Skip to main content

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှစ၍ လိုင်စင်မရှိဘဲ ဝင်ရောက်နေသည့် ကုမ္ပဏီများအား လုပ်ထုံးလုပ်နည်းအရ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ထပ်မံနှိုးဆော်အသိပေး

၁။ ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁ ရက်နေ့မှစတင်၍ သွင်းကုန်လိုင်စင်/ ပါမစ်ခွင့်ပြုချက်မရသေးဘဲ ဆိပ်ကမ်း၊ လေဆိပ်များသို့ သွင်းကုန် များ ကြိုတင်ရောက်ရှိကြောင်း စိစစ်တွေ့ရှိပါက ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူမည်ဖြစ်ကြောင်း ၂၀၂၄ ခုနှစ် မေ ၃၀ ရက် တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၏ ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သည့် သတင်းလွှာ ၃/၂၀၂၄ ဖြင့် ထုတ်ပြန်ထားသော်လည်း လိုက်နာဆောင်ရွက်မှုမရှိဘဲ ခွင့်ပြုချက်မရရှိသေးသည့် ကုန်ပစ္စည်းများကို ကြိုတင်တင်သွင်း ဆောင်ရွက်လျက်ရှိပါသည်။

၂။ သို့ဖြစ်ပါ၍ ထုတ်ပြန်ထားသော ဥပဒေနှင့် စည်းကမ်းများကို အလေးအနက်ထားလိုက်နာစေရန်ရည်ရွယ်၍ သွင်းကုန်လိုင်စင်/ ပါမစ်ခွင့်ပြုချက် တစ်စုံတစ်ရာမရရှိဘဲ ကုန်ပစ္စည်းများ ဆိပ်ကမ်းနှင့် လေဆိပ်များသို့ တင်သွင်းရောက်ရှိမှု မရှိစေရေးအတွက် ထပ်မံ နှိုးဆော်အသိပေးကြေညာအပ်ပါသည်။

ကုန်သွယ်ရေးဦးစီးဌာန

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန