Nov 09, 2022
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၆ ရက် ညနေ ၅ နာရီ တွင် ရေဖြူမြို့နယ် ကလိန်အောင်မြို့ လော့သိုင်းကျေးရွာအုပ်စု အလယ်စခန်းကျေးရွာအနီးရှိ မလွှဲတောင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် အောင်ဝင်းမောင်းနှင်ပြီး အိအိငြိမ်း လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅၂၆၅ ပြားကိုလည်းကောင်း။
Nov 09, 2022
ယနေ့အစည်းအဝေးသည် ဌာနဆိုင်ရာများမှ တင်ပြလာသည့် ရန်ပုံငွေလွှဲပြောင်းသုံးစွဲခွင့်ဆိုင်ရာကိစ္စရပ်များအပေါ် ကြိုတင်ခွင့်ပြုခဲ့သည့် အမှုတွဲများအား အဖွဲ့ဝင်များနှင့် ပြန်လည်စိစစ်အတည်ပြုနိုင်ရန်နှင့် ကော်မတီ၏ လုပ်ငန်းတာဝန်(၁၀)ရပ်ကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောကြားသည်။
Nov 09, 2022
နိုင်ငံတော်အစိုးရ၏ ယန္တရားကောင်းမွန်စွာ လည်ပတ်နိုင်ရေးအတွက် ကျရာကဏ္ဍမှ တာဝန်သိစိတ်ဖြင့် ဆောင်ရွက်နေကြသည့် ဝန်ထမ်းများကို စိတ်လက်ပေါ့ပါးစွာ အပန်းဖြေပျော်ရွှင်မှုရရှိစေရန် ရည်ရွယ်ချက်ဖြင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ အားပေးမြှင့်တင်မှုတစ်ခုအဖြစ် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ခေတ်ပေါ်တေးဂီတအဖွဲ့နှင့်အတူ နိုင်ငံကျော်တေးသံရှင်များ၊ မြန်မာ့အသံမှ တေးသံရှင်များက နေပြည်တော်ရှိ ဝန်ကြီးဌာနများသို့ လှည့်လည်ဖျော်ဖြေလျက်ရှိသည်။
Nov 09, 2022
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့် ရသင့်ရထိုက်သောအခွန်ငွေများ အပြည့်အဝရရှိရေးဆောင်ရွက်ကြရာတွင် အခွန်ထမ်းပြည်သူများက အခွန်ဥပဒေများအရ ပေးဆောင်သင့်သည့် အခွန်ငွေများကို တာဝန်သိစွာ ပေးဆောင်လာစေရေးကို အသိပညာပေး စည်းရုံးဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊ ပြည်တွင်းအခွန်များဦးစီးဌာနကို ပွင့်လင်းမြင်သာမှုရှိသည့် ခေတ်မီသောအခွန်ဌာနတစ်ခုဖြစ်လာစေရန် အဓိကဦးတည်အကောင်အထည်ဖော်နေသဖြင့် ယင်းလုပ်ငန်းစဉ်အောင်မြင်ရေးအတွက် သင်တန်းသား သင်တန်းသူများအပါအဝင် အခွန်ဝန်ထမ်းများအားလုံးက တက်ညီလက်ညီ အားသွန်ခွန်စိုက် ကြိုးစားဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောကြားသည်။
Nov 09, 2022
အာဆီယံအသိုက်အဝန်း ၂၀၂၅ အလွန်မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ ပဉ္စမအကြိမ်မြောက်အစည်းအဝေးကို နိုဝင်ဘာ ၆ ရက်မှ ၇ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့ရှိ Hyett Regency Hotel ၌ ကျင်းပသည်။
Nov 09, 2022
ပြည်ပနိုင်ငံများသို့စေလွှတ်မည့် စီးပွားရေးသံမှူးများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည်။
Nov 09, 2022
