Skip to main content

နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း(အောင်ပန်း)၌ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းဖွင့်

နေပြည်တော် ဇွန် ၂၅

နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း (အောင်ပန်း)၌ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က ကျင်းပရာ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင် တက်ရောက်အမှာစကားပြောကြားသည်။

အဆိုပါ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းတွင် ဧည့်ကြိုသင်တန်း ၁၀ ဦး၊ အိပ်ခန်းဆောင်သင်တန်း ၁၀ ဦး၊ အစားအစာနှင့် အဖျော်ယမကာဝန်ဆောင်မှုသင်တန်း ၁၀ ဦး စုစုပေါင်းသင်တန်းသား သင်တန်းသူ ၃၀ ဖြင့် ဇွန် ၂၄ ရက်မှစ၍ စာတွေ့သုံးလနှင့် ဟိုတယ်များတွင် လုပ်ငန်းခွင်လက်တွေ့ သုံးလကြာဖွင့်လှစ်သင်ကြား ပို့ချသွားမည်ဖြစ်ပြီး နေထိုင်စားသောက်ရေးနှင့် သင်တန်းသုံးပစ္စည်းများ အခမဲ့ပံ့ပိုးပေးသွားမည်ဖြစ်သည်။

နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း (အောင်ပန်း) ၌ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းသား  သင်တန်းသူ ၇၀ ကို သင်ကြားလေ့ကျင့်မွေးထုတ်ပေးခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်