Skip to main content

ကျောက်ဆည်မြို့နယ်၌ ၂၀၂၆-၂၀၂၇ ခုနှစ်တွင် မိုးချည်မျှင်ရှည်ဝါ ၁၀၂၇ ဧက စိုက်ပျိုး

ကျောက်ဆည် ဩဂုတ်

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်၌ ၂၀၂၆-၂၀၂၇ ခုနှစ်တွင် မိုးချည်မျှင်ရှည်ဝါ ၁၀၂၇ ဧက စိုက်ပျိုးထားကြောင်းနှင့် ကျောက်ဆည်မြို့နယ်တွင် တိုက်နယ် ၁၂ ခုရှိပြီး မိုးချည်မျှင်ရှည်ဝါများကို တိုက်နယ် ၆ အတွင်းရှိ ကျေးရွာအုပ်စုများ၌ ၃၂ ဧက၊ တိုက်နယ် ၇ အတွင်းရှိ ကျေးရွာအုပ်စုများ၌ ၂၂ ဧက၊ တိုက်နယ် ၁၂ အတွင်းရှိ ကျေးရွာအုပ်စုများ၌ ၉၇၃ ဧက စိုက်ပျိုးထားကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။

ကျောက်ဆည်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝါစိုက်တောင်သူများ ဝါအထွက်နှုန်းကောင်းမွန်ရေး သွင်းအားစုနှင့် ကုန်ကျစရိတ်လျော့နည်းပြီး အရည်အသွေးမြင့်မား၍ အထွက်နှုန်းတိုးတက်ကောင်းမွန်သည့် ရေမြေဒေသနှင့်ကိုက်ညီသော မျိုးကောင်းမျိုးသန့်ချည်မျှင်ရှည်ဝါမျိုးများဖြစ်သည့် ရွှေတောင် (၁၀)၊ ရွှေတောင်(၈)နှင့် ငွေချည်(၆) ချည်မျှင်ရှည်ဝါများကို ရွေးချယ်စိုက်ပျိုးရေးကူညီပေးလျက်ရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)