ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က ပခုက္ကူစာပေဆု- ဝတ္ထုရှည် ပထမဆုရရှိသည့် စာရေးဆရာ မောင်ငြိမ်းမွန် (ချောင်းဦး) ၏ “စပါးတစ်ပြည် ပတ္တမြားတစ်ခြည်” စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။
ယင်းစာအုပ်တွင် အထက်အညာဒေသမှာ မြစ်ရေတင်စနစ်ကြောင့် စပါးအပါအဝင် တစ်နှစ်သုံးသီးစားစိုက်ပျိုးနိုင်ပြီး တောင်သူများ၏ဘဝ တိုးတက်လာစေရေးနှင့် ဒေသဖွံ့ဖြိုးရေးကို ဦးတည်ပြီး တောင်သူများနှင့် စိုက်ပျိုးရေးဝန်ထမ်းများ စိတ်တူကိုယ်တူ ပူးပေါင်းဆောင်ရွက် ကြပါက လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ အမှန်တကယ် ကူးပြောင်းနိုင်မှာဖြစ်ကြောင်း၊ ဝန်ထမ်းအချင်းချင်း၊ တောင်သူ လယ်သမားအချင်းချင်း အပြန်အလှန် ရိုင်းပင်းကူညီကြရုံမျှသာမက တောင်သူလယ်သမားများနှင့် ဝန်ထမ်းများကလည်း စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများရရှိရေးအတွက် ဟန်ချက်ညီညီ၊ တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်ကြပုံများကို ကျေးလက်နေ တောင်သူလယ်သမားများ၏ လူနေမှုဘဝများနှင့် ဝန်ထမ်းများ၏ ဘဝများကို မေတ္တာ၊ အကြင်နာ၊ စေတနာများနှင့် ထင်ဟပ်ပြီး ပီပြင်ပေါ်လွင်အောင် ရေးသားထားသည်။
အဆိုပါစာအုပ်ကို ရောင်းဈေးကျပ် ၂၅ဝဝ ဖြင့် အမှတ် ၅၂၉- ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းဈေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ ၀၉-၄၄၉၅၄၀၆၆၇)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ဝ၁-၈၂၄၉၀၃၁၊ ၀၁- ၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်