Jan 04, 2021
၂၀၂၁ ခုနှစ် (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် နိုင်ငံ တော်အလံ အလေးပြုခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံရှိ လွတ်လပ်ရေး ကျောက်တိုင်ရှေ့၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ကုသရေး၊ အမျိုး သားအဆင့် ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနတို့က ထုတ်ပြန်ထား သည့်ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
Jan 04, 2021
ချင်းပြည်နယ်အစိုးရအဖွဲ့မှ ပထမဆုံးအကြိမ်အဖြစ်ချီးမြှင့်သည့် ဂုဏ်ထူးဆောင်လက်မှတ်များနှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ချီးမြှင့်အပ်နှင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၉နာရီက ဟားခါးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရသည်။
Jan 04, 2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့သို့ ယနေ့ နံနက်၈နာရီအချိန်က စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ၊ ဝန်ကြီးချုပ်နှင့် အဖွဲ့ရောက်ရှိလာပြီး ချောင်းဦးမြို့၊ မြို့သစ်ရပ်ကွက်၊ ညောင်ပင်ပဇ္ဇောတာရုံကျောင်းတိုက်အတွင်းရှိ ဓမ္မလင်္ကာရ ရှေးဟောင်း ကျောင်းဆောင်အား လှည့်လည်ကြည့်ရှုခဲ့သည်။
Jan 04, 2021
(၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနား၊ နိုင်ငံတော်အလံအလေးပြု ခြင်းနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ မောရဝတီ ပန်းခြံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များနှင့် အညီ ကျင်းပခဲ့သည်။
Jan 04, 2021
(၇၃)နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၄ နာရီ ၂၀ မိနစ်တွင် ရန်ကုန်မြို့မဟာဗန္ဓုလပန်းခြံရှိ လွတ်လပ်ရေးကျောက်တိုင်၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်ခဲ့သည်။
Jan 04, 2021
၂၀၂၁ ခုနှစ်ဇန်နဝါရီလ ၄ ရက်နေ့တွင်ကျရောက်သည့် (၇၃)နှစ်မြောက်လွတ်လပ်ရေးနေ့အလံ တင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကို ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ စစ်တွေမြို့ ဓညဝတီအားကစား ကွင်း၌ ယနေ့နံနက်ပိုင်းကကျင်းပသည်။
Jan 04, 2021
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ အဝေရာကုန်းသာယာမီးပုံးပျံကွင်း၌ ဇန်နဝါရီ(၄)ရက် နံနက်(၄)နာရီ မိနစ်(၂၀)က (၇၃)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် အလံတင်အခမ်းအနား ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး၊ ရှမ်းပြည်နယ်အစိုးအဖွဲ့အတွင်းရေးမှူး ဦးနေလင်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်ဂုဏ်ပြုတပ်ဖွဲ့ဝင်များတက်ရောက်ကြပြီး စစ်ကြောင်းမှူး ဗိုလ်မှူးကျော်သူနိုင်မှ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ နိုင်တော်အလံအားလွှင့်တင်ပြီး တက်ရောက်လာသူများက နိုင်ငံတော်အလံအားအလေးပြုခြင်း၊ ကျဆုံးလေပြီးသောဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများအား အလေးပြုကာဂုဏ်ပြုတပ်ဖွဲ့ဝင်များမှ သစ္စာ(၄)ချက် ရွတ်ဆိုခြင်းကို ဆောင်ရွက်ကြသည်။
Jan 04, 2021
(၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအတိုင်း ယနေ့ နံနက်ပိုင်းက မန္တလေးမြို့၊ ဗထူးအားကစားကွင်းတွင် ကျင်းပခဲ့သည်။
Jan 04, 2021
