ရန်ကုန် နိုဝင်ဘာ ၂၄
၂၄-၁၁-၂၀၂၁ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင်နှင့် တိုင်းဒေသကြီးတိုင်းရင်းသား ရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးတို့ ဦးဆောင်လျက် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲမှ အကြံပေး၊ မြန်မာ့ရုပ်ရှင် မြှင့်တင်ရေးဦးစီးဌာန (ရန်ကုန်တိုင်းဒေ သကြီး) မှတာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နိုင်ငံပိုင်ရုပ်ရှင်ရုံ (၁၃) ရုံ၏ ပြင်ဆင်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီးရုပ်ရှင်ရုံငှားရမ်းသူများနှင့် တွေ့ဆုံရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ စည်းကမ်း ချက်များနှင့်အညီ အမြန်ဆုံးပြန်လည်ပြသနိုင်ရေး ဆွေးနွေးမှာကြားသည်။
သတင်းစဉ်