Skip to main content

မူဆယ်မြို့နယ်၌ ငွေကျပ်သိန်း ၃,၀၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော် စက်တင်ဘာ ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်တွင် ငွေကျပ်သိန်း ၃,၀၀၀ ကျော် တန်ဖိုးရှိ  စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် စက်တင်ဘာ ၁၉ ရက် နံနက် ၁၁ နာရီခွဲတွင် မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်၊ ခိုဝိန်း နယ်မြေ၊ အမှတ်(ခဝ/၁၃၇)၊ အခန်း(၁၀)တွင် ငှားရမ်းနေထိုင်သူ ကျောက်ကွမ်ကြူ (ခ)ကျောက်ကျုံး (၃၅)နှစ် ၏နေအိမ်ကို သတင်းအရရှာဖွေရာ နေအိမ်အတွင်းမှ ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၃,၀၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၆၂၀,၀၀၀ နှင့် စိတ်ကြွဆေးပြား အကြေ ၂ ဒသမ ၄ ကီလို  တို့ သိမ်းဆည်းရမိခဲ့သဖြင့်  ၎င်းအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူ များအား စစ်ဆေးဖော်ထုတ် လျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)