နေပြည်တော် ဇူလိုင် ၈
ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဦးတင်ဟုန်၊ ဦးသိန်းကိုကို၊ ဒေါ်သင်းသင်းနွဲ့၊ ဒေါ်ပြုံးပြုံးအေး တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် ရုံးခန်းအမှတ် (၁) ၌ ရုံးထိုင်၍ တရားမအထူးအယူခံမှုအမှတ် ၅၃/၂၀၂၃ (ရန်ကုန်)၊ ၂၁/၂၀၂၄ (ရန်ကုန်)၊ ၂၆/၂၀၂၄ (မန္တလေး)၊ ၂၉/၂၀၂၄ (မန္တလေး) နှင့် ၃၄/၂၀၂၄ (မန္တလေး) စုစုပေါင်း တရားမအထူးအယူခံမှု (၅) မှုတို့ကို စီရင်ချက်ချမှတ်သည်။
ထို့ပြင် တရားမအထူးအယူခံမှုအမှတ် ၂၇/၂၀၂၄ (ရန်ကုန်)၊ ၂၈/၂၀၂၄ (ရှမ်း)၊ ၃၂/၂၀၂၄ (ရှမ်း)၊ ၃၃/၂၀၂၄ (ရှမ်း) နှင့် ၃၅/၂၀၂၄ (ရန်ကုန်) စုစုပေါင်းတရားမအထူးအယူခံမှု (၅) မှုတို့ကို ရုံးထိုင်ကြားနာခဲ့ကြောင်း သိရသည်။
သတင်းစဉ်