စစ်ကိုင်း ဇွန် ၂၅
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ (၂)နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း အသင်္ခယာခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူလေးများက “ပညာဘဏ်တိုက်စာကြည့်တိုက်သို့ သွားကြစို့” တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး စစ်ကိုင်းပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား/ ကျောင်းသူများက “ပန်းဉယာဉ်ဝယ်ဆိုကြကကြမယ်”သီချင်းဖြင့် သီဆိုဖျော်ဖြေပေးသည်။
ထို့နောက် စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ခင်စောလင်းက ပြိုင်ပွဲများကျင်းပခဲ့မှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး အထက်တန်းအဆင့်၊ အလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် ပုံပြောပြိုင်ပွဲများတွင် ပထမဆုရရှိကြသည့် ကျောင်းသား/ ကျောင်းသူလေးများက ပြန်လည်ဖျော်ဖြေပေးကြသည်။
ယင်းနောက် စစ်ကိုင်းတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ခင်စောလင်းက ဒိုင်အဖြစ်ပါဝင်ကူညီပေးခဲ့ကြသော ပန်းချီပညာရှင်များအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်သည်။
ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးအောင်၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးစိုးမြင့်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ခင်စောလင်းနှင့် တာဝန်ရှိသူများက ပြိုင်ပွဲအသီးသီးတွင် ဆုရရှိကြသည့် ကျောင်းသား/ ကျောင်းသူများအား ဆုများပေးအပ်ချီးမြှင့်ပြီး တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးစိုးသိုက်က ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းကြောင်း သိရသည်။
စစ်ကိုင်းခရိုင် (ပြန်/ဆက်)