Skip to main content

ရာဇဝတ်အထူးအယူခံမှု (၁) မှုနှင့် တရားမအထူးအယူခံမှု (၆)မှုတို့ကို စီရင်ချက်ချမှတ်ပြီးတရားမအထူးအယူခံမှု (၅)မှုတို့ကို ရုံးထိုင်ကြားနာ

နေပြည်တော် ဇွန် ၂၄

ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဒေါ်ခင်မေရီ၊ ဦးသိန်းကိုကို၊ ဒေါ်သင်းသင်းနွဲ့၊ ဒေါ်ပြုံးပြုံးအေးတို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် ရုံးခန်းအမှတ်(၁)၌ ရုံးထိုင်၍ ရာဇဝတ်အထူးအယူခံမှုအမှတ် ၄/၂၀၂၄ (တနင်္သာရီ)၊ တရားမအထူးအယူခံမှုအမှတ် ၆/၂၀၂၄(မန္တလေး)၊ ၁၈/၂၀၂၄(ရန်ကုန်)၊ ၂၀/၂၀၂၄ (ရန်ကုန်)၊ ၂၂/၂၀၂၄ (ဧရာဝတီ)၊ ၂၄/၂၀၂၄ (ရန်ကုန်) နှင့် ၂၅/၂၀၂၄ (မကွေး)၊ စုစုပေါင်း ရာဇဝတ်အထူးအယူခံမှု (၁)မှုနှင့် တရားမအထူးအယူခံမှု (၆)မှုတို့ကို စီရင်ချက်ချမှတ်သည်။

ထို့ပြင် တရားမအထူးအယူခံမှုအမှတ် ၅၃/၂၀၂၃ (ရန်ကုန်)၊ ၂၁/၂၀၂၄(ရန်ကုန်)၊ ၂၆/၂၀၂၄ (မန္တလေး)၊ ၂၉/၂၀၂၄ (မန္တလေး)နှင့် ၃၄/၂၀၂၄ (မန္တလေး) စုစုပေါင်း တရားမ အထူးအယူခံမှု (၅) မှု တို့ကို ရုံးထိုင်ကြားနာခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်