Skip to main content

ဥပဒေရေးရာဝန်ကြီးဌာန ရက် ၁၀၀ စီမံကိန်းပါ စံနမူနာ ရှေ့ပြေးဥပဒေရုံး (Pilot Law Office)များ သတ်မှတ်ဆောင်ရွက်

ဥပဒေရေးရာဝန်ကြီးဌာနလက်အောက်ရှိ မြို့နယ်ဥပဒေရုံး ၁၀ ရုံးအား အစိုးရသစ် ရက် ၁၀၀ အတွင်း ရှေ့ပြေးဥပဒေရုံးများအဖြစ် သတ်မှတ်တိုးချဲ့ဖွဲ့စည်းရန်လျာထားခဲ့ပြီး ယနေ့တွင်နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ ဇမ္ဗူသီရိမြို့နယ်ဥပဒေရုံး၊ ဥတ္တရသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ် ဥပဒေရုံးများကို ရှေ့ပြေးဥပဒေရုံး(Pilot Law Office)များအဖြစ် သတ်မှတ်ဖော်ဆောင်ကြောင်း သိရသည်။

၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း၏ ရန်ကုန်တိုင်းဒေသကြီး အစီရင်ခံစာထုတ်ပြန်ခြင်းအခမ်းအနား ကျင်းပ

၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း၏ ရန်ကုန်တိုင်းဒေသကြီး အစီရင်ခံစာထုတ်ပြန်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပရာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် တက်ရောက်အမှာစကားပြောကြားသည်။

MSME များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ဝန်ဆောင်မှုလုပ်ငန်းများနှင့် ပံ့ပိုးမှုများ အမှန်တကယ် အကျိုးရှိထိရောက်အောင်ဆောင်ရွက်

စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီးအတွင်း စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံပြီး ဌာနခွဲအလိုက်လုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အာဆီယံမိသားစု ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ဆိုင်ရာ ညီလာခံနှင့် အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲသို့ တက်ရောက်

ဖိလစ်ပိုင်နိုင်ငံက ဦးဆောင်၍ ၂၀၂၆ ခုနှစ် မေ ၁၂ ရက် မှ ၁၄ ရက်အထိ Video Conference စနစ်ဖြင့် ကျင်းပသည့် အာဆီယံမိသားစု ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ဆိုင်ရာ ညီလာခံနှင့် အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေး (ASEAN Ministerial Meeting on Social Welfare and Development -AMMSWD) ၏ ဥက္ကဋ္ဌဖြစ်သူ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်း တက်ရောက်သည်။

ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း ဧရာဝတီတိုင်းဒေသကြီးအတွင်း Football For School Program ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ စစ်ဆေး

အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းသည် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းပါ လမ်းညွှန်ချက်အရ Football For School Program ဆိုင်ရာ လုပ်ငန်းဆောင်ရွက်လျက်ရှိသည့်အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် မြန်မာနိုင်ငံဆိုင်ရာ နီကာရာဂွါနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် မြန်မာနိုင်ငံဆိုင်ရာ နီကာရာဂွါနိုင်ငံ သံအမတ်ကြီး H.E. Mr. Segundo Martin Calero Escorcia အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ရဲရွာရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်နေမှုနှင့် မိတ္ထီလာမြို့နယ်ရှိ ၅၀၀ ကေဗွီ ကံကောင်းပင်မဓာတ်အားခွဲရုံစီမံကိန်း ဆောင်ရွက်ပြီးစီးနေမှု ကြည့်ရှုစစ်ဆေး

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ယမန်နေ့က မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်ရှိ ရဲရွာရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နေမှုနှင့် မိတ္ထီလာမြို့နယ်ရှိ ၅၀၀ ကေဗွီ ကံကောင်း ပင်မဓာတ်အားခွဲရုံစီမံကိန်း ဆောင်ရွက်ပြီးစီးနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် တရုတ်နိုင်ငံမှပေးပို့လှူဒါန်းသည့် ကွန်တိန်နာ Prefabricated House များရောက်ရှိမှုနှင့် ငလျင်ဒဏ်သင့်ဘုန်းကြီးကျောင်းနှင့် သီလရှင်ကျောင်းများသို့ပို့ဆောင်နေမှု ကြည့်ရှုစစ်ဆေး

သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီး ဦးလင်းအောင်၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးတို့သည် ယမန်နေ့ ညနေ ၄ နာရီက နေပြည်တော်ကောင်စီနယ်မြေရှိ ငလျင်ဒဏ်သင့်ဘုန်းကြီးကျောင်းနှင့် သီလရှင်ကျောင်းများအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပေးပို့လှူဒါန်းသည့် ကွန်တိန်နာ Prefabricated House များ တင်ဆောင်လာသော ကုန်ရထား နေပြည်တော် ရွာတော်ဘူတာသို့ ရောက်ရှိမှုနှင့် ကုန်ရထားပေါ်မှတစ်ဆင့် ပို့ဆောင်မည့်ယာဉ်များပေါ်သို့ တင်ချဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်း အထက်မြန်မာပြည် အစိုးရပုံနှိပ်စက်ရုံ (မန္တလေး) နှင့် နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာန (မန္တလေး) ကြည့်ရှုစစ်ဆေး

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်းသည် ယနေ့နံနက်ပိုင်းတွင် ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန အထက်မြန်မာပြည် အစိုးရပုံနှိပ်စက်ရုံ (မန္တလေး) သို့ရောက်ရှိပြီး ပုံနှိပ်စက်ရုံ (မန္တလေး) မှ ရိုက်နှိပ်ထုတ်ဝေသည့် စာအုပ်များ၊ Orient - I, II ပတ်လည်စက်၊ ရွက်ထိုးစက်၊ ကုန်ကြမ်းသိုလှောင်ထားမှု၊ ကော်ကပ်စက်၊ Gathering & Stitching ချုပ်စက်၊ ဓားစက်များ၊ Katana (Image Setter) စက်၊ ပုံကူးစက်နှင့် ပုံဖော်စက်များ၏ ကြံ့ခိုင်မှုနှင့် လုပ်ငန်းလည်ပတ်ဆောင်ရွက်မှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း ရှမ်းပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနရုံး၊ တောင်ကြီးမြို့ရှိ ပြည်သူ့ဆေးရုံကြီးများနှင့် ဆေးတက္ကသိုလ်တို့ကို ကြည့်ရှုစစ်ဆေး

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနရုံး၌ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ပြည်သူများအတွက် လုံခြုံစိတ်ချရသော အစားအသောက်များ ရရှိသုံးစွဲနိုင်ရေးမှာကြားပြီး ဓာတ်ခွဲခန်းကို ကြည့်ရှုစစ်ဆေးသည်။
Subscribe to Union Minister