၂၀၂၁ ခုနှစ်၊ (၇၃) မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို ဇန်နဝါရီလ ၄ ရက်နေ့၊ နံနက်(၇)နာရီအချိန်က လွိုင်ကော်မြို့၊ ကန္ဒာဟေဝန်ပန်းခြံရှိကျောက်သားရင်ပြင်၌ ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်ရာ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ခေတ္တဝန်ကြီးချုပ်၊ ကယားပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်နယ်တရား လွှတ်တော်တရား သူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်၊ လွိုင်ကော်၊ ဒေသကွပ်ကဲရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။
Jan 04, 2021
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီ ရပ်ဆိုင်းထားခြင်းကြောင့် ပြည်ပနိုင်ငံများတွင် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာသင်္ဘောသားများအား ဆိုးလ်မြို့ရှိ မြန်မာသံရုံးနှင့် မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောသားဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (MSESF) တို့မှ ပူးပေါင်းစီစဉ်သည့် မြန်မာအမျိုးသား လေကြောင်း စင်းလုံးငှားကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ ည ၁ဝ နာရီတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။
Jan 04, 2021
ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး အချုပ်အခြာအာဏာပိုင်သည့် လွတ်လပ်သောနိုင်ငံအဖြစ် ရပ်တည်နေထိုင်ခဲ့သည်မှာ ၂၀၂၁ ခုနှစ် ယနေ့ (ဇန်နဝါရီလ ၄ ရက်)တွင် (၇၃) နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။ လွတ်လပ်ရေးရရှိပြီးသည် မှာ နှစ်ပေါင်းခုနစ်ဆယ် ကျော်ပြီဖြစ်သော်လည်း မျက်မှောက် ကာလ အခြေ အနေအားဖြင့် လွတ်လပ်ရေး၏တန်ဖိုး၊ လွတ်လပ်ရေး၏အနှစ်သာရ၊ လွတ်လပ်ရေး၏ တာဝန် များကို အထူးသိရှိကြရန် လိုအပ်နေသောကာလ ဖြစ်သည်။
Jan 04, 2021
ယင်းလွတ်လပ်ရေးသည် မိမိအပါအဝင် ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးတစ်ရပ်လုံး တိုင်းတစ်ပါး သား၏ လက်အောက်တွင် ကျွန်ဖြစ်နေရသည်ကို မခံမရပ်နိုင်ကြသော နိုင်ငံချစ်သူ မြန်မာ ပြည်သူ လူထု၏ စွန့်လွှတ်စွန့်စားမှု အမျိုးမျိုးဖြင့် အသက်သွေးချွေး စတေးမှုများစွာကို ရင်းနှီးပေးဆပ်ကြပြီး ရရှိခဲ့သည့် လွတ်လပ်ရေး ဖြစ်သည်။
Jan 03, 2021
ဖလမ်းမြို့ မြို့တော်ခန်းမအဆောက်အဦသစ် ဖွင့်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက အဆိုပါ ခန်းမ အဆောက်အဦသစ် မျက်နှာစာ၌ ကျင်းပကာ မြို့တော်ခန်းမသစ်အတွက် သိက္ခာတော်ရဆရာတော် ထောင်းအွယ်က ဆုတောင်းဆက်ကပ် အပ်နှံပေးသည်။
Jan 03, 2021
၂၀၂၁ ခုနှစ် ပဲရာသီအတွက် ပဲခူးတိုင်း ဒေသကြီး ရွှေကျင်၊ မဒေါက်ဒေသ များမှ စတင်ထွက်ရှိလာသည့် မြန်မာ ထွက်ကုန်သီးနှံ ပဲတီစိမ်း(ရွှေဝါ)များ မန္တလေးဈေးကွက်တွင် အဖွင့်ဈေး ကောင်းဖြင့် အရောင်းသွက်လျက် ရှိကြောင်း မန္တလေးပဲကုန်သည်များ ထံမှ သိရသည်။
Jan 03, 2021
မြန်မာနိုင်ငံ ဂေါက်သီးရိုက်အသင်းမှ အားကစားအဆင့်မြင့်မားရေးရှေးရှုကာ အားကစားသမားများ အာမခံထားရှိရေးနှင့် ဂေါက်ကွင်းနှင့် သက်ဆိုင်သော သက်ရှိ/သက်မဲ့ အလုံးစုံကို ကမ္ဘာ့အဆင့်မီဂေါက် ကွင်း များကဲ့သို့ အာမခံထားရှိရေး စတင်ဆောင်ရွက်တော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဂေါက်သီးရိုက် အသင်းမှ သိရသည်။
Jan 03, 2021
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အမှတ် (၆)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ မြို့မကျောင်းကြီး ကျောင်းတိုက် ဦးစီးပဓာန နာယက၊ နိုင်ငံတော်သြဝါဒါစရိယ ဆရာတော် ဘဒ္ဒန္တသိရိန္ဒ (အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ မဟာဂန္ထဝါစကပဏ္ဍိတ)၊ မဟာထေရ်မြတ်ကြီးသည် သက်တော် (၈၄)နှစ်၊ သိက္ခာတော် (၆၃)ဝါအရ ၁၃၈၂-ခုနှစ်၊ နတ်တော်လပြည့်ကျော် (၁)ရက် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက် သောကြာနေ့၊ ည ၈ နာရီ မိနစ် ၂၀ တွင် ဘဝနတ်ထံ ပျံလွန်တော်မူကြောင်း
Jan 03, 2021
နိုင်ငံတစ်နိုင်ငံက အခြားနိုင်ငံတစ်နိုင်ငံကို ဝင်ရောက်သိမ်းပိုက် ထိန်းချုပ်ကာ နိုင်ငံရေးအရ လွှမ်းမိုးခြင်း၊ စီးပွားရေးအရ ခြယ်လှယ် သွေးစုပ်အမြတ်ထုတ်ခြင်းတို့ ပြုလုပ်ကြသည့် ကိုလိုနီစနစ်သည် ၁၅ ရာစုမှ ၂၀ ရာစု နှောင်းပိုင်းကာလအထိ တည်ရှိခဲ့သည်။ ကိုလိုနီ ပြုခဲ့ကြသည့် အဓိက ရည်ရွယ်ချက်မှာ ဘာသာသာသနာပြန့်ပွားရေး၊ စီးပွားရေးတွင် လက်ဝါးကြီးအုပ်ခြယ်လှယ်နိုင်ရေးနှင့် ဂုဏ်သိက္ခာ တို့အတွက်ဖြစ်သည်ဟု ဆိုကြသည်။ အမေရိက၊ အာရှနှင့် အာဖရိက နိုင်ငံများစွာတို့မှာ ကိုလိုနီလက်အောက်ခံဘဝ ကျရောက်ခဲ့ရာ မျက်မှောက်ခေတ်ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ကြည့်မည် ဆိုပါက နိုင်ငံ ၁၀ နိုင်ငံသာလျှင် ကိုလိုနီဘဝမကျရောက်ခဲ့ခြင်းဖြစ် သည်။ အရှေ့အနောက်နိုင်ငံများစွာကို သိမ်းပိုက်နိုင်ခဲ့သည့်အတွက် နေမဝင်အင်ပါယာဟူ၍ တင်စားကာ ဂုဏ်ယူမော်ကြွားခဲ့ကြသည့် ဗြိတိသျှအင်ပါယာထဲသို့ ၁၉ ရာစုအတွင်း မိမိတို့ မြန်မာနိုင်ငံသည် လည်း တစ်ရစ်ပြီးတစ်ရစ် ကျရောက်ခဲ့ရာ ဒုတိယကမ္ဘာစစ်ကြီးပြီးမှ သာလျှင် လွတ်လပ်သောနိုင်ငံဘဝသို့ ပြန်လည်ရောက်ရှိခဲ့ရခြင်း ဖြစ်သည်။
Jan 03, 2021
လူတိုင်းလူတိုင်းသည် မိမိကိုယ်ကို ဆန်းစစ်နိုင်မှ၊ မိမိကိုယ်ကိုဝေဖန်နိုင်မှ မိမိအမှားကို ဝန်ခံနိုင်မှ၊ ပြည်သူအားလုံးအတွက် တိုးတက်စေလိုသော စေတနာရှိမှ၊ မိမိကိုယ်တိုင် အများအကျိုးအတွက် ကြိုးစားအားထုတ်ချင် သောဆန္ဒရှိမှတိုးတက်သောနိုင်ငံ၊ ကြွယ်ဝသည့်နိုင်ငံသားများ ဖြစ်လာပေလိမ့် မည်။ ယခုအခါ လွတ်လပ်ရေးရရှိပြီးသည်မှာ နှစ်ပေါင်း ၇၀ ကျော်လာပြီ ဖြစ်သည်။ မိမိတို့ကိုယ်ကို ပြန်လည် ဆင်ခြင်သုံးသပ်ရေး အားနည်းသဖြင့် တိုးတက်သင့်သလောက် မတိုးတက်ပါဟု ရှုမြင်ရမည် ဖြစ်သည်။
Jan 02, 2021
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၃၁ ရက် ညနေ ၃ နာရီတွင် မော်လမြိုင်မြို့၊ မြို့ရှောင်လမ်းတွင် Probox အမျိုးအစား မော်တော်ယာဉ်ပေါ်မှ BORGWARD အမျိုးအစားမော်တော်ယာဉ်ပေါ်သို့ မူးယစ်ဆေးဝါးများ တင်ဆောင် နေကြောင်းသတင်းအရ သွားရောက်စစ်ဆေးရှာဖွေရာ စိုးလင်းဦး(ခ) ပြောင်လေး၊ တင်မျိုးလတ် (ခ)ဖိုးခွား၊ စောလှမျိုးကျော်(ခ)ဆင်ပြာနှင့် ခမ်းပါ(ခ)ရှမ်းတို့(၄)ဦးအား တွေ့ရှိရပြီး စိုးလင်းဦး(ခ) ပြောင်လေးမောင်းနှင်သော Probox မော်တော်ယာဉ်ပေါ်မှ ငွေကျပ်သိန်း ၃,၀၀၀ တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၀၀,၀၀၀ ကိုလည်းကောင်း။
Jan 02, 2021
သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေကို ပြန်လည် သုံးသပ်ခြင်း၊ မြန်မာ့လူမှု ကာကွယ် စောင့်ရှောက်ရေးအထောက်အပံ့ဥပဒေ(မူကြမ်း)ရေးဆွဲခြင်းနှင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေ (မူကြမ်း)ရေးဆွဲထားမှုနှင့်ပတ်သက်၍ ဝန်ကြီးဌာနနှင့် သက်ဆိုင်သောကဏ္ဍများအပေါ် အကြံပြုဆွေး နွေးညှိနှိုင်းမှုများကို Virtual Meeting ဖြင့်ကျင်းပသည်။