ရန်ကုန် အောက်တိုဘာ ၁၀
ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနကကြီးမှူး၍ ငါးလုပ်ငန်းဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် အနောက်ကြို့ကုန်းရှိ ငါးလုပ်ငန်းအတတ်သင်သိပ္ပံ (ကြို့ကုန်း) ၌ ငါးမျိုးစိတ်များ ခွဲခြားအမည်ပေးနည်းသင်တန်းကို အောက်တိုဘာ ၉ ရက်က အဆိုပါသင်တန်းကျောင်းခန်းမ၌ ဖွင့်လှစ်သည်။
အဆိုပါသင်တန်းတွင် ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဦးမြင့်ရွှေက သင်တန်းဖွင့်အမှာစကားပြောကြားပြီး ငါးလုပ်ငန်းအတတ်သင်သိပ္ပံ (ကြို့ကုန်း) သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းကိုကိုက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ ၃၀ တက်ရောက်ပြီး သင်တန်းကာလမှာ အောက်တိုဘာ ၁၁ ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်