ရန်ကုန် ဇွန် ၂၅
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များမှ စက်သုံးဆီများအား အများပြည်သူဝယ်ယူဖြည့်တင်းရာတွင် သတ်မှတ်ရည်ညွှန်းဈေးနှုန်း၊ သတ်မှတ်စံချိန်စံညွှန်းအတိုင်း အရည်အသွေးနှင့် အခြင်အတွယ်ပြည့်မီမှန်ကန်စွာ ဝယ်ယူရရှိနိုင်ရေးအတွက် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန တိုင်းဒေသကြီးကြီးကြပ်စစ်ဆေးရေး အရာရှိရုံး (ရန်ကုန်တိုင်းဒေသကြီး)မှ Mobile Fuel Lab ယာဉ်အသုံးပြု၍ ရှောင်တခင်ဝင်ရောက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်