ ဆက်သွယ်သော ကွန်ကရစ်တံတား ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Jan 10, 2021
၁။ COVID-19 ကာကွယ်ဆေး ဝယ်ယူရေးအတွက် ပါဝင်လှူဒါန်းလိုကြသော ပြည်သူများ အနေဖြင့် မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်ရှိ COVID-19 ကာကွယ်ဆေး ဝယ်ယူရရှိရေး ရန်ပုံငွေ မြန်မာကျပ်ငွေစာရင်းအမှတ် (OA 013733) သို့ အောက်ပါနည်းလမ်းများဖြင့် ထည့်ဝင် လှူဒါန်းနိုင်ပါသည်-
Jan 10, 2021
အိမ်သုံးလျှပ်စစ်နှင့် အီလက်ထရောနစ်ပစ္စည်းများအား ထုတ်လုပ်ခြင်း၊ တင်သွင်းခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းနှင့် ပတ်သက်၍ စားသုံးသူများ ဘေးအန္တရာယ်လုံခြုံစိတ်ချရမှု ရှိစေရန် စည်းမျဉ်းများ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jan 10, 2021
မြန်မာနိုင်ငံ ဆန်စပါးကဏ္ဍတွင် ပါဝင်သော တောင်သူများ၊ လုပ်ငန်းရှင်များ တစ်ဦးနှင့်တစ်ဦး အချင်းချင်းချိတ်ဆက် လုပ်ဆောင်နိုင်စေရန် ရည်ရွယ်၍ ဖန်တီးရေးသားထား သော MRF Rice Portal Mobile Application ကို စတင် အသုံးပြုနိုင်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်း ချုပ်ထံမှ သိရသည်။
Jan 10, 2021
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် က
(၇၃) နှစ်မြောက် ကချင်ပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ
၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်
ချစ်ကြည်လေးစားအပ်ပါသော ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ ခင်ဗျား-
Jan 10, 2021
နိုင်ငံတကာခရီးသည်တင်လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် စင်ကာပူ နိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၁၄၁ ဦးအား စင်ကာပူနိုင်ငံရှိ မြန်မာသံရုံး က စီစဉ်သည့် (၅) ကြိမ်မြောက် မြန်မာအမျိုးသားလေကြောင်း (MNA) စင်းလုံးငှား အထူး ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။
Jan 10, 2021
မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသည့် ဖွံ့ဖြိုးတိုးတက် မှုစီမံကိန်းတွင် ကိုဗစ်-၁၉ သက်ရောက်မှုများ ကုစားရေးကို ထည့်သွင်းထား သော မြန်မာ့စီးပွားရေး နာလန်ထူရေးနှင့် ပြုပြင်ပြောင်းလဲရေးစီမံချက်ကို မကြာမီ ထုတ်ပြန်သွား ဖို့ရှိကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ (၁/၂၀၂၁) အစည်း အဝေးသို့ ဗီဒီယိုဖြင့် အမှာစကားပေး ပို့ခဲ့သည်။
Jan 10, 2021
ရပ်ကွက်လမ်းကျဉ်းလေးထဲဝင်လာသည့် ကားတစ်စီး ဟွန်းသံ တတီတီဖြင့် မောင်းဝင်လာသည်။ အရှိန်မလျှော့။ ရပ်ကွက်တွင်းက ကလေးငယ်များ၊ လူသူများ ထိခိုက်မှာကို စိုးရိမ်စိတ် သို့မဟုတ် ထိခိုက်မှု ဖြစ်လျှင် အမှုရင်ဆိုင်ရမည်ကို စိုးရိမ်စိတ်ကြောင့် ဖြစ်နိုင်၏။ သူ့တွင် ယဉ်မောင်း လိုင်စင်တော့ရှိမည်။ သို့သော်လည်း ထိုလိုင်စင်ကို မည်သို့ မည်ပုံရခဲ့သည်ကို မှန်းကြည့်လျှင် သိနိုင်သည်။
Jan 09, 2021
ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ အဆင့်မြင့်မင်္ဂလာဈေးအပါအဝင် အဆိုပါ ဝင်းအတွင်းရှိ ဈေးအားလုံးကို ဇန်နဝါရီ ၁၄ ရက်တွင် တစ်ပြိုင်တည်ဖွင့်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မင်္ဂလာ တောင်ညွန့်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဉီးလှဌေးက ပြောသည်။
Jan 09, 2021
တောင်သူလယ်သမားအဖွဲ့အစည်းဆိုင်ရာ ဥပဒေမူကြမ်းအပေါ် ဌာနများ၏ အကြံပြု ချက်များ ဒုတိယအကြိမ် ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်း က စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jan 09, 2021
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီနှင့် ဘဏ္ဍာငွေ ရှာဖွေရေးနှင့်ရန်ပုံ ငွေထိန်းသိမ်းရေးလုပ်ငန်းကော်မတီတို့၏ (၁/၂၀၂၁) လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် Virtual စနစ်ဖြင့်ကျင်းပသည်။
Jan 09, 2021
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ယနေ့ နေ့လယ် ၁၂ နာရီက ပဲခူးတိုင်း ဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ် အနောက်ဘက် တောင်ယာတော ကျေးရွာအုပ်စု တောင်ယာတော ကျေးရွာသို့ ရောက်ရှိပြီး ဇီးကုန်းမြို့နယ် တောင်ရေကန် ကျေးရွာနှင့် နတ်တလင်းမြို့နယ် တောင်ယာတောကျေးရွာတို့ ဆက်သွယ် မည့် လမ်းဖောက်လုပ်နိုင်ရေးအတွက် မြေပြင်အခြေအ နေကို ကွင်းဆင်းစစ်ဆေးကြည့်ရှုသည်။
Jan 09, 2021
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ယနေ့ နံနက် ၉ နာရီက ဇီးကုန်းမြို့နယ် နွားတဲကုန်း ကျေးရွာအုပ်စု၊ မြောက်လွှတ်ကုန်းကျေးရွာ စားကျက်မြေတွင် စိုက်ပျိုးထားသော နေဗီယာ မြက်စိုက်ပျိုးရေးသရုပ်ပြခြံအား ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပံ့ပိုးကူညီ ဆောင်ရွက်ပေးခဲ့သည်။
Jan 09, 2021
အားကစား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍအလိုက် ရှေ့လာမည့် (၅) နှစ်အတွင်း ဆောင်ရွက်မည့် အစီအမံများအား နှစ်အပိုင်းအခြားအလိုက် စီမံချက်များ ရေးဆွဲခြင်းအပေါ် သုံးသပ်တင်ပြခြင်း အစည်းအဝေးကို အားကစားနှင့်ကာယပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီတွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။