ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
သတင်းထုတ်ပြန်ချက်
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၈ ရက်
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၂၅ အရ ပါတီ ဆက်လက်တည်ထောင်မှတ်ပုံတင်ပေးပါရန် ကချင်အမျိုးသားကွန်ဂရက်ပါတီ [Kachin National Congress (KNC)] ၏ လျှောက်ထားချက်အပေါ် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ စိစစ်ပြန်ကြားချက်များအရ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၆ ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်းမရှိသောကြောင့်လည်းကောင်း၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီ (Democracy and Human Rights Party) ၏ လျှောက်ထားချက်အပေါ် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ စိစစ်ပြန်ကြားချက်များအရ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၅ ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်းမရှိသောကြောင့်လည်းကောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် စုံညီအစည်းအဝေး အမှတ်စဉ် (၁၂/၂၀၂၄) ဆုံးဖြတ်ချက်အရ ယင်းပါတီများ၏ ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားချက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယနေ့တွင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေပါ ပုံစံ(ဆ)ဖြင့် ငြင်းပယ်လိုက်ကြောင်းနှင့် ပါတီဆက်လက်တည်ထောင်မှတ်ပုံတင်ခွင့် လျှောက်ထားသည့် ကျန်အဖွဲ့များကိုလည်း စိစစ်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်အပ်ပါသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်