Skip to main content

လွိုင်ကော်မြို့၊ ဒေါတမရပ်ကွက်၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းရှိ ဆရာ/ဆရာမများအား ဆန်၊ ဆီ၊ ဆားနှင့် ကျောင်းသုံးစာရေးကိရိယာများပေးအပ်

နေပြည်တော် ဇွန် ၂၅

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဒေါတမရပ်ကွက်၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းရှိ ဆရာ၊ ဆရာမများအား တွေ့ဆုံ၍ ဆန်၊ ဆီ၊ ဆားနှင့် ကျောင်းသုံးစာရေးကိရိယာများ ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းရှိ သဇင်ဆောင်၌ ပြုလုပ်ရာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်မင်းလတ်နှင့် တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးက ဆန်၊ ဆီ၊ ဆားနှင့် ကျောင်းသုံးစာရေးကိရိယာများကို ထောက်ပံ့ပေးအပ်ရာ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများက လက်ခံရယူကြသည်။

ယင်းနောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ကျောင်းသား/ကျောင်းသူများ၏ ပညာသင်ကြားနေမှုများအား လိုက်လံကြည့်ရှုပြီး ကျောင်းသား/ကျောင်းသူများအား ရင်းရင်းနှီးနှီး အားပေးစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။