Skip to main content

Feb 14, 2021

ပြည်တွင်း လေကြောင်းခရီးသွား ပြည်သူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ COVID-19 ရောဂါ သတ်မှတ်ချက်များအတိုင်း ကျန်းမာရေး စစ်ဆေးခြင်း၊ ထိန်းချုပ် ကြပ်မတ် ဆောင်ရွက်ခြင်းများနှင့် ပတ်သက်၍ နေ့စဉ်စစ်ဆေးပေးခြင်း၊ ဆေးစစ်ချက် ထောက်ခံချက် ထုတ်ပေးခြင်းနှင့် ကုသပေးခြင်း များကို တပ်မတော်ဆေးတပ်ဖွဲ့ဝင်များက ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပူးပေါင်းပြီး ဆောင်ရွက်ပေးလျက်ရှိရာ ထားဝယ်လေဆိပ်တွင် ဖေဖော်ဝါရီ ၇ ရက်မှစတင်၍လည်းကောင်း၊ တာချီလိတ် လေဆိပ်တွင် ဖေဖော်ဝါရီ ၈ ရက်မှ စတင်၍လည်းကောင်း၊ လားရှိုး လေဆိပ်တွင် ဖေဖော်ဝါရီ ၉ ရက်မှ စတင်၍ လည်းကောင်း လိုအပ်သည်များ စီစဉ်ဆောင်ရွက် ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 14, 2021

ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုးသည် ကောင်စီအဖွဲ့ဝင်များနှင့်အတူ ဖေဖော်ဝါရီ ၁၃ ရက် နံနက်ပိုင်းတွင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ပိဋကသုံးပုံ နိကာယ် စာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက၊ ရွှေရတုတိပိဋကဓရ၊ တိပိဋကကောဝိဒ၊ ဓမ္မဘဏ္ဍာဂါရိက၊ မော်ကျွန်းဆရာတော် ဘဒ္ဒန္တသီလက္ခန္ဓာ ဘိဝံသအရှင်သူမြတ်ထံ သွားရောက်ဖူးမြော်ကြည်ညိုကာ သာသနာရေးရာကိစ္စရပ်များကို လျှောက်ထားပြီး ဆွမ်းဆန်တော် ၂၄ ပြည်ပါ ဆန်အိတ် ၁၀၀ နှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Feb 14, 2021

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကုန်ထုတ်လမ်း ၅၁ လမ်းနှင့် ကုန်ထုတ်တံတား ၁၁၆ စင်း ဆောင်ရွက်မည်ဖြစ်ကြောင်း တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 14, 2021

စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ် အင်းကြီးကျေးရွာအနီးရှိ အင်းကြီးရေဝပ် ဧရိယာတွင် ရွှေတူးဖော်ရန် လုပ်ကွက် ၅ဝ ကို စစ်ကိုင်းတိုင်းဒေသကြီး ရွှေလုပ်ကွက်စိစစ်ချထားရေး ကော်မတီသို့ လုပ်ကိုင်ခွင့်တင်ထားကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 14, 2021

ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ကောင်စီအဖွဲ့ဝင်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၈ နာရီတွင် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 14, 2021

နိုင်ငံတော်၏အကျိုးကို သယ်ပိုးဆောင်ရွက်ရန်အတွက် နိုင်ငံ့တာဝန်များကို မပျက်မကွက် ဆက်လက်ထမ်းဆောင်လျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်မဝင်နိုင်အောင် နိုင်ငံတော်ကို ဆန့်ကျင်နှောင့်ယှက်မှုပြုနေသူအချို့က နည်းအမျိုးမျိုးဖြင့် ဖိအားပေးခြင်း ခြိမ်းခြောက်ခြင်းများ ပြုလုပ်နေကြောင်းကို ကြားသိနေရပါသည်။ ဖိအားပေးခြိမ်းခြောက်သူများအနေဖြင့် ယင်းလုပ်ရပ် များသည် ဥပဒေနှင့် ဆန့်ကျင်သကဲ့သို့ မိမိ၏ အခွင့်အရေးနှင့် လွတ်လပ်ခွင့်များကို ကျင့်သုံးခြင်း ဆိုင်ရာ မူသဘောတရားများနှင့်လည်း ဆန့်ကျင်နေပါသည်။ ဝန်ထမ်းမဟုတ်သူ ပြည်သူလူထု အချင်းချင်းကြားတွင်လည်း အလားတူပြုလုပ်မှုများ ရှိနေကြောင်းကိုလည်း ကြားသိရပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 14, 2021

