၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အမျိုးသားပြတိုက် (နေပြည်တော်) Mini Theatre ၌ ကျင်းပသည်။
ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး အာမခံအလုပ်သမားများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှု ကြည့်ရှုအားပေး
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးသည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့ရှိ Ayeyarwaddy Success Centure Foods Co., Ltd ၏ မားမားခေါက်ဆွဲခြောက်စက်ရုံနှင့် မိတ္ထီလာမြို့ စက်မှုဇုန်ရှိ ချန်းကျန်အထည်ချုပ်စက်ရုံတို့ရှိ အာမခံအလုပ်သမား ၁၅၃၁ ဦးကို ရွေ့လျားဆေးကုသယာဉ်ဖြင့် ကွင်းဆင်းဆေးကုသပေးနေမှုကို ကြည့်ရှုအားပေးသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် ဒေါက်တာချာလီသန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ (၁၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာစီးပွားရေးဖိုရမ်နှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းတို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ တာတာစတန်ပြည်နယ် ကာဇန်မြို့၌ မေ ၁၃ ရက်မှ ၁၇ ရက်အထိကျင်းပသည့် (၁၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ စီးပွားရေးဖိုရမ်နှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပဲမျိုးစုံနှင့် နှမ်းသန့်စင်စက်ရုံများ ကြည့်ရှုစစ်ဆေး
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ယနေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်ရှိ ရွှေအားမာန်မြန်မာကုမ္ပဏီ လီမိတက်၏ ပဲ၊ နှမ်းသန့်စင်စက်ရုံ၌ ကုန်ကြမ်းလက်ခံသိုလှောင်ထားရှိမှု၊ သန့်စင်မှုနှင့် ထုတ်လုပ်မှုအဆင့်ဆင့်၊ ထုပ်ပိုးမှုနှင့်စက်ကိရိယာများ အသုံးပြုမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဆည်တော်နံ ရွှေမုဋ္ဌောစေတီတော် ပြန်လည်ပြုပြင်နေမှု ကြည့်ရှုစစ်ဆေး
သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ရှိ ငလျင်ဒဏ်သင့် ဆည်တော်နံ ရွှေမုဋ္ဌောစေတီတော်အား ပြည်ထောင်စုဝန်ကြီးနှင့်ဝန်ထမ်းများ၊ ခုနစ်ရက်သားသမီးများ၏ စုပေါင်းလှူဒါန်းမှုတို့ဖြင့် ပြန်လည်ပြုပြင်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်း နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ထမ်းများနှင့် မိသားစုဝင်များအတွက် စားသောက်ဖွယ်ရာများပေးအပ်
မန္တလေးငလျင်ကြီးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ပြန်ကြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းအိမ်ရာများအနက် ပြန်လည်ပြုပြင်ပြီးစီးသွားသော ဝန်ထမ်းအိမ်ရာများနှင့် အဆောင်များတွင် အရာထမ်း၊ အမှုထမ်းများ ပြန်လည်နေထိုင်နေမှုအခြေအနေကို ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်းသည် ဒုတိယဝန်ကြီး ဦးရဲတင့်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ပိဋကသုံးပုံ အဋ္ဌကထာ ကွန်ပျူတာစာမူ ကျမ်းစာအုပ်များ လှူဒါန်း
ပုံနှိပ်ပြီးစီးသော ပိဋကသုံးပုံအဋ္ဌကထာကွန်ပျူတာစာမူ ကျမ်းစာအုပ်များ လှူဒါန်းပွဲကို ယနေ့နံနက် ၈ နာရီက မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး) မဟာဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
မိုးရာသီတွင် ဖြစ်ပွားလေ့ရှိသော သဘာဝဘေးအန္တရာယ်များနှင့် ကူးစက်ရောဂါများအတွက် ကျန်းမာရေးကဏ္ဍ ကြိုတင်ပြင်ဆင်လျက်ရှိ
မိုးရာသီကာလတွင် ဖြစ်ပွားလေ့ရှိသော သဘာဝဘေးအန္တရာယ်များနှင့် ကူးစက်ရောဂါများအတွက် ကျန်းမာရေးကဏ္ဍ ကြိုတင်ပြင်ဆင်မှုအစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း တက်ရောက်သည်။
ကျောင်းကုန်းမြို့နယ်၌ Football For School Program ဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်
ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းသည် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်အတွင်း Football For School Program ဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် မြို့မဘောလုံးကွင်းတွင် အားကစားသမားများအား သင်ကြားလေ့ကျင့်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း၏ ပဲခူးတိုင်းဒေသကြီး အစီရင်ခံစာထုတ်ပြန်
၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း၏ ပဲခူးတိုင်းဒေသကြီး အစီရင်ခံစာထုတ်ပြန်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။
