Skip to main content

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်၌ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၃/၂ဝ၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ရန်ကုန် ဇွန် ၂၅

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၃/၂ဝ၂၄) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက တိုက်ကြီးမြို့နယ်ရှိ နယ်မြေခံသင်တန်းကျောင်း၌ ကျင်းပသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး ထွန်းထွန်းဦး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ စစ်ဘက်နယ်ဘက်မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နယ်မြေခံသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးက သင်တန်းဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က သင်တန်းသားများအား အားပေးစကားပြောကြားပြီး ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။

ယင်းနောက် နယ်မြေခံသင်တန်းကျောင်းအုပ်ကြီးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သင်တန်းသားများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကြသည်။

အလားတူ ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ရှိ နယ်မြေခံသင်တန်းကျောင်း၌ ဖွင့်လှစ်သောပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၃/၂ဝ၂၄) ဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ နယ်မြေခံတပ်မှ ဗိုလ်မှူးကြီး ဇော်မျိုးထွဋ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဆန်းကျော်ဦး (ပြန်/ဆက်)