ရန်ကုန် ဇူလိုင် ၂၅
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေး၊ စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်တို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(အရှေ့ ပိုင်း)မြို့နယ်ရှိ ဒဂုံတက္ကသိုလ်သို့ရောက်ရှိပြီး ဘွဲ့နှင်းသဘင်ရှိ အစည်းအဝေးခန်းမတွင် ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများကို တက္ကသိုလ်ဥပဓိရုပ်ကောင်းမွန်ရေး၊ သန့်ရှင်း သာယာရေး၊ တက္ကသိုလ်အင်္ဂါရပ်နှင့် ညီညွတ်စေရေးဆွေနွေးမှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တက္ကသိုလ်ဝင်းအတွင်း စိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာလှပရေးဆောင်ရွက်နေမှု၊ ရေစီးမြောင်းများတူးဖော်နေမှု၊ ငမိုးရိပ်ချောင်းသို့ ရေဖောက်ထုတ်နေမှု၊ ဒဂုံတက္ကသိုလ်ဘူတာ၊ ဒဂုံတက္ကသိုလ်၏ သင်ကြားရေးဇုန်၊ စီမံခန့်ခွဲရေးဇုန်၊ လူနေဇုန်၊ အားကစားဇုန်နှင့် စားသောက်ဆိုင်ခန်းများ၊ ပတ္တမြားအဝိုင်း ပြုပြင်ထိန်းသိမ်းမှု၊ ဘောလုံးအားကစားကွင်းများ ပြုပြင်ထိန်းသိမ်းနေမှု၊ ရေနုတ်မြောင်းများ ရေစီးရေလာကောင်း မွန်စေရေးဆောင်ရွက်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
သတင်းစဉ်