နိုင်ငံ့ဝန်ထမ်း သို့မဟုတ် အစိုးရဝန်ထမ်းဟူသည် နိုင်ငံတော်နှင့် ပြည်သူတို့၏ အကျိုးစီးပွားကို သယ်ပိုးထမ်းရွက်ကြသူများ ဖြစ်သည်။ ဝန်ထမ်းများသည် နိုင်ငံတော်၏ ရသုံးမှန်းခြေငွေစာရင်းမှ ကျခံပေးသောဘဏ္ဍာငွေကို ရရှိခံစားကြသူများဖြစ်၍ နိုင်ငံတော်နှင့်ပြည်သူတို့အပေါ်တွင် သစ္စာ စောင့်သိ ရိုသေကြရမည့် သူများဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 14, 2021

စိတ်ကောင်းရှိဖို့က ပထမ၊ ဝိနည်းလေးစားဖို့ကဒုတိယ၊ ကျန်းမာဖို့က တတိယ၊ သန့်ရှင်းဖို့က စတုတ္ထ၊ အဝတ်အစားဝတ်တတ်ဖို့က ပဉ္စမ၊ အနေအထိုင်တတ်ဖို့က ဆဋ္ဌမ၊ အပြောအဆိုတတ်ဖို့က သတ္တမ၊ အသွားအလာတတ်ဖို့က အဋ္ဌမ၊ စည်းကမ်းလိုက်နာဖို့က နဝမ၊ စာတတ်ဖို့က ဒသမဟူသော ဩဝါဒလမ်းစဉ် (၁၀) ချက်ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်ရှိ တပည့်သား သံဃာများ လိုက်နာကြရန် ကျေးဇူးတော်ရှင် ဆရာတော်ကြီး အရှင်ဇနကာဘိဝံသက ချမှတ်ခဲ့ရာ ယနေ့တိုင် တပည့်သားသံဃာအဆက်ဆက်တို့က လိုက်နာကျင့်သုံးခဲ့သည့်အတွက် မဟာဂန္ဓာရုံကျောင်းသည် ပြည်တွင်းမှာသာမက ပြည်ပသို့တိုင်အောင် ထင်ရှားကျော်ကြားသည်။

ဆက်လက်ဖတ်ရှုရန်

Feb 13, 2021

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (13-2-2021, 8:00 PM)

ဆက်လက်ဖတ်ရှုရန်

Feb 13, 2021

(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃)ရက်နေ့ ည(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဆက်လက်ဖတ်ရှုရန်

Feb 13, 2021

 

COVID-19 ကာကွယ်ဆေးများထပ်မံရောက်ရှိမှုနှင့် လက်ခံမှုထားရှိမှုအခြေအနေ (11-2-2021)

ဆက်လက်ဖတ်ရှုရန်

Feb 13, 2021

ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် အလှူငွေ ပေးအပ်လှူဒါန်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 13, 2021

နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးအတွက် လူဖမ်းဝရမ်း ထုတ်ဆင့်ထားသူများနှင့် ပတ်သက်၍ သတင်းပေးတိုင်ကြားနိုင်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

ဆက်လက်ဖတ်ရှုရန်

Feb 13, 2021

(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃)ရက်နေ့ ​နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်) ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ် နေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်း နေပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 13, 2021

