ရန်ကုန် ဇူလိုင် ၇
၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့၊ အမြောက်တပ်ဖွဲ့နှင့် ဒုံးတပ်ဖွဲ့တို့၌ တာဝန်ထမ်းဆောင်လျက်ရှိသော တပ်ဖွဲ့ဝင်တို့၏ သားသမီးများ၊ အငြိမ်းစားတပ်ဖွဲ့ဝင်တို့၏ သားသမီးများ စုစုပေါင်း ၄၀ တို့အား Artillery Gummers Foundation မှ ဇူလိုင် ၆ ရက်တွင် ရန်ကုန်နယ်မြေခံတပ်ရင်း၌ ပညာရည်ချွန်ဆုပေးအပ်သည့် အခမ်းအနားကျင်းပသည်။
အခမ်းအနားသို့ ဖောင်ဒေးရှင်းအမှုဆောင်များ၊ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တပ်နယ်ရှိ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့၊ အမြောက်တပ်ဖွဲ့နှင့် ဒုံးတပ်ဖွဲ့တို့မှ တပ်မှူးများ၊ ဆုရရှိသူများ၏ မိဘများ တက်ရောက်ကြပြီး ပညာရည်ချွန်ဆုများကို ဖောင်ဒေးရှင်းနာယက၊ ဥက္ကဋ္ဌနှင့် အမှုဆောင်များက ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်