Skip to main content

မင်းလှမြို့နယ်၌ ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ရေဝင်နစ်မြုပ်သည့် မလွန်ကျေးရွာအိမ်ထောင်စုများအား ကယ်ဆယ်ရေးအဖွဲ့များက ကူညီရွှေ့ပြောင်းပေး

အထက်မင်းလှ ဇူလိုင် ၁၃

မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ် မလွန်ကျေးရွာ၌ မြစ်ကမ်းနားအနီးတွင်‌ နေထိုင်ကြသည့် နေအိမ်များအတွင်းသို့ ဧရာဝတီမြစ်ရေ မြင့်တက်လာ၍ ရေများဝင်ရောက်လာသဖြင့် အိမ်ထောင်စု ၅၂ စုမှ လူဦးရေ ၁၉၃ ဦးတို့ကို ယနေ့နံနက်ပိုင်းတွင်ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားသည့် မလွန်ကျေးရွာရှိ စာကြောစာသင်တိုက်သို့ ရွှေပြောင်းပေးခဲ့သည်။  

ထိုသို့ အိမ်ထောင်စုများ ရွှေ့ပြောင်းရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအောင်၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်အမျိုး သမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မလွန်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းတို့က မြစ်ရေဝင်ရောက်နေသည့် အိမ်ထောင်စုဝင်များ၏ ပစ္စည်းများအား ရေလွတ်ရာသို့ ကူညီသယ်ဆောင်ပေးခြင်းများကို ဆောင်ရွက်ပေးလျက် ရှိသည်။

အဆိုပါမြစ်ရေဝင်ရောက်လာမှုကြောင့်‌ ရေ‌ဘေးသင့်အိမ်ထောင်စု ၅၂ စုအား တစ်အိမ်ထောင်လျှင် ဆန်တစ်ပြည်၊ စားသုံးဆီ၊ ဆီ ၅၀ ကျပ်သား၊ ခေါက်ဆွဲခြောက်ထုပ်များကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ငယ်ငယ်အောင်၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်‌‌ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများက ရေဘေးသင့်အိမ်ထောင်စုဝင်များ ထံထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ဇာဇာ (အထက်မင်းလှ)