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆောင်ရွက် လျက်ရှိသည့် မြန်မာ့တပ်မတော်အား ထောက်ခံ ပွဲကို ယနေ့တွင် တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့၌ အင်အား ( ၈၀၀၊ မန္တလေး တိုင်းဒေသကြီး မိတ္ထီလာမြို့၌ အင်အား ( ၁၀၀၀၀ ခန့်ဖြင့်လည်းကောင်း၊ မလှိုင်မြို့၌ အင်အား ၃၀၀၀ဖြင့်လည်းကောင်း၊ ပျော်ဘွယ်မြို့၌ အင်အား ၂၀၀၀ ခန့်ဖြင့် လည်းကောင်း၊ ပဲခူး တိုင်းဒေသကြီး ထန်းတပင်မြို့၌ အင်အား ၃၀၀၀ ခန့်ဖြင့် လည်းကောင်း၊ ကျောက်ကြီးမြို့၌ အင်အား ၂၀၀ ခန့်ဖြင့် လည်းကောင်း၊ သာယာဝတီမြို့၌အင်အား ၃၀၀၀ ခန့်ဖြင့် လည်းကောင်း၊ မိုးညိုမြို့၌ အင်အား ၅၀၀ ခန့်ဖြင့် လည်းကောင်း၊ ဖြူးမြို့၌ အင်အား ၃၀၀၀ |ခန့်ဖြင့် လည်းကောင်း၊ မုန်းမြို့၌ အင်အား ၄၀၀ ခန့်ဖြင့်လည်းကောင်း အသီးသီး ဆန္ဒဖော်ထုတ်ခဲ့ ကြသည်။ ထိုသို့ ဆန္ဒဖော်ထုတ်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)နှင့်အညီ ဆောင်ရွက် လျက်ရှိသည့် မြန်မာ့တပ်မတော်အား ထောက်ခံ ပါသည်၊ ဥပဒေနှင့်အညီ ဖွဲ့စည်းထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရသစ်အား ကြိုဆို ထောက်ခံပါသည်၊ ဥပဒေနှင့်အညီ ဖွဲ့စည်းထားသည့် UEC အသစ်အား ကြိုဆိုပါသည်။ ပြည်ပအားကိုး ပုဆိန်ရိုး အမျိုးသားရေး သစ္စာဖောက်များအား အလိုမရှိ၊ မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ၊ မြန်မာပြည်ကြီး အေးချမ်း ပါစေ၊ ဥပဒေနှင့်မညီသော ရွေးကောက်ပွဲရလဒ် အလိုမရှိ၊ အမျိုးဘာသာသာသနာကို စောင့်ရှောက်ပေးသော မြန်မာ့ တပ်မတော်အား ထောက်ခံပါသည်။ တပ်မတော်နှင့် ပြည်သူသွေးခွဲသူ ဒို့ရန်သူ၊ စစ်မှန်ပြီး စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်ကို အကောင်အထည် ဖော်ဆောင် ပေးမည့် တပ်မတော်အား ထောက်ခံပါသည် စာသားပါ ဆိုင်းဘုတ် များကို ကိုင်ဆောင်ကြွေးကြော် ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 13, 2021

ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံ များနှင့် ကျေးလက်ကျန်းမာရေးဌာန များ၌ ဆေးရုံ တက်ရောက် ကုသမှုခံယူ နေသူများ၊ လူနာစောင့်များနှင့် ကျန်းမာရေးဝန်ထမ်းများ အာဟာရ ပြည့်ဝစေရန်နှင့် ကျန်းမာကြံ့ခိုင်စေရန်အတွက် တပ်မတော်(ကြည်း၊ ရေ၊လေ)မိသားစုများက လှူဒါန်းသည့် အာဟာရ ဖြည့်စွက်စာများကို တိုင်းစစ်ဌာနချုပ်များအလိုက် တပ်မတော် သားများ က သွားရောက်ပေးအပ် လှူဒါန်းလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 13, 2021

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုလုပ်ငန်းများဆောင်ရွက်နေစဉ်ကာလအတွင်း သွားလာမှု ကန့်သတ်ချက် များကြောင့် ဒေသခံပြည်သူများ စားရေးအဆင်ပြေစေရန် အတွက် နယ်မြေခံ တပ်မတော် သားများက ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများကို အိမ်အရောက် လိုက်လံပေးဝေ လှူဒါန်းလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 13, 2021

နိုင်ငံတော်နှင့် တပ်မတော်အတွက် အသက်ပေးလှူခဲ့ရသည့်အရာရှိ၊ စစ်သည်များ၏ မိသားစု ဝင်များ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များနှင့်မီးသတ်တပ်ဖွဲ့ဝင် များအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလအတွင်း အသွားအလာ ကန့်သတ်ချက်များကြောင့် စားရေး အခက်အခဲ မရှိစေရန် ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်း များကို သက်ဆိုင်ရာ တိုင်းစစ်ဌာန ချုပ်များ၊ စစ်မှုထမ်းဟောင်းရုံး အိမ်ရာများ၊ တပ်နယ်ခန်းမများနှင့် ရဲတပ်ဖွဲ့မှူးရုံး တို့၌ ပေးအပ်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 13, 2021

(၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက်လာကြ သည့်ရခိုင် တိုင်းရင်း သား မျိုးနွယ်စုများ သည် ဖေဖော်ဝါရီ ၁၁ ရက် ညနေပိုင်း တွင် စစ်တွေမြို့ အထင် ကရနေရာ များ သို့ လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 13, 2021

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်သည့် (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော် အလံအလေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ဓညဝတီအားကစားကွင်း၌ ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၇ နာရီက ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်