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်သည် ယနေ့နံနက်ပိုင်းတွင် တရုတ်ပြည်သူ့နိုင်ငံခြားရေးရာသိပ္ပံ (CPIFA)မှ စီစဉ် ကျင်းပသည့် ပထမအကြိမ် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ထင်ပေါ်ကျော်ကြားသူများ ဆွေးနွေးပွဲသို့ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်သည်။
Nov 09, 2022
မြန်မာတို့၏ သဘာဝနှင့်ယုံကြည်မှုအရ လူတို့၏ဖြစ်တည်မှုသည် ဖြစ်ပြန်ပျက်ပြန်လောကဓံသဘောကဲ့သို့ နိမ့်တုံမြင့်တုံ အစဉ်အမြဲပြောင်းလဲဖြစ်ပေါ်နေသည်ကို တွေ့ရမည်ဖြစ်သည်။ လူ့ဘောင်လောကဖြစ်တည်မှုတွင်လည်း အလားတူပင်၊ လောကဓံမုန်တိုင်းကြား၌ ရုန်းကန်လှုပ်ရှား အစဉ်ဖြတ်ကျော်နေရပါသည်။ ထိုသဘောတရားအရ ဖြစ်ပေါ်လာသမျှသော အခြေအနေတို့ပေါ်တွင်မူတည်၍ အကောင်းဆုံးဖြစ်အောင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးပမ်းအားထုတ်ရမည်မှာ လူ့ဘောင်သမိုင်းကို ရေးထိုးကြမည့်သူများ၏ တာဝန်ဖြစ်ပါသည်။
Nov 09, 2022
အကြမ်းဖက်အဖွဲ့အစည်းအဖြစ် မြန်မာနိုင်ငံက ကြေညာထားသည့် ARSA အဖွဲ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းရှိ ဒုက္ခသည်စခန်းများတွင် ခြောက်နှစ်မြောက် နှစ်ပတ်လည်ပွဲများကျင်းပပုံ ဗီဒီယိုဖိုင်များနှင့် ဓာတ်ပုံများကို လူမှုကွန်ရက်မီဒီယာများတွင် ပေါ်ပေါ်ထင်ထင် ထုတ်ပြလာခဲ့သည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၉ ရက်နေ့က ကောက်စ်ဘဇားရှိ ဒုက္ခသည်စခန်းများတွင် ARSA အဖွဲ့က “Happy Day” ဟု အမည်ပေးထားသည့် အခမ်းအနားကိုကျင်းပပြီး Facebook၊ Twitter နှင့် Whatsapp တို့မှတစ်ဆင့် ဖြန့်ဝေခဲ့ခြင်းဖြစ်ရာ ယခင်က ဒုက္ခသည်စခန်းများအတွင်း လျှို့ဝှက်သိပ်သည်းစွာ ရောနှောနေထိုင်ခဲ့သည့် အကြမ်းဖက်အဖွဲ့အစည်းတစ်ခုက ရည်ရွယ်ချက်ရှိရှိ ခေါင်းထောင်ပြလိုက်ခြင်းအားဖြင့် နောက်ထပ်ခြေလှမ်းတစ်ခုစတင်လိုက်ခြင်းဟု ယူဆနိုင်သည်။
Nov 08, 2022
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး မစ္စတာ ဗီနေးကူးမားအား ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်၊ (၁၀:၃၀)နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Nov 08, 2022
ဂရိနိုင်ငံ၊ အေသင်မြို့ရှိ Hellenic Police Headquarters ၌ ၂၀၂၂ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်မှ နိုဝင်ဘာလ ၄ ရက်အထိ ကျင်းပပြုလုပ်ခဲ့သော နိုင်ငံတကာစေ့စပ်ညှိနှိုင်းသူများလုပ်ငန်းအဖွဲ့၏ နှစ်ပတ်လည်ညီလာခံ (International Negotiators Working Group – Annual Conference 2022)သို့ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲမှူးချုပ် ကျော်လင်း ဦးဆောင်သောကိုယ်စားလှယ် ၂ ဦးတက်ရောက်ခဲ့ပြီး ဥရောပသမဂ္ဂအဖွဲ့ဝင် ၁၉ နိုင်ငံနှင့် အမေရိကန်၊ ဗြိတိန်၊ ဆွစ်ဇာလန်၊ အိုက်စ်လန်၊ နော်ဝေ၊ ကနေဒါ၊ နိုင်ဂျီးရီးယား၊ ဩစတြေးလျ၊ မက်စီဒိုးနီးယား၊ အရှေ့အလယ်ပိုင်းဒေသ ၄ နိုင်ငံတို့မှ ကိုယ်စားလှယ်များ၊ အာရှနိုင်ငံများမှ မြန်မာနိုင်ငံ၊ ဂျပန်၊ တရုတ်၊ ဖိလစ်ပိုင်နှင့် စင်္ကာပူနိုင်ငံတို့မှ ကိုယ်စားလှယ်များစုစုပေါင်း (၁၀၅)ဦး တက်ရောက်ခဲ့ပါသည်။
