Skip to main content

မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ်တွင် ငွေကျပ်သိန်း ၃,၇၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁ ဒသမ ၈ သိန်းနှင့် ဘိန်းဖြူ ၄ ဒသမ ၁၈ ကီလို ဖမ်းဆီးရမိ

နေပြည်တော် အောက်တိုဘာ ၁၀

မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ်တွင် ငွေကျပ်သိန်း ၃,၇၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁ ဒသမ ၈ သိန်းနှင့် ဘိန်းဖြူ ၄ ဒသမ ၁၈ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၅ ရက် နံနက် ၁၀ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် ဖော့တောလမ်းဆုံတွင် မန္တလေးမှဟိုပင်သို့ပြေးဆွဲသည့် ခရီးသည်တင်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်ပါခရီးသည် ကောင်းသန့်ကျော်နှင့် ခန့်ဇင်ဝင်းတို့ ၂ ဦး သယ်ဆောင်လာသည့် ငရုတ်သီးစိမ်းအိတ်များနှင့် ကွမ်းခြင်းအတွင်းတို့မှ ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၃,၇၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁ ဒသမ ၈ သိန်းနှင့် ဘိန်းဖြူ ၄ ဒသမ ၁၈ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်မှ ကချင်ပြည်နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အားဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

သတင်းစဉ်