နေပြည်တော် ဇူလိုင် ၇
ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း)ရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအားတွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းတွင် တောင်ငူမြို့ရှိ နယ်မြေခံသင်တန်းကျောင်း၌ပြုလုပ်ရာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကြည်သိုက်နှင့်အဖွဲ့ဝင်များ၊ ပြည်သူ့စစ်နှင့်နယ်ခြားတပ်များညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ်မင်းမင်းစိုးနှင့် တာဝန်ရှိသူများ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် ပြည်သူ့စစ်နှင့်နယ်ခြားတပ်များညွှန်ကြားရေးမှူးတို့က အမှာစကားများ အသီးသီးပြောကြားကြသည်။ ထို့နောက် ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။
ယင်းနောက် တိုင်းမှူး၊ ပြည်သူ့စစ်နှင့်နယ်ခြားတပ်များညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများသည် ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးစကားများပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်