Nov 08, 2022
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
(၁၆) ကြိမ်မြောက် ပြင်ဦးလွင်မြို့၊ တန်ဆောင်တိုင်ပွဲတော် အောင်ပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပ
Nov 08, 2022
၂၀၂၂ ခုနှစ်၊ (၁၆)ကြိမ်မြောက် ပြင်ဦးလွင်မြို့၊ တန်ဆောင်တိုင်ပွဲတော် အောင်ပွဲအခမ်းအနားကို ၁၃၈၄ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော်(၁)ရက်၊ ၂၀၂၂ ခုနှစ် ယနေ့ညနေပိုင်းတွင် ပြင်ဦးလွင်မြို့၊ ဓမ္မရတီကုန်းမြေပေါ်တွင် တည်ထားကိုးကွယ်လျှက်ရှိသော မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရားကြီး(ပြည်ချစ်ဘုရား)အနီးရှိ မီးပုံးပျံကွင်းအတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦး၊ တပ်မတော်အရာရှိကြီးများ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြင်ဦးလွင်ခရိုင်/မြို့နယ် အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မီးပုံးပျံပညာရှင်များ၊ ဖိတ်ကြားထားသူများ၊ ဒေသခံပြည်သူများနှင့် ရပ်နီးရပ်ဝေးမှ ခရီးသွားဧည့်သည်များ တက်ရောက်ကြသည်။
Nov 08, 2022
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့မှ ညွှန်ကြားရေးမှူး မစ္စတာအလက်ဇန်းဒါး ဆာဂီးအ်ဗစ်ရှ်ရှာတီရော့ဗ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၈ နာရီတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁)၌ လက်ခံတွေ့ဆုံခဲ့သည်။
Nov 08, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။
Nov 08, 2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တွင် ငွေကျပ်သိန်း ၂,၈၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
Nov 08, 2022
စင်ကာပူနိုင်ငံတွင် နိုဝင်ဘာ ၇ ရက်မှ ၁၁ ရက်အထိကျင်းပမည့် (၇)ကြိမ်မြောက် World One Health Congress 2022 နှင့် တီမာဆက်ဖောင်ဒေးရှင်း ကျန်းမာရေးပူးပေါင်းဆောင်ရွက်မှု အစည်းအဝေးသို့တက်ရောက်ရန် ကျန်းမာရေးဝန်ကြီးဌာနမှ ဆေးရုံအုပ်ကြီးများနှင့် တာဝန်ရှိသူများပါဝင်သော မြန်မာနိုင်ငံမှကိုယ်စားလှယ်ခြောက်ဦးအဖွဲ့သည် နိုဝင်ဘာ ၆ ရက်တွင် ရန်ကုန်မြို့မှ စင်ကာပူနိုင်ငံသို့ လေကြောင်းခရီးဖြင့်ထွက်ခွာသွားသည်။
Nov 08, 2022
တန်ဆောင်မုန်းလသည် မြန်မာ့ ၁၂ လရာသီတွင် ရှစ်လမြောက်လဖြစ်ပြီး တန်ဆောင်မုန်းလပြည့်နေ့သည် မြတ်စွာဘုရားရှင်က အဇာတသတ်မင်းကြီးအမှူးပြုသော ပရိသတ်တို့အား သာမညဖလသုတ်တော်ခေါ် ရဟန်းပြုရအကျိုးပြတရားတော်ကို ဟောကြားတော်မူသော နေ့ထူးနေ့မြတ်ဖြစ်သည်။
Nov 08, 2022
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီအဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင်ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိသည်။
