၁။ ဆင်းကတ်များမှတ်ပုံတင်ရာတွင် ဖြည့်စွက်ရသည့်အမည်/နိုင်ငံသားစိစစ်ရေးကတ်အမှတ် စသည့်အချက်အလက်များကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ National Database အချက်အလက်များနှင့် တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းစဉ်ကို ဆောင်ရွက်လျက်ရှိပါသည်။
၂။ တိုက်ဆိုင်စစ်ဆေးပြီး အချက်အလက်မမှန်သော နိုင်ငံသားစိစစ်ရေးကတ်များဖြင့် မှတ်ပုံတင်ထားသော ဆင်းကတ်သုံးစွဲသူများထံ မှန်ကန်စွာ ပြန်လည်မှတ်ပုံတင်ရန် အသိပေးစာတို(SMS)များ ပေးပို့ခဲ့ပြီး ဖြစ်ပါသည်။ အသိပေးစာတို(SMS)များရရှိသည့် သုံးစွဲသူများ အနေဖြင့် နိုင်ငံသားစိစစ်ရေးကတ် အချက်အလက်အမှန်ဖြင့် အမြန်လာရောက်မှတ်ပုံတင်ကြပါရန်နှင့် ၂၀၂၃ ခုနှစ် အောက်တိုဘာလမကုန်မီ ပြန်လည်ပြင်ဆင်မှတ်ပုံတင်ခြင်းမရှိသော ဆင်းကတ်များအား အပြီးပိတ်သိမ်းသွားမည်ဖြစ်ပါသည်။
၃။ ထို့ကြောင့် ဆင်းကတ်သုံးစွဲသူ ပြည်သူများအနေဖြင့် မိမိတို့အသုံးပြုနေသော ဆင်းကတ်ပိတ်သိမ်းခံရမှု မရှိစေရေးအတွက် ပြန်လည်မှတ်ပုံတင်နိုင်ရန် အသိပေးစာတို (SMS) ရရှိပါက သက်ဆိုင်ရာမိုဘိုင်း အော်ပရေတာများ၏ အရောင်းဆိုင်များ၊ Application များ၊ Website တို့တွင် နိုင်ငံသားစိစစ်ရေးကတ်အချက်အလက်အမှန်ဖြင့် အမြန် ပြန်လည်မှတ်ပုံတင်ကြပါရန် ထပ်မံအသိပေး နှိုးဆော်အပ်ပါသည်။
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန